ထုိင္းႏုိင္ငံ၊ မယ္ဆိုင္ဂူမွ ကယ္ထုတ္လာသည့္ ေတာဝက္ေဘာလံုးအသင္းမွ ကေလး(၁၂)ဦးအနက္ ကေလး(၁၁)ဦးႏွင့္ နည္းျပတုိ႔ စုစုေပါင္း လူငယ္(၁၂)ဦး သကၤန္းဝတ္ၾကမည့္ (၃)ရက္တာ အစီအစဥ္မ်ားကို လုပ္ငန္း အေကာင္ အထည္ေဖၚေဆာင္ေရး ေကာ္မတီက ထုတ္ျပန္ထားသည္ကို ေတြ႔ရသည္။
ေတာဝက္အသင္းဝင္ကေလး(၁၁)ဦးႏွင့္နည္းျပတို႔သည္ ဇူလုိင္လ(၂၄)ရက္ေန႔ နံနက္ (၉)နာရီတြင္ မယ္ဆုိင္ၿမိဳ႕ ဒြိြဳင္ေဝါင္း(လြယ္ေပါင္း)ဘုန္းႀကီးေက်ာင္းအေနာက္ဖက္တြင္ လွည့္လည္ၿပီး နတ္ျပျခင္း၊ ညေန (၃)နာရီ (၃၉)မိနစ္တြင္ တာခ်ီလိတ္ၿမိဳ႕ နဂါးႏွစ္ေကာင္ ပရိယတၱိစာသင္တုိက္၏ ဦးစီးပဓာန နာယက ဆရာေတာ္၊ ႏုိင္ငံေတာ္ ၾသဝါဒစရိယ၊ အဘိဓဇအဂၢမဟာသဒၶမၼေဇာတိက၊ အဂၢမဟာပ႑ိတ၊ ဂုဏ္ထူးေဆာင္ ပါရဂူဘြဲ႕ရ နဂါးႏွစ္ေကာင္ဆရာေတာ္ ဘဒၵႏၱဓမၼသီရိက ဆံခ်ေပးျခင္း၊ ညေန (၄)နာရီ (၃၉)မိနစ္တြင္ ရွင္ေလာင္းဝတ္စံု ဝတ္ဆင္ျခင္းမ်ား ျပဳလုပ္ၾကမည္ျဖစ္ေၾကာင္း သိရသည္။
ဇူလုိင္လ (၂၅)ရက္ေန႔တြင္ နံနက္(၈)နာရီအခ်ိန္၌ လိြဳင္တုန္းဘုန္းႀကီးေက်ာင္းသို႔ သြားေရာက္ကာ နံနက္ (၉)နာရီတြင္ သကၤန္းေတာင္းျခင္း၊ သိမ္ဝင္ျခင္းတို႔ လုပ္ေဆာင္ကာ အဆိုပါ ဘုန္းေတာ္ႀကီးေက်ာင္းတြင္ တစ္ညက်ိန္းၾကမည္ျဖစ္ေၾကာင္း သိရသည္။
ဇူလိုင္လ (၂၆)ရက္ေန႔တြင္ လိြဳင္တုန္းဘုန္းႀကီးေက်ာင္းမွ မယ္ဆိုင္ရိွ ဒြိြဳင္ေဝါင္းဘုန္းႀကီးေက်ာင္းသို႔ ၾကြမည္ျဖစ္ကာ ၾသဂုတ္လ (၃)ရက္ေန႔အထိ ေတာ၀က္ေဘာလံုးအသင္းမွ လူငယ္(၁၁)ဦးသည္ ကိုရင္၀တ္မည္ျဖစ္ၿပီး နည္းျပျဖစ္သူမွာ တစ္ႏွစ္၀တ္မည္ျဖစ္ေၾကာင္း
အဆိုပါ ဘုန္းႀကီးေက်ာင္းတြင္ သကၤန္းဝတ္သည့္ကာလအတြင္း ေက်ာင္းေဝယ်ာဝစၥႏွင့္ ဘုရားရိွခိုး၊ တရားက်င့္ျခင္းတုိ႔ကို ဆရာေတာ္မ်ားက သင္ၾကားေပးမည္ျဖစ္ကာ အဆိုပါကေလးမ်ား၏ ေဝယ်ာဝစၥ၊ က်န္းမာေရး၊ လံုၿခံဳေရးအတြက္ လုပ္ငန္းအေကာင္အထည္ေဖၚေဆာင္ေရးဆပ္မတီက တာဝန္ ယူသြားမည္ျဖစ္ေၾကာင္း သိရသည္။
အဆုိပါ ေကာ္မတီတြင္ ခ်င္းရိုင္းခရိုင္အုပ္ခ်ဳပ္ေရးမွဴးက ဥကၠဌအျဖစ္ တာဝန္ယူထားၿပီး မယ္ဆိုင္ၿမိဳ႕ပိုင္၊ ခရိုင္ယဥ္ေက်းမႈအဖြဲ႕၊ ခရိုင္လူသားအရင္းအျမစ္တိုးတက္ေရးအဖြဲ႕၊ ခရိုင္က်န္းမာေရးဌာန၊ ခရိုင္ရဲမွဴးခ်ဳပ္ႏွင့္ ခရိုင္သာသနာေရးဦးစီးမွဴးတုိ႔ ပါဝင္ေၾကာင္း သိရသည္။
