ျမန္မာ - ဘဂၤလားေဒ့ရွ္ ႏွစ္ႏုိင္ငံ နယ္စပ္ ၿခံစည္းရိုးမွ ေက်ာ္တက္ ၀င္ေရာက္လာသူအား ဖမ္းဆီးထိန္းသိမ္းထား

ျမန္မာ - ဘဂၤလားေဒ့ရွ္ ႏွစ္ႏုိင္ငံ နယ္စပ္ ၿခံစည္းရိုးမွ ေက်ာ္တက္ ၀င္ေရာက္လာသူအား ဖမ္းဆီးထိန္းသိမ္းထား
ဇူလိုင် 17, 2018
By Tachileik News Agency

ေမာင္ေတာၿမိဳ႕နယ္၊ေပါင္းဇားေခ်ာင္းဝကင္းစခန္း အနီးရွိ ျမန္မာ - ဘဂၤလားေဒ့ရွ္ႏွစ္ႏုိင္ငံ နယ္စပ္ ၿခံစည္းရိုးမွ တဆင့္ ၂၀၁၈ ခုႏွစ္၊ ဇူလိုင္လ(၁၆)ရက္ေန႔ ညေန (၄)နာရီဝန္းက်င္က ေက်ာ္တက္လာသည့္ ဘဂၤလားေဒ့ရွ္ ႏုိင္ငံဘက္မွ အမ်ိဳးသား(၂)ဦးကို သတိေပးဟန္႔တားပစ္ခတ္ ဖမ္းဆီးခဲ့ရေၾကာင္း သတင္းထုတ္ျပန္ေရးေကာ္မတီထံမွ သိရသည္။

ျမန္မာ - ဘဂၤလားေဒ့ရွ္ႏွစ္ႏုိင္ငံ နယ္စပ္ၿခံစည္းရိုးတိုင္အမွတ္ (၅၂၀)၌ ေပါင္းဇားေက်းရြာတြင္ ေနထိုင္သူမ်ား ျဖစ္သည့္ အသက္ (၅၅)ႏွစ္အရြယ္ ဒီလူး(ခ) ဒိလ္မာမတ္ႏွင့္ အသက္ (၃၅)ႏွစ္အရြယ္ မာမြတ္ဖာဒူ(ခ) မာမတ္ဖာရုလ္တို႔ႏွစ္ဦးသည္ နတ္ျမစ္အား ျဖတ္ကူးၿပီး နယ္စပ္ျခံစည္းရိုးအား ေက်ာ္တက္ဝင္ေရာက္လာခဲ႔ျခင္း ျဖစ္ေၾကာင္း သိရသည္။

ထိုသုိ႔ ေက်ာ္တက္ ဝင္ေရာက္ေနသည္ကို လံုျခံဳေရးတပ္ဖြဲ႔ဝင္မ်ားက သတိေပးဟန္႔တားခဲ႔ရာ ရပ္တန္႔မႈ မရွိဘဲ ၿခံစည္းရိုးအား ဆက္လက္ ေက်ာ္တက္လာသျဖင့္ MA-11 ေမာင္းျပန္ရိုင္ဖယ္ေသနတ္ျဖင့္ (၁) ခ်က္ သတိေပး ပစ္ခတ္ခဲ႔ရာ ဒီလူး(ခ) ဒိလ္မာမတ္၏ ေက်ာယာဘက္ျခမ္းမွ ဝမ္းဗိုက္ယာဘက္ျခမ္း က်ည္ထိမွန္ ဒဏ္ရာ ရရိွသြားသျဖင့္ ေမာင္ေတာျပည္သူ႔ေဆးရံုသုိ႔ ပို႔ေဆာင္ထားၿပီး မာမြတ္ဖာဒူ(ခ) မာမတ္ဖာရုလ္ကို ျပင္ျဖဴနယ္ေျမရဲစခန္းတြင္ စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

မောင်တောမြို့နယ်၊ပေါင်းဇားချောင်းဝကင်းစခန်း အနီးရှိ မြန်မာ - ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်စပ် ခြံစည်းရိုးမှ တဆင့် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ(၁၆)ရက်နေ့ ညနေ (၄)နာရီဝန်းကျင်က ကျော်တက်လာသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ အမျိုးသား(၂)ဦးကို သတိပေးဟန့်တားပစ်ခတ် ဖမ်းဆီးခဲ့ရကြောင်း သတင်းထုတ်ပြန်ရေးကော်မတီထံမှ သိရသည်။

မြန်မာ - ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုးတိုင်အမှတ် (၅၂၀)၌ ပေါင်းဇားကျေးရွာတွင် နေထိုင်သူများ ဖြစ်သည့် အသက် (၅၅)နှစ်အရွယ် ဒီလူး(ခ) ဒိလ်မာမတ်နှင့် အသက် (၃၅)နှစ်အရွယ် မာမွတ်ဖာဒူ(ခ) မာမတ်ဖာရုလ်တို့နှစ်ဦးသည် နတ်မြစ်အား ဖြတ်ကူးပြီး နယ်စပ်ခြံစည်းရိုးအား ကျော်တက်ဝင်ရောက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ ကျော်တက် ဝင်ရောက်နေသည်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက သတိပေးဟန့်တားခဲ့ရာ ရပ်တန့်မှု မရှိဘဲ ခြံစည်းရိုးအား ဆက်လက် ကျော်တက်လာသဖြင့် MA-11 မောင်းပြန်ရိုင်ဖယ်သေနတ်ဖြင့် (၁) ချက် သတိပေး ပစ်ခတ်ခဲ့ရာ ဒီလူး(ခ) ဒိလ်မာမတ်၏ ကျောယာဘက်ခြမ်းမှ ဝမ်းဗိုက်ယာဘက်ခြမ်း ကျည်ထိမှန် ဒဏ်ရာ ရရှိသွားသဖြင့် မောင်တောပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး မာမွတ်ဖာဒူ(ခ) မာမတ်ဖာရုလ်ကို ပြင်ဖြူနယ်မြေရဲစခန်းတွင် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~