ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံမြို့တွင် ဇွန်လ(၂၁)ရက်နေ့က စိတ်ကြွဆေးပြား (၄)ပြားနှင့် အမျိုးသား တစ်ဦး ဖမ်းဆီးရမိပြီးနောက် ကွင်းဆက် ဖေါ်ထုတ်ချက်အရ နေအိမ်တစ်လုံးအား ထပ်မံရှာဖွေရာ စိတ်ကြွဆေးပြား (၄၇၈၀)ပြားနှင့် အမျိုးသားတစ်ဦးဖမ်းမိပြီး အမျိုးသမီးတစ်ဦး ထွက်ပြေး တိမ်းရှောင် သွားကြောင်း သိရသည်။
ဝင်းအေးအား မိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ)၃/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၆(၈)ဖြင့် အမှုဖွင့် စစ်ဆေးနေပြီးနောက် ကွင်းဆက်ဖေါ်ထုတ်ချက်အရ မူးယစ်တပ်ဖွဲ့စု(၂၉)မိုင်းဆတ်မှ ဒုရဲအုပ်ခွန်နောင် ဦးစီးအဖွဲ့၊ မိုင်းတုံစစ်ဗျူဟာအဖွဲ့မှ ဗိုလ်ကြီးဖြိုးထက် ဦးစီးအဖွဲ့၊ မိုင်းတုံမြို့မရဲစခန်းမှ ဒုရဲအုပ် စိုင်းစံမှိုင်း ဦးစီးအဖွဲ့နှင့် မိုင်းတုံ စရဖမှ တပ်ကြပ်ရန်ငြိမ်းတို့ ပါဝင်သော ပူးပေါင်းအဖွဲ့တို့သည် သက်သေများနှင့်အတူ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၁)ရက်နေ့ နံနက် (၉)နာရီ (၄၅)မိနစ်အချိန်တွင် မိုင်းတုံမြို့၊ မြို့မကွက်သစ်ရပ်ကွက်ရှိ အသက် (၄၈)နှစ်အရွယ် လားဟူမ(ခ) ဒေါ်နာပါး၏နေအိမ်အား ဝင်ရောက် ရှာဖွေရာ လားဟူမ(ခ) ဒေါ်နာပါးအား မတွေ့ရဘဲ ၎င်း၏ ခင်ပွန်းဖြစ်သူ အသက်(၅၃)နှစ်အရွယ် ကျဆော်အား တွေ့ရကြောင်း သိရသည်။
ဓါတ်ပုံ - ရဲတပ်ဖွဲ့
မိုင်းတုံမြို့၊ ဝမ်မိုင်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် မူးယစ်ဆေးဝါး ရောင်းချနေကြောင်း သတင်းအရ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၁)ရက်နေ့ နံနက် (၇)နာရီ (၁၅)မိနစ်တွင် ဝင်ရောက်ရှာဖွေရာ နေအိမ်ပိုင်ရှင် အသက် (၄၈)နှစ်အရွယ် ဝင်းအေးအား တွေ့ရပြီး နေအိမ်ခြံဝန်းအတွင်းမှ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၄)ပြားနှင့် မူးယစ်ဆေးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။
ဝင်းအေးအား မိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ)၃/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၆(၈)ဖြင့် အမှုဖွင့် စစ်ဆေးနပြေီးနောက် ကွင်းဆက်ဖော်ထုတ်ချက်အရ မူးယစ်တပ်ဖွဲ့စု(၂၉)မိုင်းဆတ်မှ ဒုရဲအုပ်ခွန်နောင် ဦးစီးအဖွဲ့၊ မိုင်းတုံစစ်ဗျူဟာအဖွဲ့မှ ဗိုလ်ကြီးဖြိုးထက် ဦးစီးအဖွဲ့၊ မိုင်းတုံမြို့မရဲစခန်းမှ ဒုရဲအုပ် စိုင်းစံမှိုင်း ဦးစီးအဖွဲ့နှင့် မိုင်းတုံ စရဖမှ တပ်ကြပ်ရန်ငြိမ်းတို့ ပါဝင်သော ပူးပေါင်းအဖွဲ့တို့သည် သက်သေများနှင့်အတူ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၁)ရက်နေ့ နံနက် (၉)နာရီ (၄၅)မိနစ်အချိန်တွင် မိုင်းတုံမြို့၊ မြို့မကွက်သစ်ရပ်ကွက်ရှိ အသက် (၄၈)နှစ်အရွယ် လားဟူမ(ခ) ဒေါ်နာပါး၏နေအိမ်အား ဝင်ရောက် ရှာဖွေရာ လားဟူမ(ခ) ဒေါ်နာပါးအား မတွေ့ရဘဲ၎င်း၏ ခင်ပွန်းဖြစ်သူ အသက်(၅၃)နှစ်အရွယ် ကျဆော်အား တွေ့ရကြောင်း သိရသည်။
နေအိမ်အတွင်း ဆက်လက်ရှာဖွေရာ WY စိတ်ကြွဆေးပြားစုစုပေါင်း (၄,၇၈၀)ပြား၊ မြန်မာကျပ်ငွေ စုစုပေါင်း (၆၀,ဝဝဝ)ကျပ်နှင့် ထိုင်းဘတ်ငွေ (၆၅,ဝဝဝ)တို့အား သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ကြောင်း သိရသည်။
ကျဆော်နှင့် ထွက်ပြေးတိမ်းရှောင်နေသည့် လားဟူမ(ခ)ဒေါ်နာပါးတို့အား မိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ)၄/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)/၂၁ ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။
သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့