ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့တွင် မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ဖြင့် ကျင်းပသည့် အားကစားပြိုင်ပွဲများကို ၂၀၁၈ ခုနှစ် ဇွန်လ(၂၃)ရက်နေ့နှင့် (၂၄)ရက်နေ့များတွင် ကျင်းပနေကြောင်း သိရသည်။
မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (TSDP - Township Sports Development Program) ဖြင့် မြို့နယ်များအလိုက် အားကစားပြိုင်ပွဲများကို ကျင်းပနေခြင်းဖြစ်သည်။
ဓါတ်ပုံ - DrMH
အဆိုပါ အားကစားပြိုင်ပွဲများ၏ ဖွင့်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း တက်ရောက်ပြီး ဘောလုံး၊ စားပွဲတင်တင်းနစ်၊ ပိုက်ကျော်ခြင်း၊ မီနီမာရသွန် အားကစားပြိုင်ပွဲများ၌ စုစုပေါင်း ယှဉ်ပြိုင်သူဦးရေ (၄၇၀)ဦး ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (TSDP - Township Sports Development Program) ဖြင့် မြို့နယ်များအလိုက် အားကစားပြိုင်ပွဲများကို ကျင်းပနခြေင်းဖြစ်သည်။
ဓာတ်ပုံ - DrMH