မုိင္းပ်ဥ္းၿမိဳ႕နယ္ ပါထားရြာမွ ကၽြဲ (၇)ေကာင္ကို (၅)လအၾကာ ခိုးယူထားသူအား အေရးယူေပးရန္ ျပည္သူ႔စစ္ေခါင္းေဆာင္ လာေရာက္ တုိင္ၾကား

မုိင္းပ်ဥ္းၿမိဳ႕နယ္ ပါထားရြာမွ ကၽြဲ (၇)ေကာင္ကို (၅)လအၾကာ ခိုးယူထားသူအား အေရးယူေပးရန္ ျပည္သူ႔စစ္ေခါင္းေဆာင္ လာေရာက္ တုိင္ၾကား
ဇွန် 24, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ က်ဳိင္းတံုခရိုင္၊ မိုင္းပ်ဥ္းၿမိဳ႕နယ္၊ တံုတာၿမိဳ႕၊ ပါထားရြာမွ ကၽြဲ (၇)ေကာင္အား (၅)လၾကာ ခိုးယူထားသူကို အေရးယူေပးရန္ ေနာက္ကြဲေက်းရြာ ျပည္သူ႔စစ္ေခါင္းေဆာင္ျဖစ္သူ မုိင္းပ်ဥ္းၿမိဳ႕နယ္ ျပည္ေထာင္စုႀကံ႕ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ အလုပ္အမႈေဆာင္အဖြဲ႕ဝင္က တုိင္ၾကား ထားေၾကာင္း သိရသည္။

ကၽြဲပိုင္ရွင္သံုးဦးက ျမန္မာစကား မေျပာတတ္ျခင္း၊ ေငြေၾကးကုန္က်မည္ကို ေၾကာက္ျခင္း၊ ၿခိမ္းေျခာက္သည့္ လူမ်ားရိွေနျခင္း တို႔ေၾကာင့္ ရဲစခန္းတြင္ အမႈ မဖြင့္ရဲဘဲ ျဖစ္ေနသည့္ အျပင္ အဆိုပါ ကၽြဲမ်ားအား ျပည္သူ႔စစ္ ေခါင္းေဆာင္ႏွင့္ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးတုိ႔ ပူးေပါင္း၍ ခိုးယူေရာင္းစားသည္ဟု ေဒသခံမ်ားက စြပ္စြဲ ေျပာဆိုေနျခင္းမ်ားရိွသျဖင့္  ျပည္သူ႔စစ္ေခါင္းေဆာင္ျဖစ္သူ ဦးေယာဘ ကိုယ္တိုင္က ရဲစခန္းသို႔ လာေရာက္ တုိင္ၾကားေပးျခင္းျဖစ္ေၾကာင္း သိရသည္။

ေနာင္ကြဲေက်းရြာအုပ္စု၊ တံုတာၿမိဳ႕ ပါထားရြာမွ ဦးယားစီး၏ ကၽြဲႏွစ္ေကာင္၊ ဦးက်အူ၏ ကၽြဲသံုးေကာင္၊ ဦးက်က်ိဳတိပိုင္ ကၽြဲႏွစ္ေကာင္၊ စုစုေပါင္း ကၽြဲ(၇)ေကာင္မွာ ပန္ပ်ဥ္ရြာလယ္ကြင္းျပင္တြင္ လႊတ္ေက်ာင္းထားရာမွ ၂၀၁၈ ခုႏွစ္၊ ေဖေဖၚဝါရီလ (၄)ရက္ေန႔တြင္ ေပ်ာက္ဆံုးသြားျခင္းျဖစ္ၿပီး အနီးဝန္းက်င္တြင္ ေမးျမန္းရွာေဖြခဲ့ရာ ၂၀၁၈ ခုႏွစ္၊ ဇြန္လ (၁၉)ရက္ေန႔က အဆိုပါ ေပ်ာက္ဆံုးေနသည့္ ကၽြဲမ်ားအား ဖါေဝါေက်းရြာအုပ္စု၊ ပူလြန္းရြာတြင္ေတြ႔ရေၾကာင္း ဖါေဝါေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴး ဦးလီေဆာ္ႏွင့္ ဝါးခိုရြာသူႀကီး ဦးက်ဘတို႔က ကၽြဲပိုင္ရွင္မ်ားထံ  ဖုန္းဆက္အေၾကာင္းၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ကၽြဲပိုင္ရွင္ ဦးက်အူႏွင့္ ဦးက်က်ိဳတိတုိ႔ ႏွစ္ဦးက ခိုးယူခံရသည့္ ကၽြဲမ်ားရိွေနသည့္ ဖါေဝါေက်းရြာအုပ္စု၊ ပူလြန္းရြာမွ အယ္လို(ခ)အုိက္လံု၏ ေနအိမ္သို႔ သြားေရာက္ၾကည့္ရႈရာ ၎တို႔၏ ေပ်ာက္ဆံုးေနသည့္ကၽြဲ(၇)ေကာင္ကို ေတြ႔ခဲ့ရသျဖင့္ ဇြန္လ (၂၀)ရက္ေန႔တြင္ ကၽြဲ(၇)ေကာင္အားျပန္ယူကာ ေငြက်ပ္တစ္သိန္း ေပးခဲ့ရေၾကာင္း သိရသည္။

