မယ္ဆိုင္ၿမိဳ႕ရွိ လႈိဏ္ဂူအတြင္း တစ္ညလြန္သြားသည္အထိ ျပန္မထြက္လာႏိုင္ေသးသည့္ လူငယ္(၁၃)ဦးအား ရွာေဖြမေတြ႕ရွိေသး၍ အထူးအဖြဲ႔မ်ားအျဖစ္ ညလုံးေပါက္ ဆက္လက္ ရွာေဖြရန္ ႀကိဳးပမ္းေန

မယ္ဆိုင္ၿမိဳ႕ရွိ လႈိဏ္ဂူအတြင္း တစ္ညလြန္သြားသည္အထိ ျပန္မထြက္လာႏိုင္ေသးသည့္ လူငယ္(၁၃)ဦးအား ရွာေဖြမေတြ႕ရွိေသး၍ အထူးအဖြဲ႔မ်ားအျဖစ္ ညလုံးေပါက္ ဆက္လက္ ရွာေဖြရန္ ႀကိဳးပမ္းေန
ဇွန် 24, 2018
By Tachileik News Agency

ထုိင္းႏိုင္ငံ၊ မယ္ဆိုင္ၿမိဳ႕ရွိ ထမ့္လံု ခြန္နမ့္ေရထြက္အနီး လႈိဏ္ဂူအတြင္းမွ ျပန္ထြက္လာႏိုင္ျခင္း မရွိေသးသည့္ လူငယ္(၁၃)ဦးအား ဆက္လက္ရွာေဖြရန္ ကယ္ဆယ္ေရး ကြ်မ္းက်င္ အထူးအဖြဲ႔မ်ားက ဇြန္လ (၂၅)ရက္ေန႔ နံနက္(၂)နာရီတြင္ ေရာက္ရိွမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ လႈိဏ္ဂူအတြင္း ပိတ္မိေနသည့္ လူငယ္(၁၃)ဦးအား ရွာေဖြကယ္ဆယ္ေရးကို ၂၀၁၈ခုနွစ္၊ဇြန္လ (၂၃)ရက္ေန႔ ညပိုင္း ကတည္းက ေဆာင္ရြက္ေနျခင္းျဖစ္ေသာ္လည္း လွိဳဏ္ဂူအတြင္း ေခ်ာင္းေရႀကီးၿပီး ေရစီးသန္ေနမႈေၾကာင့္ ရွာေဖြကယ္ဆယ္ေရး အပိုင္းတြင္ အခက္အခဲႏွင့္ ႀကံဳေတြ႕ရသည့္အတြက္ ထိုင္းႏိုင္ငံ၏ အထူးရွာေဖြကယ္ဆယ္ေရးအဖြဲ႔က ကူညီရွာေဖြရန္ မယ္ဆိုင္ၿမိဳ႕သို႔ ထြက္ခြာလာေနကာ တာဝန္ရွိသူမ်ားက ႀကိဳတင္ျပင္ဆင္မႈမ်ား ျပဳလုပ္ထားၿပီျဖစ္ေၾကာင္း သိရသည္။

ထိုင္း - ျမန္မာ နယ္စပ္၊ ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ျပင္ ထမ့္လံု ခြန္နမ့္ေရထြက္အနီး လႈိဏ္ဂူအတြင္းသို႔ ဇြန္လ(၂၃)ရက္ေန႔ ေန႔လယ္ပိုင္းက ဝင္ေရာက္သြားသည့္ ေက်ာင္းသားအဖြဲ႕၏ ဆိုင္ကယ္တစ္စီးႏွင့္ စက္ဘီးမ်ားကို ပန္းၿခံတာဝန္ရိွသူက သတိထားမိၿပီး တာဝန္ရိွသူမ်ားအား ဆက္သြယ္ကာ ယင္းေန႔ ညပိုင္းကတည္းက စတင္ရွာေဖြေနျခင္းျဖစ္ေၾကာင္း သိရသည္။

