ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕၊ ယန္းခေက်းရြာအုပ္စု၊ ဝမ္ဆန္(အာခါ)ရြာရိွ ေနအိမ္ကို မူးယစ္ေဆးသတင္းရ ဝင္ေရာက္ရွာေဖြရာ အမ်ိဳးသမီးတစ္ဦးအား အတြင္းခံအတြင္း ထည့္သြင္းထားသည့္ စိတ္ၾကြေဆးျပား (၆၁)ျပားႏွင့္ အတူ ဖမ္းဆီးရမိေၾကာင္း သိရသည္။
က်ိဳင္းတံုၿမိဳ႕မရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္မ်ားသည္ သက္ေသမ်ား ပါဝင္သည့္ အဖြဲ႕ႏွင့္အတူ ၂၀၁၈ ခုႏွစ္၊ ဇြန္လ (၂၄)ရက္ေန႔ ေန႔လယ္(၂)နာရီဝန္းက်င္တြင္ ဝမ္ဆန္(အာခါ)ရြာရိွ ဘူးစီ၏ ေနအိမ္အား ဝင္ေရာက္ရွာေဖြရာ ဘူးစီက ထြက္ေျပးရန္ ႀကိဳးစားသည္ကို ရဲတပ္ဖြဲ႕မွ တားဆီးႏုိင္ခဲ့ၿပီး ၎၏ အတြင္းခံအက်ႌအတြင္း ထည့္သြင္း ထားသည့္ စိတ္ၾကြေဆးျပား (၆၁)ျပားကို ရွာေဖြေတြ႔ရိွေၾကာင္း သိရသည္။
မူးယစ္ေဆးမ်ားႏွင့္အတူ ေတြ႔ရသည့္ အသက္ (၂၇)နွစ္အရြယ္ ဘူးစီအား က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၁၀၃/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။
သတင္း - ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - ရဲတပ္ဖြဲ႕
ကျိုင်းတုံမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများ ပါဝင်သည့် အဖွဲ့နှင့်အတူ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၄)ရက်နေ့ နေ့လယ်(၂)နာရီဝန်းကျင်တွင် ဝမ်ဆန်(အာခါ)ရွာရှိ ဘူးစီ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ဘူးစီက ထွက်ပြေးရန် ကြိုးစားသည်ကို ရဲတပ်ဖွဲ့မှ တားဆီးနိုင်ခဲ့ပြီး၎င်း၏ အတွင်းခံအင်္ကျီအတွင်း ထည့်သွင်း ထားသည့် စိတ်ကြွဆေးပြား (၆၁)ပြားကို ရှာဖွေတွေ့ရှိကြောင်း သိရသည်။
မူးယစ်ဆေးများနှင့်အတူ တွေ့ရသည့် အသက် (၂၇)နှစ်အရွယ် ဘူးစီအား ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ) ၁၀၃/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့