ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကျောင်းသား၊ ကျောင်းသူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဘေးအန္တရာယ်ကင်းဝေးစေရေး အသိပညာပေးဟောပြောပွဲကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ( ၉) ရက်နေ့ နံနက် (၁၀) နာရီက ကာနကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ပြုလုပ်ကြောင်း သိရသည်။
အခမ်းအနားတွင် အမှတ်(၁၁၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲအုပ်ဇော်မျိုးအောင်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်သည့် လိုက်နာရမည့် အချက်များနှင့် ရှောင်ကြဉ်ရမည့် အချက်များ၊ ဖြစ်ပေါ်နိုင်သည့် အန္တရာယ်များကို ရှင်းလင်းဟောပြောပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အမှတ်(၁၁၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲအုပ်ဇော်မျိုးအောင်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်သည့် လိုက်နာရမည့် အချက်များနှင့် ရှောင်ကြဉ်ရမည့် အချက်များ၊ ဖြစ်ပေါ်နိုင်သည့် အန္တရာယ်များကို ရှင်းလင်းဟောပြောပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်း စာစောင်များ ဖြနေ့်ဝပေးခဲ့ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - သန်းဇော်