တာချီလိတ်တွင် အာဇာနည်နေ့ အခမ်းအနားအား ရှမ်းရိုးမကွင်းအတွင်း ကျင်းပပြုလုပ်မည်

တာချီလိတ်တွင် အာဇာနည်နေ့ အခမ်းအနားအား ရှမ်းရိုးမကွင်းအတွင်း ကျင်းပပြုလုပ်မည်
ဇူလိုငျ 18, 2018
By Tachileik News Agency


အောင်မြတ်ခန်းမတွင် ကျင်းပမည့်ပွဲတွင် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲများမှ ဆုရကလေးများအား ဆုချီးမြှင့်ခြင်းနှင့် ကဗျာ၊  သီချင်းဆိုပြိုင်ပွဲမှ နောက်ဆုံးအဆင့် ယှဉ်ပြိုင်ခြင်းနှင့် ဆုချီးမြှင့်ခြင်းတို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် အာဇာနည်နေ့အခမ်းအနားအား ဌာနဆိုင်ရာများနှင့် အရပ်ဖက်အဖွဲ့များ၊ ပြည်သူလူထုတို့ ပူးပေါင်းကျင်းပရန် စီစဉ်နေခြင်းဖြစ်ပြီး အာဇာနည်နေ့တွင် လွမ်းသူ့ပန်းခွေမှာယူနိုင်ရန်နှင့် နှင်းဆီပန်းပွင့်များ အလွယ်တကူ ဝယ်ယူနိုင်ရေးကိုလည်း စီစဉ်ပေးထားကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ဇောင်းညီ


~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် (၇၁)ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနား အတွက် အစမ်းလေ့ကျင့်ခြင်းကို ဇူလိုင်လ (၁၈)ရက်နေ့ ညနေ(၃)နာရီအချိန်တွင် ရှမ်းရိုးမကွင်း၌ ကျင်းပမည်ဖြစ်ပြီး အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာနှင့် သီချင်းဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းကို အောင်မြတ်ခန်းမ၌ ည(၇)တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

“အထူးသဖြင့်တော့ ရဲတပ်ဖွဲ့က ဂုဏ်ပြုအလေးပြုမယ့် အစီအစဉ်အစမ်းလေ့ကျင့်မှာပါ။ ညပိုင်းမှာတော့ ဒီအာဇာနည်နေ့ အထိမ်းအမှတ်အတွက် စာစီစာကုံး၊ ကဗျာ၊ သီချင်းဆိုပြိုင်ပွဲက ကလေးတွေကို ဆုချီးမြှင့်ပွဲကို အောင်မြတ်ခန်းမမှာ ကျင်းပမှာပါ”ဟု အာဇာနည်နေ့အခမ်းအနားကျင်းပရေး စီစဉ် ဆောင်ရွက်နေသူ တစ်ဦးဖြစ်သည့် မဇ္ဇျိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အောင်မြတ်ခန်းမတွင် ကျင်းပမည့်ပွဲတွင် အာဇာနည်နေ့ အထိ်မ်းအမှတ် စာစီစာကုံးပြိုင်ပွဲများမှ ဆုရကလေးများအား ဆုချီးမြှင့်ခြင်းနှင့် ကဗျာ၊ သီချင်းဆိုပြိုင်ပွဲမှ နောက်ဆုံးအဆင့် ယှဉ်ပြိုင်ခြင်းနှင့် ဆုချီးမြှင့်ခြင်းတို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် အာဇာနည်နေ့အခမ်းအနားအား ဌာနဆိုင်ရာများနှင့် အရပ်ဖက်အဖွဲ့များ၊ ပြည်သူလူထုတို့ ပူးပေါင်းကျင်းပရန် စီစဉ်နခြေင်းဖြစ်ပြီး အာဇာနည်နေ့တွင် လွမ်းသူ့ပန်းခွေမှာယူနိုင်ရန်နှင့် နှင်းဆီပန်းပွင့်များ အလွယ်တကူ ဝယ်ယူနိုင်ရေးကိုလည်း စီစဉ်ပေးထားကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~