က်ဳိင္းတံုၿမိဳ႕နယ္ ယန္းခေက်းရြာအုပ္စုအတြင္း အဖိုးအိုတစ္ဦးအား စိတ္ၾကြေဆးျပား (၉)ျပားႏွင့္အတူ ဖမ္းဆီးရမိ

က်ဳိင္းတံုၿမိဳ႕နယ္ ယန္းခေက်းရြာအုပ္စုအတြင္း အဖိုးအိုတစ္ဦးအား စိတ္ၾကြေဆးျပား (၉)ျပားႏွင့္အတူ ဖမ္းဆီးရမိ
ဇွန် 25, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕၊ ယန္းခေက်းရြာအုပ္စု၊ ဝမ္ဆန္(အာခါ)ရြာရိွ မူးယစ္ေဆး သတင္းရသည့္ ေနအိမ္အား ဝင္ေရာက္ရွာေဖြရာ မူးယစ္ေဆး သံုးစြဲေနသည့္ အမ်ိဳးသားတစ္ဦးကို စိတ္ၾကြေဆးျပား (၉)ျပားႏွင့္အတူ ဖမ္းဆီးရမိေၾကာင္း သိရသည္။

က်ိဳင္းတံုၿမိဳ႕မရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္မ်ားသည္ သက္ေသမ်ား ပါဝင္သည့္အဖြဲ႕ႏွင့္အတူ ၂၀၁၈ ခုႏွစ္၊ ဇြန္လ (၂၄)ရက္ေန႔ ေန႔လယ္(၁)နာရီတြင္ ယန္းခေက်းရြာအုပ္စု၊ ဝမ္ဆန္(အာခါ)ရြာမွ လာဘာဒူး၏ ေနအိမ္အား ဝင္ေရာက္ ရွာေဖြရာ လာဘာဒူးအား ေနအိမ္ ဧည့္ခန္းတြင္ မူးယစ္ေဆးသံုးစြဲေနသည္ကို ေတြ႔ရၿပီး ၎အနီးမွ စိတ္ၾကြေဆးျပား (၉)ျပားကို ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

အသက္ (၆၃)ႏွစ္အရြယ္ လာဘာဒူးအား က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၁၀၂/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၆(၈)ျဖင့္ အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း - ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - ရဲတပ္ဖြဲ႕


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ ယန်းခကျေးရွာအုပ်စု၊ ဝမ်ဆန်(အာခါ)ရွာရှိ မူးယစ်ဆေး သတင်းရသည့် နေအိမ်အား ဝင်ရောက်ရှာဖွေရာ မူးယစ်ဆေး သုံးစွဲနေသည့် အမျိုးသားတစ်ဦးကို စိတ်ကြွဆေးပြား (၉)ပြားနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

ကျိုင်းတုံမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများ ပါဝင်သည့်အဖွဲ့နှင့်အတူ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၄)ရက်နေ့ နေ့လယ်(၁)နာရီတွင် ယန်းခကျေးရွာအုပ်စု၊ ဝမ်ဆန်(အာခါ)ရွာမှ လာဘာဒူး၏ နေအိမ်အား ဝင်ရောက် ရှာဖွေရာ လာဘာဒူးအား နေအိမ် ဧည့်ခန်းတွင် မူးယစ်ဆေးသုံးစွဲနေသည်ကို တွေ့ရပြီး၎င်းအနီးမှ စိတ်ကြွဆေးပြား (၉)ပြားကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

အသက် (၆၃)နှစ်အရွယ် လာဘာဒူးအား ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ) ၁၀၂/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၆(၈)ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~