တစ္ညအၾကာ အထိ ျပန္လည္မထြက္လာႏိုင္ေသးသည့္ ေက်ာင္းသား(၁၂)ဦး ႏွင့္ အားကစားနည္းျပ (၁)ဦး စုစုေပါင္း (၁၃)ဦးအား ၂၀၁၈ခုႏွစ္ ဇြန္လ(၂၄)ရက္ေန႔ ည(၁၀)နာရီေက်ာ္ အခ်ိန္အထိ ကြ်မ္းက်င္ ရွာေဖြေရး အဖြဲ႔မ်ားျဖင့္ ရွာေဖြေနလ်က္ရွိေၾကာင္း သိရသည္။

မယ္ဆုိင္ရဲတပ္ဖြဲ႕ဝင္မ်ား၊ စစ္တပ္၊ ကယ္ဆယ္ေရးအဖြဲ႕မ်ား၊ ဂူအတြင္းေရငုပ္ကၽြမ္းက်င္သည့္ ႏိုင္ငံျခားသား လူမႈဝန္ထမ္းမ်ားျဖင့္ ကူညီကယ္ဆယ္ေရးလုပ္ေနေသာ္လည္း လွိဳဏ္ဂူအတြင္း ေရမ်ားေနသျဖင့္ ေရမ်ားကို စုပ္ထုတ္ေနရေၾကာင္း သိရသည္။

အဆိုပါ လူငယ္မ်ားျပန္ထြက္လာခ်ိန္တြင္ ဂူထဲ၌ ေရႀကီးၿပီး ေရစီးသန္မႈေၾကာင့္ ျပန္လည္ထြက္လာရန္ ခက္ခဲသြားႏုိင္ျခင္းျဖစ္ၿပီး ေရစီးသံမ်ားေၾကာင့္ ေအာ္ဟစ္သံမ်ားကိုလည္း ၾကားႏိုင္မည္မဟုတ္ေၾကာင္း ကယ္ဆယ္ေရးအဖြဲ႕ႏွင့္အတူ ဂူအတြင္း (၃) ကီလိုမီတာအကြာအေဝးအထိ ဝင္ေရာက္ခဲ့သည့္ အသက္(၄၁)ႏွစ္အရြယ္ ထိုင္းအမ်ဳိးသားတစ္ဦးက ျပန္လည္ရွင္းျပသည္။

အဆိုပါ ဂူထဲသို႔ ဝင္ေရာက္သည့္   ေက်ာင္းသား လူငယ္(၁၁)ဦး ႏွင့္ နည္းျပဆရာ(၁)ဦး စုစုေပါင္း (၁၂)ဦးဟု ကနဦးသတင္းမ်ား ထြက္ခဲ့ေသာ္လည္း မိဘမ်ား၏ ဆက္သြယ္ အသိေပးခ်က္အရ ဇြန္လ(၂၄)ရက္ေန႔ ညေန(၄)နာရီခြဲအခ်ိန္တြင္ ေပ်ာက္ေနသည့္ ေက်ာင္းသားတစ္ဦး ထပ္မံတိုးလာရာ ေက်ာင္းသား (၁၂)ဦး ႏွင့္ အားကစားနည္းျပ (၁)ဦး စုစုေပါင္း(၁၃)ဦးျဖစ္ေၾကာင္း သိရသည္။

ကယ္ဆယ္ေရးအဖြဲ႕မ်ားက ဂူအတြင္းပိတ္မိေနသူမ်ား အသက္ရွင္လ်က္ရိွေနဆဲျဖစ္မည္ဟု ခန္႔မွန္းထားၾကေသာ္လည္း ညပိုင္းမိုးမ်ားပါက ဂူအတြင္းေရမ်ားလာႏုိင္သျဖင့္ စိုးရိမ္ဖြယ္ရွိသည္ဟု ဆိုသည္။

အဆိုပါဂူမွာ ခန္႔မွန္းေျခအားျဖင့္ (၄)မုိင္မွ (၅)မိုင္ဝန္းက်င္ရွည္လ်ားၿပီး ဇြန္လမွ ေအာက္တိုဘာလအထိ မိုးရာသီအတြင္း ေရအျမင့္ေပ ၅ မီတာ(၁၆.၅ ေပ)အထိ နစ္ျမဳပ္ေလ့ရိွေၾကာင္း သိရသည္။

