တာချီလိတ်ခရိုင် ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး၌ ဆေးဝါးကုသနေသူများအား အပတ်စဉ် စနေ နှင့် တနင်္ဂနွေနေ့များတွင် အာဟာရများ ပေးဝေလှူဒါန်းသွားမည့် စုပေါင်းအာဟာရစေတနာရှင်များက ပထမဆုံးအကြိမ် အဖြစ် ၂၀၁၈ခုနှစ် ဇွန်လ(၂၄)ရက်နေ့ တနင်္ဂနွေနေ့ နံနက်ပိုင်းက ဆန်ပြုတ်စတင် လှူဒါန်းကြောင်း သိရသည်။
"ကျွန်တော်တို့ တနင်္ဂနွေနေ့ ကြတော့ ဆန်ပြုတ် ပုံမှန်လှူသွားမယ်၊ စနေနေ့တော့ ခေါက်ဆွဲကြော်၊ ကြာဆံကြော်၊ ကြက်ဆီထမင်း၊ ထမင်းဆီဆမ်း၊ ပဲနို့ရည်နဲ့အီကြာကွေး အဆင်ပြေတာ တစ်ခုခု လှူဒါန်းဖို့ စီစဉ်ထားပါတယ်၊ အခုလို စတင်လှူဒါန်းတာကတော့ ဆေးရုံမှာ အစဉ်အလာလည်းဖြစ်အောင်ရယ်၊ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့ရဲ့ နံနက်တိုင်းမှာ နံနက်စာအတွက်လည်း ဖြစ်အောင်ပါ"ဟု စုပေါင်းအာဟာရ စေတနာရှင်များတွင် ပါဝင်သည့် Top Mobile မှ ကိုဆန်းမင်းဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ပထမဆုံးနေ့တွင် လူဦးရေ (၂၀၀)အတွက် စုပေါင်းကာ ဘတ်(၂၅၀၀)ဖြင့် ဆန်ပြုတ် ကျိုချက်ထားသော်လည်း တကယ်တမ်း ပေးဝေသည့် အခါတွင် မလောက်၍ နောက်အပတ်တွင် လူဦးရေ (၃၀၀)စာ အတွက် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
စုပေါင်းအာဟာရစေတနာရှင်များ အနေဖြင့် တာချီလိတ်ခရိုင် ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးရှိ လူနာများ၊ လူနာစောင့်များ နှင့် ဆေးရုံမှ အချိန်ပိုင်း တာဝန်ကျ ဆရာ/မများ အတွက် အပတ်စဉ် စနေ နှင့် တနင်္ဂနွေနေ့များတွင် အာဟာရများ ပေးဝေလှူဒါန်းရန်အတွက် စီစဉ်ထားရှိသည်ဖြစ်ရာ အခြားသော စေတနာရှင်များ အနေဖြင့်လည်း ပါဝင်လှူဒါန်းလို၍ ဖြစ်စေ၊ မွေးနေ့အလှူအဖြစ် လှူဒါန်းလို၍ ဖြစ်စေ မအားမလပ်ပါက စုပေါင်းအာဟာရစေတနာရှင်များတွင် ပါဝင်သည့် တာချီလိတ်မြို့ အထက(တာချီလိတ်)ကျောင်းရှိရှေ့ Top Mobile ဖုန်းဆိုင်မှ ကိုဆန်းမင်းဦးထံ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရှိရသည်။
ဓါတ်ပုံ - SMO
"ကျွန်တော်တို့ တနင်္ဂေနွနေ့ ကြတော့ ဆန်ပြုတ် ပုံမှန်လှူသွားမယ်၊ စနေနေ့တော့ ခေါက်ဆွဲကြော်၊ ကြာဆံကြော်၊ ကြက်ဆီထမင်း၊ ထမင်းဆီဆမ်း၊ ပဲနို့ရည်နဲ့အီကြာကွေး အဆင်ပြေတာ တစ်ခုခု လှူဒါန်းဖို့ စီစဉ်ထားပါတယ်၊ အခုလို စတင်လှူဒါန်းတာကတော့ ဆေးရုံမှာ အစဉ်အလာလည်းဖြစ်အောင်ရယ်၊ အပတ်စဉ် စနေ၊ တနင်္ဂေနွနေ့ရဲ့ နံနက်တိုင်းမှာ နံနက်စာအတွက်လည်း ဖြစ်အောင်ပါ"ဟု စုပေါင်းအာဟာရ စေတနာရှင်များတွင် ပါဝင်သည့် Top Mobile မှ ကိုဆန်းမင်းဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ပထမဆုံးနေ့တွင် လူဦးရေ (၂၀၀)အတွက် စုပေါင်းကာ ဘတ်(၂၅၀၀)ဖြင့် ဆန်ပြုတ် ကျိုချက်ထားသော်လည်း တကယ်တမ်း ပေးေဝသည့် အခါတွင် မလောက်၍ နောက်အပတ်တွင် လူဦးရေ (၃၀၀)စာ အတွက် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ ဆန်ပြုတ်ကို လူမျိုး ဘာသာမရွေး စားသုံးနိုင်ရန် ချက်ပြုတ်ထားတာပါ၊ ပထမအကြိမ် ဆိုတော့ လူဦးရေ (၂၀၀)အတွက် လုပ်တာ တကယ်တမ်း မလောက်ဘူးဖြစ်နေတော့ နောက်အပတ်မှာ ဘတ်(၃၅၀၀)ဖိုးစာလောက် လူဦးရေ (၃၀၀)စာ လုပ်ဖို့ စီစဉ်ထားပါတယ်၊ ပန်းကန်မရှိတဲ့ သူတွေအတွက်လည်း ပန်းကန်နဲ့ဇွန်းပါ တခါတည်း ပေးပါတယ်၊"ဟု ကိုဆန်းမင်းဦးက ပြောသည်။
စုပေါင်းအာဟာရစေတနာရှင်များ အနဖြေင့် တာချီလိတ်ခရိုင် ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးရှိ လူနာများ၊ လူနာစောင့်များ နှင့် ဆေးရုံမှ အချိန်ပိုင်း တာဝန်ကျ ဆရာ/မများ အတွက် အပတ်စဉ် စနေ နှင့် တနင်္ဂေနွနေ့များတွင် အာဟာရများ ပေးေဝလှူဒါန်းရန်အတွက် စီစဉ်ထားရှိသည်ဖြစ်ရာ အခြားသော စေတနာရှင်များ အနဖြေင့်လည်း ပါဝင်လှူဒါန်းလို၍ ဖြစ်စေ၊ မွေးနေ့အလှူအဖြစ် လှူဒါန်းလို၍ ဖြစ်စေ မအားမလပ်ပါက စုပေါင်းအာဟာရစေတနာရှင်များတွင် ပါဝင်သည့် တာချီလိတ်မြို့ အထက(တာချီလိတ်)ကျောင်းရှိရှေ့ Top Mobile ဖုန်းဆိုင်မှ ကိုဆန်းမင်းဦးထံ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရှိရသည်။
ဓာတ်ပုံ - SMO