ထိုင်း - မြန်မာ နယ်စပ် မယ်ဆိုင်မြို့ရှိ လှိုဏ်ဂူအတွင်း ကျောင်းသား(၁၁)ဦး နှင့် နည်းပြ(၁)ဦး ၀င်ရောက်သွားရာမှ ပြန်မထွက်လာ၍ ကယ်ဆယ်ရေးအဖွဲ့မှ ရှာဖွေနေ

ထိုင်း - မြန်မာ နယ်စပ် မယ်ဆိုင်မြို့ရှိ လှိုဏ်ဂူအတွင်း ကျောင်းသား(၁၁)ဦး နှင့် နည်းပြ(၁)ဦး ၀င်ရောက်သွားရာမှ ပြန်မထွက်လာ၍ ကယ်ဆယ်ရေးအဖွဲ့မှ ရှာဖွေနေ
ဇှနျ 24, 2018
By Tachileik News Agency


"အခုလောလောဆယ်တော့ မြို့နယ်၊ ရဲ၊ စစ်တပ်နဲ့ မီးသတ်၊ ကယ်ဆယ်ရေးအဖွဲ့တွေ ရှာဖွေနေဆဲပဲ၊ ကျွန်တော့်ဆီကို ထိုင်းရဲဘက်က စာရင်းပို့လာပေးတာတော့ ကျောင်းသား(၁၁)ဦး နဲ့ နည်းပြ(၁)ဦး စုစုပေါင်း (၁၂)ဦးပါ၊  ဂူက ဘယ်လောက်ရှည်လဲဆိုတာတော့ မခန့်မှန်းတတ်ဘူး၊ အခြေအနေကတော့ လက်ရှိမှာ ဘာမှ မထူးသေးပါဘူး၊ ကြိုးစားရှာဖွေနေကြဆဲပဲ ရှိပါသေးတယ်"ဟု တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ မြန်မာ - ထိုင်း ဆက်ဆံရေးတာဝန်ခံ ဦးထွန်း(မယ်ဆိုင်)က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဂူထဲသို့ ၀င်ရောက်သွားကြသူ (၁၂)ဦးတွင် အသက်အကြီးဆုံးအနေဖြင့် (၂၅)နှစ်အရွယ် မှ  အသက် (၁၁)နှစ်အရွယ်အထိ ပါဝင်ကြောင်း သိရသည်။


သတင်း - #ကိုဇောင်း
Photo:  kaokrai.com ၊ สถานีตำรวจภูธร แม่สาย




~~~~~~~~⊰❂ unicode ~~~~~~~~


ထိုင်း - မြန်မာ နယ်စပ်၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ပြင် ထပ့်လုံ ခွန်နမ့်ရေထွက်အနီး လှိုဏ်ဂူအတွင်းသို့ ၂၀၁၈ခုနှစ် ဇွန်လ(၂၃)ရက်နေ့ နေ့လယ်ပိုင်းက ဝင်ရောက်သွားသည့် မယ်ဆိုင်မြို့၏ ကျောင်းပေါင်းစုံမှ ဘောလုံး အားကစားသမား ကျောင်းသား (၁၁)ဦး နှင့် နည်းပြ(၁)ဦးတို့မှာ ဂူအတွင်းမှ ပြန်လည်ထွက်လာခြင်း မရှိသေးသည့် အတွက် ဇွန်လ(၂၄)ရက်နေ့ နေ့လယ်(၁၂)နာရီကျော်အထိ မယ်ဆိုင် ကယ်ဆယ်ရေး အဖွဲ့များဖြင့် ရှာဖွေနေလျက်ရှိကြောင်း သိရသည်။

"အခုလောလောဆယ်တော့ မြို့နယ်၊ ရဲ၊ စစ်တပ်နဲ့ မီးသတ်၊ ကယ်ဆယ်ရေးအဖွဲ့တွေ ရှာဖွေနေဆဲပဲ၊ ကျွန်တော့်ဆီကို ထိုင်းရဲဘက်က စာရင်းပို့လာပေးတာတော့ ကျောင်းသား(၁၁)ဦး နဲ့ နည်းပြ(၁)ဦး စုစုပေါင်း (၁၂)ဦးပါ၊ ဂူက ဘယ်လောက်ရှည်လဲဆိုတာတော့ မခန့်မှန်းတတ်ဘူး၊ အခြေအနေကတော့ လက်ရှိမှာ ဘာမှ မထူးသေးပါဘူး၊ ကြိုးစားရှာဖွေနကြေဆဲပဲ ရှိပါသေးတယ်"ဟု တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ မြန်မာ - ထိုင်း ဆက်ဆံရေးတာဝန်ခံ ဦးထွန်း(မယ်ဆိုင်)က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဂူထဲသို့ ဝင်ရောက်သွားကြသူ (၁၂)ဦးတွင် အသက်အကြီးဆုံးအနဖြေင့် (၂၅)နှစ်အရွယ် မှ အသက် (၁၁)နှစ်အရွယ်အထိ ပါဝင်ကြောင်း သိရသည်။

လှိုဏ်ဂူအတွင်း ဝင်ရောက်သွားသူများအား မယ်ဆိုင်မြို့ရှိ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဘက်ပေါင်းစုံ ကယ်ဆယ်ရေးအဖွဲ့အစည်းများမှ ထိုင်းစံတော်ချိန် နေ့လယ်(၁)နာရီအချိန်အထိ ဆက်လက် ရှာဖွေနေလျက်ရှိကြောင်း သိရှိရသည်။

သတင်း - #ကိုဇောင်း
Photo: kaokrai.com၊ สถานีตำรวจภูธร แม่สาย

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~