ဝေဒနာရှင်များအား စာရင်းများအား ဇွန်လ(၂၄)ရက်နေ့ နံနက်ပိုင်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ တင်ပြရမည်ဖြစ်သည့်အတွက် ဇွန်လ(၂၃)ရက်နေ့ ည(၉)နာရီအချိန်အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများတွင် အမည်စာရင်း ပေးသွင်းရမည်ဖြစ်သည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်းရှိ တာချီလိတ်၊ တာလေ နှင့် ကျိုင်းလပ်မြို့၏ ရပ်ကွက်/ကျေးရွာများတွင် နေထိုင်သူများထဲမှ မျက်စိခွဲစိတ်ကုသရန် လိုအပ်သည့် ဝေဒနာရှင်များအား ကျိုင်းတုံအထွေထွေရောဂါကုဆေးရုံကြီးတွင် အခမဲ့ကုသပေးသွားမည် ဖြစ်သဖြင့် သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများထံ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၃)ရက်နေ့ ညပိုင်းအထိ နောက်ဆုံးထား စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
ေဝဒနာရှင်များအား စာရင်းများအား ဇွန်လ(၂၄)ရက်နေ့ နံနက်ပိုင်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ တင်ပြရမည်ဖြစ်သည့်အတွက် ဇွန်လ(၂၃)ရက်နေ့ ည(၉)နာရီအချိန်အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများတွင် အမည်စာရင်း ပေးသွင်းရမည်ဖြစ်သည်။
အလှူရှင်အဖွဲ့အစည်းတစ်ခုက ကုသိုလ်ဖြစ်ကုသပေးခြင်း လုပ်ဆောင်ပေးမည်ဖြစ်သဖြင့် လူနာများ အတွက် နေထိုင်၊ သွားလာ၊ စားသောက်စရိတ်များကို အလှူရှင်အဖွဲ့အစည်းက ကျခံပေးသွားမည် ဖြစ်ကြောင်း သိရသည်။