၂၀၁၆ ခုႏွစ္၊ ၾသဂုတ္လ (၁၂)ရက္ေန႔ကလည္း အဆိုပါဂူေရွ႕တြင္ စက္ဘီးတစ္စီးထားခဲ့ၿပီး ဝင္သြားသည့္ ႏုိင္ငံျခားသားခရီးသြားတစ္ဦး ေပ်ာက္ဆံုးသြားသျဖင့္ မယ္ဆိုင္ရဲတပ္ဖြဲ႕က ကယ္ဆယ္ေရးအဖြဲ႕မ်ားျဖင့္ ရွာေဖြခဲ့ရဖူးေၾကာင္း သိရသည္။

သတင္း - ကိုေဇာင္း
Photo: อนันต์ปุระ แม่สาย ၊ สถานีตำรวจภูธร แม่สาย၊ ก้าวไกรเชียงรายนิวส์၊ Thapanee Ietsrichai


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ရှိ ထမ့်လုံ ခွန်နမ့်ရေထွက်အနီး လှိုဏ်ဂူအတွင်းမှ ပြန်ထွက်လာနိုင်ခြင်း မရှိသေးသည့် လူငယ်(၁၃)ဦးအား ဆက်လက်ရှာဖွေရန် ကယ်ဆယ်ရေး ကျွမ်းကျင် အထူးအဖွဲ့များက ဇွန်လ (၂၅)ရက်နေ့ နံနက်(၂)နာရီတွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လှိုဏ်ဂူအတွင်း ပိတ်မိနေသည့် လူငယ်(၁၃)ဦးအား ရှာဖွေကယ်ဆယ်ရေးကို ၂၀၁၈ခုနှစ်၊ဇွန်လ (၂၃)ရက်နေ့ ညပိုင်း ကတည်းက ဆောင်ရွက်နခြေင်းဖြစ်သော်လည်း လှိုဏ်ဂူအတွင်း ချောင်းရကြေီးပြီး ရေစီးသန်နေမှုကြောင့် ရှာဖွေကယ်ဆယ်ရေး အပိုင်းတွင် အခက်အခဲနှင့် ကြုံတွေ့ရသည့်အတွက် ထိုင်းနိုင်ငံ၏ အထူးရှာဖွေကယ်ဆယ်ရေးအဖွဲ့က ကူညီရှာဖွေရန် မယ်ဆိုင်မြို့သို့ ထွက်ခွာလာနေကာ တာဝန်ရှိသူများက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပြီဖြစ်ကြောင်း သိရသည်။

ထိုင်း - မြန်မာ နယ်စပ်၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ပြင် ထမ့်လုံ ခွန်နမ့်ရေထွက်အနီး လှိုဏ်ဂူအတွင်းသို့ ဇွန်လ(၂၃)ရက်နေ့ နေ့လယ်ပိုင်းက ဝင်ရောက်သွားသည့် ကျောင်းသားအဖွဲ့၏ ဆိုင်ကယ်တစ်စီးနှင့် စက်ဘီးများကို ပန်းခြံတာဝန်ရှိသူက သတိထားမိပြီး တာဝန်ရှိသူများအား ဆက်သွယ်ကာ ယင်းနေ့ ညပိုင်းကတည်းက စတင်ရှာဖွေနခြေင်းဖြစ်ကြောင်း သိရသည်။

တစ်ညအကြာ အထိ ပြန်လည်မထွက်လာနိုင်သေးသည့် ကျောင်းသား(၁၂)ဦး နှင့် အားကစားနည်းပြ (၁)ဦး စုစုပေါင်း (၁၃)ဦးအား ၂၀၁၈ခုနှစ် ဇွန်လ(၂၄)ရက်နေ့ ည(၁၀)နာရီကျော် အချိန်အထိ ကျွမ်းကျင် ရှာဖွေရေး အဖွဲ့များဖြင့် ရှာဖွေနေလျက်ရှိကြောင်း သိရသည်။