သတင္း / ဓါတ္ပံု - စည္သူေမာင္
တောဝက်အသင်းဝင်ကလေး(၁၁)ဦးနှင့်နည်းပြတို့သည် ဇူလိုင်လ(၂၄)ရက်နေ့ နံနက် (၉)နာရီတွင် မယ်ဆိုင်မြို့ ဒွိုင်ဝေါင်း(လွယ်ပေါင်း)ဘုန်းကြီးကျောင်းအနောက်ဖက်တွင် လှည့်လည်ပြီး နတ်ပြခြင်း၊ ညနေ (၃)နာရီ (၃၉)မိနစ်တွင် တာချီလိတ်မြို့ နဂါးနှစ်ကောင် ပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာန နာယက ဆရာတော်၊ နိုင်ငံတော် သြဝါဒစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ရ နဂါးနှစ်ကောင်ဆရာတော် ဘဒ္ဒန္တဓမ္မသီရိက ဆံချပေးခြင်း၊ ညနေ (၄)နာရီ (၃၉)မိနစ်တွင် ရှင်လောင်းဝတ်စုံ ဝတ်ဆင်ခြင်းများ ပြုလုပ်ကြမည်ဖြစ်ကြောင်း သိရသည်။
ဇူလိုင်လ (၂၅)ရက်နေ့တွင် နံနက်(၈)နာရီအချိန်၌ လွိုင်တုန်းဘုန်းကြီးကျောင်းသို့ သွားရောက်ကာ နံနက် (၉)နာရီတွင် သင်္ကန်းတောင်းခြင်း၊ သိမ်ဝင်ခြင်းတို့ လုပ်ဆောင်ကာ အဆိုပါ ဘုန်းတော်ကြီးကျောင်းတွင် တစ်ညကျိန်းကြမည်ဖြစ်ကြောင်း သိရသည်။
ဇူလိုင်လ (၂၆)ရက်နေ့တွင် လွိုင်တုန်းဘုန်းကြီးကျောင်းမှ မယ်ဆိုင်ရှိ ဒွိုင်ဝေါင်းဘုန်းကြီးကျောင်းသို့ ကြွမည်ဖြစ်ကာ သြဂုတ်လ (၃)ရက်နေ့အထိ တောဝက်ဘောလုံးအသင်းမှ လူငယ်(၁၁)ဦးသည် ကိုရင်ဝတ်မည်ဖြစ်ပြီး နည်းပြဖြစ်သူမှာ တစ်နှစ်ဝတ်မည်ဖြစ်ကြောင်း
အဆိုပါ ဘုန်းကြီးကျောင်းတွင် သင်္ကန်းဝတ်သည့်ကာလအတွင်း ကျောင်းဝေယျာဝစ္စနှင့် ဘုရားရှိခိုး၊ တရားကျင့်ခြင်းတို့ကို ဆရာတော်များက သင်ကြားပေးမည်ဖြစ်ကာ အဆိုပါကလေးများ၏ ဝေယျာဝစ္စ၊ ကျန်းမာရေး၊ လုံခြုံရေးအတွက် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရေးဆပ်မတီက တာဝန် ယူသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကော်မတီတွင် ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူးက ဥက္ကဌအဖြစ် တာဝန်ယူထားပြီး မယ်ဆိုင်မြို့ပိုင်၊ ခရိုင်ယဉ်ကျေးမှုအဖွဲ့၊ ခရိုင်လူသားအရင်းအမြစ်တိုးတက်ရေးအဖွဲ့၊ ခရိုင်ကျန်းမာရေးဌာန၊ ခရိုင်ရဲမှူးချုပ်နှင့် ခရိုင်သာသနာရေးဦးစီးမှူးတို့ ပါဝင်ကြောင်း သိရသည်။
သတင်း / ဓာတ်ပုံ - စည်သူမောင်