ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ က်ဳိင္းတံုခရိုင္၊ မိုင္းပ်ဥ္းၿမိဳ႕နယ္၊ ထမ္ယန္းအုပ္စု၊ ပါကြဲေက်းရြာတြင္ ေတာင္ယာထဲ ၾကြက္ပစ္ရန္ ျပင္ဆင္ေနသည့္ အမ်ိဳးသားတစ္ဦး မိမိကိုယ္ကို တူမီးေသနတ္ျဖင့္ ပစ္ခတ္မိ၍ ေဆးရံုတြင္ ကုသမႈခံယူရင္း ေသဆံုးသြားေၾကာင္း သိရသည္။
ပါကြဲေက်းရြာေန အသက္ (၅၀)အရြယ္ ဦးဖိုးမစ္သည္ ၂၀၁၈ ခုႏွစ္၊ ဇြန္လ (၂၀)ရက္ေန႔က ေတာင္ယာတဲတြင္ ၾကြက္ပစ္ရန္ အရွည္တစ္ေပခန္႔ရိွသည့္ တူမီးေသနတ္တိုကို ေပါင္ေပၚတင္ထားစဥ္ ေပါက္ကြဲမႈျဖစ္ကာ ဝဲဘက္ေပါင္တြင္ ဒဏ္ရာရသြားျခင္းျဖစ္ေၾကာင္း သိရၿပီး ၎အား ဇြန္လ (၂၂)ရက္ေန႔ နံနက္(၁)နာရီအခ်ိန္၌ မိုင္းပ်ဥ္းေဆးရံုမွ က်ိဳင္းတံုေဆးရံုသို႔ လႊဲေျပာင္းပို႔အပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ဦးဖိုးမစ္သည္ ရရိွသည့္ဒဏ္ရာျဖင့္ ေသဆံုးသြားသျဖင့္ ဇြန္လ (၂၃)ရက္ေန႔တြင္ မိုင္းပ်ဥ္းၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္းအမွတ္စဥ္ (၁/၂၀၁၈)ျဖင့္ အမႈဖြင့္ထားျခင္းျဖစ္ေၾကာင္း သိရသည္။
သတင္း - ၿငိမ္းခ်မ္း(ျပည္)
ပါကွဲကျေးရွာနေ အသက် (၅၀)အရွယ် ဦးဖိုးမစ်သည် ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၀)ရက်နေ့က တောင်ယာတဲတွင် ကြွက်ပစ်ရန် အရှည်တစ်ပေခန့်ရှိသည့် တူမီးသေနတ်တိုကို ပေါင်ပေါ်တင်ထားစဉ် ပေါက်ကွဲမှုဖြစ်ကာ ဝဲဘက်ပေါင်တွင် ဒဏ်ရာရသွားခြင်းဖြစ်ကြောင်း သိရပြီး၎င်းအား ဇွန်လ (၂၂)ရက်နေ့ နံနက်(၁)နာရီအချိန်၌ မိုင်းပျဉ်းဆေးရုံမှ ကျိုင်းတုံဆေးရုံသို့ လွှဲပြောင်းပို့အပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဦးဖိုးမစ်သည် ရရှိသည့်ဒဏ်ရာဖြင့် သေဆုံးသွားသဖြင့် ဇွန်လ (၂၃)ရက်နေ့တွင် မိုင်းပျဉ်းမြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် (၁/၂၀၁၈)ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ငြိမ်းချမ်း(ပြည်)