မယ်ဆိုင်ရဲတပ်ဖွဲ့ဝင်များ၊ စစ်တပ်၊ ကယ်ဆယ်ရေးအဖွဲ့များ၊ ဂူအတွင်းရေငုပ်ကျွမ်းကျင်သည့် နိုင်ငံခြားသား လူမှုဝန်ထမ်းများဖြင့် ကူညီကယ်ဆယ်ရေးလုပ်နေသော်လည်း လှိုဏ်ဂူအတွင်း ရေများနေသဖြင့် ရေများကို စုပ်ထုတ်နေရကြောင်း သိရသည်။

အဆိုပါ လူငယ်များပြန်ထွက်လာချိန်တွင် ဂူထဲ၌ ရကြေီးပြီး ရေစီးသန်မှုကြောင့် ပြန်လည်ထွက်လာရန် ခက်ခဲသွားနိုင်ခြင်းဖြစ်ပြီး ရေစီးသံများကြောင့် အော်ဟစ်သံများကိုလည်း ကြားနိုင်မည်မဟုတ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့နှင့်အတူ ဂူအတွင်း (၃) ကီလိုမီတာအကွာအဝေးအထိ ဝင်ရောက်ခဲ့သည့် အသက်(၄၁)နှစ်အရွယ် ထိုင်းအမျိုးသားတစ်ဦးက ပြန်လည်ရှင်းပြသည်။

အဆိုပါ ဂူထဲသို့ ဝင်ရောက်သည့် ကျောင်းသား လူငယ်(၁၁)ဦး နှင့် နည်းပြဆရာ(၁)ဦး စုစုပေါင်း (၁၂)ဦးဟု ကနဦးသတင်းများ ထွက်ခဲ့သော်လည်း မိဘများ၏ ဆက်သွယ် အသိပေးချက်အရ ဇွန်လ(၂၄)ရက်နေ့ ညနေ(၄)နာရီခွဲအချိန်တွင် ပျောက်နေသည့် ကျောင်းသားတစ်ဦး ထပ်မံတိုးလာရာ ကျောင်းသား (၁၂)ဦး နှင့် အားကစားနည်းပြ (၁)ဦး စုစုပေါင်း(၁၃)ဦးဖြစ်ကြောင်း သိရသည်။

ကယ်ဆယ်ရေးအဖွဲ့များက ဂူအတွင်းပိတ်မိနေသူများ အသက်ရှင်လျက်ရှိနေဆဲဖြစ်မည်ဟု ခန့်မှန်းထားကြသော်လည်း ညပိုင်းမိုးများပါက ဂူအတွင်းရေများလာနိုင်သဖြင့် စိုးရိမ်ဖွယ်ရှိသည်ဟု ဆိုသည်။

အဆိုပါဂူမှာ ခန့်မှန်းခြေအားဖြင့် (၄)မိုင်မှ (၅)မိုင်ဝန်းကျင်ရှည်လျားပြီး ဇွန်လမှ အောက်တိုဘာလအထိ မိုးရာသီအတွင်း ရေအမြင့်ပေ ၅ မီတာ(၁၆.၅ ပေ)အထိ နစ်မြုပ်လေ့ရှိကြောင်း သိရသည်။

၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၁၂)ရက်နေ့ကလည်း အဆိုပါဂူရှေ့တွင် စက်ဘီးတစ်စီးထားခဲ့ပြီး ဝင်သွားသည့် နိုင်ငံခြားသားခရီးသွားတစ်ဦး ပျောက်ဆုံးသွားသဖြင့် မယ်ဆိုင်ရဲတပ်ဖွဲ့က ကယ်ဆယ်ရေးအဖွဲ့များဖြင့် ရှာဖွေခဲ့ရဖူးကြောင်း သိရသည်။

သတင်း - ကိုဇောင်း
Photo: อนันต์ปุระ แม่สาย၊ สถานีตำรวจภูธร แม่สาย၊ ก้าวไกรเชียงรายนิวส์၊ Thapanee Ietsrichai

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~