ခြင့္ျပဳခ်က္မယူဘဲ နယ္ေက်ာ္သယ္ေဆာင္လာသည့္ ခိုင္းႏြားအထီး (၂၂)ေကာင္အား မင္းဘူး - အမ္း ကားလမ္းတြင္ ဖမ္းမိ

ခြင့္ျပဳခ်က္မယူဘဲ နယ္ေက်ာ္သယ္ေဆာင္လာသည့္ ခိုင္းႏြားအထီး (၂၂)ေကာင္အား မင္းဘူး - အမ္း ကားလမ္းတြင္ ဖမ္းမိ
ဇွန် 23, 2018
By Tachileik News Agency

မင္းဘူးခရိုင္အတြင္း မင္းဘူး - အမ္းကားလမ္းတြင္ ခိုင္းႏြား အထီး(၂၂)ေကာင္အား တရားဝင္ခြင့္ျပဳမိန္႔ မပါရွိဘဲ နယ္ေက်ာ္သယ္ေဆာင္လာသူမ်ားကို မင္းဘူးခရုိင္ရဲတပ္ဖြဲ႔ နွင့္ ပဒါန္းရဲကင္းစခန္းမွ ရဲတပ္ဖြဲ႔ဝင္မ်ား ပူးေပါင္းအဖြဲ႔ျဖင့္ ၂၀၁၈ ခုနွစ္၊ ဇြန္လ(၂၂)ရက္ေန႔တြင္ ဖမ္းဆီးရမိေၾကာင္း သိရသည္။

စုစုေပါင္းတန္ဖိုးက်ပ္(၁၇၆)သိန္းရွိ ခိုင္းႏြားထီး (၂၂)ေကာင္အား မင္းဘူး-အမ္း ကားလမ္းအတို္င္း ယာဥ္ေမာင္း စိုးကုိကို ေမာင္းနွင္၍ ေငြသိန္း၊ ေဇာ္လင္းဦး၊ ခင္ေမာင္ထူးတုိ႔ လုိက္ပါလာေသာ ေမာ္ေတာ္ယာဥ္နွင့္ သယ္ေဆာင္လာကာ ေရွ႕ေျပးအေနျဖင့္ ေမာင္လွဦးနွင့္ ခ်မ္းေအးတုိ႔က ဆုိင္ကယ္ႏွစ္စီးျဖင့္ ေမာင္းႏွင္လာျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါအဖြဲ႕အား မင္းဘူးခရုိင္ရဲတပ္ဖြဲ႔ နွင့္ ပဒါန္းရဲကင္းစခန္းမွ ရဲတပ္ဖြဲ႔ ဝင္မ်ားပူးေပါင္းအဖြဲ႔က မင္းဘူး-အမ္းကားလမ္းရွိ ဆယ္စုသစ္ စက္သံုးဆီေရာင္းဝယ္ေရးဆုိင္ေရွ႕၌ သတင္းအရ ေစာင့္ဆုိင္း ဖမ္းဆီးႏုိင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သယ္ေဆာင္လာေသာ ႏြားမ်ားကို တရားဝင္ သယ္ေဆာင္ခြင့္ ေတာင္းခံထားျခင္း မရိွေၾကာင္း စစ္ေဆး သိရိွရသျဖင့္ သယ္ေဆာင္လာသူ (၆)ဦးကို ငဖဲၿမိဳ႕မရဲစခန္းတြင္ (ပ)၃၈/၂၀၁၈၊ အေရးႀကီးကုန္စည္ ႏွင့္ဝန္ေဆာင္မႈလုပ္ငန္း ဥပေဒပုဒ္မ ၅ အရ အမႈဖြင့္ထားေၾကာင္း သိရသည္။

ကၽြဲႏြားမ်ားအား တရားဝင္တင္ပို႔ခြင့္ကို စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက ၂၀၁၇ ခုႏွစ္၊ ေအာက္တိုဘာလ (၉)ရက္ေန႔ကတည္းက ခြင့္ျပဳထားၿပီးျဖစ္သည္။

သတင္း - ဖီးနစ္
ဓာတ္ပံု - ရဲစခန္း


~~~~~~~~⊰❂ unicode ~~~~~~~~

မင်းဘူးခရိုင်အတွင်း မင်းဘူး - အမ်းကားလမ်းတွင် ခိုင်းနွား အထီး(၂၂)ကောင်အား တရားဝင်ခွင့်ပြုမိန့် မပါရှိဘဲ နယ်ကျော်သယ်ဆောင်လာသူများကို မင်းဘူးခရိုင်ရဲတပ်ဖွဲ့ နှင့် ပဒါန်းရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့ဖြင့် ၂၀၁၈ ခုနှစ်၊ ဇွန်လ(၂၂)ရက်နေ့တွင် ဖမ်းဆီးရမိကြောင်း သိရသည်။

စုစုပေါင်းတန်ဖိုးကျပ်(၁၇၆)သိန်းရှိ ခိုင်းနွားထီး (၂၂)ကောင်အား မင်းဘူး-အမ်း ကားလမ်းအတို်င်း ယာဉ်မောင်း စိုးကိုကို မောင်းနှင်၍ ငွေသိန်း၊ ဇော်လင်းဦး၊ ခင်မောင်ထူးတို့ လိုက်ပါလာသော မော်တော်ယာဉ်နှင့် သယ်ဆောင်လာကာ ရှေ့ပြေးအနဖြေင့် မောင်လှဦးနှင့် ချမ်းအေးတို့က ဆိုင်ကယ်နှစ်စီးဖြင့် မောင်းနှင်လာခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအဖွဲ့အား မင်းဘူးခရိုင်ရဲတပ်ဖွဲ့ နှင့် ပဒါန်းရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ ဝင်များပူးပေါင်းအဖွဲ့က မင်းဘူး-အမ်းကားလမ်းရှိ ဆယ်စုသစ် စက်သုံးဆီရောင်းဝယ်ရေးဆိုင်ရှေ့၌ သတင်းအရ စောင့်ဆိုင်း ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သယ်ဆောင်လာသော နွားများကို တရားဝင် သယ်ဆောင်ခွင့် တောင်းခံထားခြင်း မရှိကြောင်း စစ်ဆေး သိရှိရသဖြင့် သယ်ဆောင်လာသူ (၆)ဦးကို ငဖဲမြို့မရဲစခန်းတွင် (ပ)၃၈/၂၀၁၈၊ အရေးကြီးကုန်စည် နှင့်ဝန်ဆောင်မှုလုပ်ငန်း ဥပဒေပုဒ်မ ၅ အရ အမှုဖွင့်ထားကြောင်း သိရသည်။

ကျွဲနွားများအား တရားဝင်တင်ပို့ခွင့်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ (၉)ရက်နေ့ကတည်းက ခွင့်ပြုထားပြီးဖြစ်သည်။

သတင်း - ဖီးနစ်
ဓာတ်ပုံ - ရဲစခန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~