မယ်ဆိုင်ဂူအတွင်း လူငယ် (၁၃)ဦးကို ရှာဖွေကယ်ဆယ်ရေး ၁၀ ရက်မြောက်နေ့တွင် ပြန်တွေ့ပြီ

မယ်ဆိုင်ဂူအတွင်း လူငယ် (၁၃)ဦးကို ရှာဖွေကယ်ဆယ်ရေး ၁၀ ရက်မြောက်နေ့တွင် ပြန်တွေ့ပြီ
ဇူလိုင် 2, 2018
By Tachileik News Agency


လက်ရှိမှာတော့ ကလေးတွေက ဂူအတွင်းမှာပဲ ရှိနေဆဲဖြစ်ပြီး သူတို့ကို အပြင်ခေါ်ထုတ်ဖို့ လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ဆောင်နေပြီလို့ ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။


တောဝက်လို့ အမည်ရတဲ့ ဒေသတွင်းဘောလုံးအသင်းမှ ဘောလုံးသမား (၁၂) ဦးနဲ့ နည်းပြဖြစ်သူတို့ဟာ ၂၀၁၈ ခုနှစ် ဇွန်လ (၂၃)ရက်နေ့ နေ့လယ်ပိုင်း ဘောလုံးလေ့ကျင့်အပြီးမှာ ဂူအတွင်းဝင်သွားရာကနေ ရေကြီးပြီး ပိတ်မိနေကြတာဖြစ်ပါတယ်။


ဓါတ်ပုံ - #ဇောင်းညီ
Tachileik News Agency



~~~~~~~~⊰❂ unicode ~~~~~~~~

မယ်ဆိုင်ဂူအတွင်းပိတ်မိနေသည့် ဘောလုံးအသင်းမှ ကျောင်းသား (၁၂)ဦးနှင့် နည်းပြ(၁)ဦးတို့ကို ဂူအတွင်းရှာဖွေကယ်ဆယ်ရေး (၁၀)ရက်မြောက်နေ့ဖြစ်သည့် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ(၂)ရက်နေ့ညပိုင်းတွင် ဂူအတွင်း ဖတ္တယားကမ်းခြေအနီးမှာ ပြန်လည်တွေ့ရှိပြီဖြစ်တယ်လို့ ရေတပ်အဖွဲ့ရဲ့ သတင်းပေးပို့ချက်ကို ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူးက အတည်ပြုပြောကြားလိုက်ပါတယ်။

လက်ရှိမှာတော့ ကလေးတွေက ဂူအတွင်းမှာပဲ ရှိနေဆဲဖြစ်ပြီး သူတို့ကို အပြင်ခေါ်ထုတ်ဖို့ လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ဆောင်နပြေီလို့ ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။

ထိုင်းတော်ဝင်ရေတပ်အထူးအဖွဲ့အပါအဝင် ထိုင်းစစ်တပ်၊ ရဲတပ်ဖွဲ့၊ သက်ဆိုင်ရာဌာနတွေနဲ့ နိုင်ငံတကာက ပူးပေါင်းကူညီသူတွေပါဝင်တဲ့အဖွဲ့တွေဟာ ဂူအတွင်းက ရေငုပ်ရှာဖွေတာအပြင် ဂူအပြင်ဘက်ကနေ လမ်းကြောင်းရှာခြင်းစတဲ့ နည်းလမ်းမျိုးစုံနဲ့ (၁၀)ရက်တိုင်တိုင် ရှာဖွေခဲ့ကြတာဖြစ်ပါတယ်။

တောဝက်လို့ အမည်ရတဲ့ ဒေသတွင်းဘောလုံးအသင်းမှ ဘောလုံးသမား (၁၂) ဦးနဲ့ နည်းပြဖြစ်သူတို့ဟာ ၂၀၁၈ ခုနှစ် ဇွန်လ (၂၃)ရက်နေ့ နေ့လယ်ပိုင်း ဘောလုံးလေ့ကျင့်အပြီးမှာ ဂူအတွင်းဝင်သွားရာကနေ ရကြေီးပြီး ပိတ်မိနကြေတာဖြစ်ပါတယ်။

ဒီဂူဟာ မိုးရာသီအတွင်း အနီးဝန်းကျင်က ရေများစီးဝင်လေ့ရှိတဲ့အတွက် လည်ပတ်ခွင့်တားမြစ်ထားတာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ - #ဇောင်းညီ
Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~