ကၽြဲ(၇)ေကာင္ကို ခုိးယူခဲ့သည့္ အယ္လို(ခ)အုိက္လံုအား တံုတာနယ္ေျမရဲစခန္းတြင္ (ပ) ၅/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၉(က)အရ အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း  - ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - ရဲတပ္ဖြဲ႕


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ တုံတာမြို့၊ ပါထားရွာမှ ကျွဲ (၇)ကောင်အား (၅)လကြာ ခိုးယူထားသူကို အရေးယူပေးရန် နောက်ကွဲကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်သူ မိုင်းပျဉ်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အလုပ်အမှုဆောင်အဖွဲ့ဝင်က တိုင်ကြား ထားကြောင်း သိရသည်။

ကျွဲပိုင်ရှင်သုံးဦးက မြန်မာစကား မပြောတတ်ခြင်း၊ ငွေကြေးကုန်ကျမည်ကို ကြောက်ခြင်း၊ ခြိမ်းခြောက်သည့် လူများရှိနခြေင်း တို့ကြောင့် ရဲစခန်းတွင် အမှု မဖွင့်ရဲဘဲ ဖြစ်နေသည့် အပြင် အဆိုပါ ကျွဲများအား ပြည်သူ့စစ် ခေါင်းဆောင်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ခိုးယူရောင်းစားသည်ဟု ဒေသခံများက စွပ်စွဲ ပြောဆိုနခြေင်းများရှိသဖြင့် ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်သူ ဦးယောဘ ကိုယ်တိုင်က ရဲစခန်းသို့ လာရောက် တိုင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။

နောင်ကွဲကျေးရွာအုပ်စု၊ တုံတာမြို့ ပါထားရွာမှ ဦးယားစီး၏ ကျွဲနှစ်ကောင်၊ ဦးကျအူ၏ ကျွဲသုံးကောင်၊ ဦးကျကျိုတိပိုင် ကျွဲနှစ်ကောင်၊ စုစုပေါင်း ကျွဲ(၇)ကောင်မှာ ပန်ပျဉ်ရွာလယ်ကွင်းပြင်တွင် လွှတ်ကျောင်းထားရာမှ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၄)ရက်နေ့တွင် ပျောက်ဆုံးသွားခြင်းဖြစ်ပြီး အနီးဝန်းကျင်တွင် မေးမြန်းရှာဖွေခဲ့ရာ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၁၉)ရက်နေ့က အဆိုပါ ပျောက်ဆုံးနေသည့် ကျွဲများအား ဖာဝေါကျေးရွာအုပ်စု၊ ပူလွန်းရွာတွင်တွေ့ရကြောင်း ဖာဝေါကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလီဆော်နှင့် ဝါးခိုရွာသူကြီး ဦးကျဘတို့က ကျွဲပိုင်ရှင်များထံ ဖုန်းဆက်အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျွဲပိုင်ရှင် ဦးကျအူနှင့် ဦးကျကျိုတိတို့ နှစ်ဦးက ခိုးယူခံရသည့် ကျွဲများရှိနေသည့် ဖာဝေါကျေးရွာအုပ်စု၊ ပူလွန်းရွာမှ အယ်လို(ခ)အိုက်လုံ၏ နေအိမ်သို့ သွားရောက်ကြည့်ရှုရာ၎င်းတို့၏ ပျောက်ဆုံးနေသည့်ကျွဲ(၇)ကောင်ကို တွေ့ခဲ့ရသဖြင့် ဇွန်လ (၂၀)ရက်နေ့တွင် ကျွဲ(၇)ကောင်အားပြန်ယူကာ ငွေကျပ်တစ်သိန်း ပေးခဲ့ရကြောင်း သိရသည်။

ကျွဲ(၇)ကောင်ကို ခိုးယူခဲ့သည့် အယ်လို(ခ)အိုက်လုံအား တုံတာနယ်မြေရဲစခန်းတွင် (ပ) ၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉(က)အရ အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~