ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့လယ်ရှိ စုပေါင်းရုံးဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ဆောက်လုပ်ရေး ဝန်ထမ်းတစ်ဦး၏ လက်ပ်တော့တစ်လုံး စတိုခန်းအတွင်းမှ ခိုးယူခံလိုက်ရကြောင်း သိရသည်။
ဓါတ်ပုံ - ရဲတပ်ဖွဲ့
တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေးတွင် စုပေါင်းရုံးဆောက်လက်စ အဆောက်အဦဝန်းတွင် နေထိုင်သည့် ဆောက်လုပ်ရေးဝန်ထမ်းတစ်ဦးက ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၂)ရက်နေ့တွင်၎င်းပိုင် HP ငွေရောင်လက်ပ်တော့အား စုပေါင်းရုံးဆောက်လက်စ စတိုခန်းအတွင်းထားရှိကာ အိပ်ဆောင်သို့ ပြန်လာခဲ့ပြီးနောက် ဇွန်လ (၂၃)ရက်နေ့ နံနက် (၉)နာရီ စတိုခန်းအတွင်း မတွေ့ရတော့ခြင်း ဖြစ်ကြောင်း သိရသည်။
စတိုခန်းအတွင်း စစ်ဆေးရာ ပြတင်းတံခါး ပွင့်နေသည်ကိုတွေ့ရပြီး လက်ပ်တော့အား မတွေ့ရသဖြင့် တာချီလိတ်မြို့မရဲစခန်းသို့ တိုင်ကြားခဲ့ရာ မြို့မရဲစခန်းတွင် (ပ)၂၀၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့