ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စု၊ ပန်ဆွန်ရွာလမ်းမဘေးတွင် ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၃)ရက်နေ့ နံနက် (၅)နာရီခွဲဝန်းကျင်တွင် မူးယစ်ဆေးသုံးစွဲနေသည့် လူငယ်တစ်ဦးထံက WY စိတ်ကြွဆေးပြား (၂၂) ပြားအား ဖမ်းဆီးရမိကြောင်း သိရသည်။
ဓါတ်ပုံ - ရဲတပ်ဖွဲ့
ပန်ဆွန်ရွာလမ်းမဘေးတွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူများရှိကြောင်း သတင်းအရ ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့(မှု/ကူ)မှ တပ်ဖွဲ့ဝင်များ၊ စရဖမှ တပ်ဖွဲ့ဝင်များသည် သက်သေများ ပါဝင်သည့် ပူးပေါင်းအဖွဲ့နှင့် အတူ သွားရောက်ရှာဖွေရာ အသက်(၂၅)နှစ်အရွယ် ချစ်ကိုကိုဆိုသူအား တွေ့ရပြီး၎င်းက စိတ်ကြွဆေးပြား (၂၂)ပြားကို ရဲတပ်ဖွဲ့သို့ အပ်နှံခြင်းဖြစ်ကြောင်း သိရသည်။
၎င်းသည် စိတ်ကြွဆေးပြား (၂၅)ပြားဝယ်လာပြီး သုံးစွဲနေစဉ် ရဲတပ်ဖွဲ့က ဖမ်းဆီးမိခြင်းဖြစ်ကြောင်း သိရသည်။
ချစ်ကိုကိုအား ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ) ၁၀၀/၂၀၁၈၊ မူး/စိတ် ၁၆(၈)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့