မယ်ဆိုင်ချောင်းအတွင်း ချောင်းအနီးနေ နှစ်ဖက်ပြည်သူများ အမှိုက်စွန့်ပစ်မှုများနှင့် ပတ်သက်၍ ပူးပေါင်း ပညာပေးဆော်သြကြရန် ထိုင်းဘက်က ဆွေးနွေး

မယ်ဆိုင်ချောင်းအတွင်း ချောင်းအနီးနေ နှစ်ဖက်ပြည်သူများ အမှိုက်စွန့်ပစ်မှုများနှင့် ပတ်သက်၍ ပူးပေါင်း ပညာပေးဆော်သြကြရန် ထိုင်းဘက်က ဆွေးနွေး
သြဂုတ် 18, 2018
By Tachileik News Agency

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကြားရှိ နှစ်နိုင်ငံ နယ်စပ်ချောင်း အတွင်းသို့ နှစ်နိုင်ငံဒေသခံများက အမှိုက်စွန့်ပစ်နေကြသဖြင့် နှစ်ဖက်နယ်ခြားကော်မတီများ ပူးပေါင်း၍ ပညာပေးဆော်သြကြရန် ထိုင်းဘက်က ဆွေးနွေးထားကြောင်း သိရသည်။

မယ်ဆိုင်မြို့နယ်နှင့် တာချီလိတ်ခရိုင်များရှိ လူနေရပ်ကွက်များမှ မဲဆိုင်ချောင်းအတွင်းသို့ အမှိုက် စွန့်ပစ်မှုကြောင့် ထိုင်းနိုင်ငံ ကော်ချန့်အုပ်စုနယ်မြေများတွင် အမှိုက်ပြဿနာနှင့် ကြုံတွေ့ရပြီး ကော်ချန့် ရေသွယ်မြောင်းအတွင်း ပိတ်ဆို့ခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ခြင်းများကြုံနေရကြောင်း ထိုင်းဘက်က တင်ပြခဲ့ရာ မယ်ဆိုင်ချောင်းဘေး နေထိုင်သည့် တာချီလိတ်ဒေသခံများအနေဖြင့် ချောင်းအတွင်း အမှိုက်မပစ်ရန် အသိပညာပေးဆော်သြသွားမည်ဖြစ်ကြောင်း မြန်မာဘက်က ပြန်လည်ဖြေကြားခဲ့သည်။


Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကြားရှိ နှစ်နိုင်ငံ နယ်စပ်ချောင်း အတွင်းသို့ နှစ်နိုင်ငံဒေသခံများက အမှိုက်စွန့်ပစ်နကြေသဖြင့် နှစ်ဖက်နယ်ခြားကော်မတီများ ပူးပေါင်း၍ ပညာပေးဆော်သြကြရန် ထိုင်းဘက်က ဆွေးနွေးထားကြောင်း သိရသည်။

မယ်ဆိုင်မြို့နယ်နှင့် တာချီလိတ်ခရိုင်များရှိ လူနေရပ်ကွက်များမှ မဲဆိုင်ချောင်းအတွင်းသို့ အမှိုက် စွန့်ပစ်မှုကြောင့် ထိုင်းနိုင်ငံ ကော်ချန့်အုပ်စုနယ်မြေများတွင် အမှိုက်ပြဿနာနှင့် ကြုံတွေ့ရပြီး ကော်ချန့် ရေသွယ်မြောင်းအတွင်း ပိတ်ဆို့ခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ခြင်းများကြုံနေရကြောင်း ထိုင်းဘက်က တင်ပြခဲ့ရာ မယ်ဆိုင်ချောင်းဘေး နေထိုင်သည့် တာချီလိတ်ဒေသခံများအနဖြေင့် ချောင်းအတွင်း အမှိုက်မပစ်ရန် အသိပညာပေးဆော်သြသွားမည်ဖြစ်ကြောင်း မြန်မာဘက်က ပြန်လည်ဖြကြေားခဲ့သည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ဇန်းမွန်(အာခါ) ဟိုတယ်တွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၁၇)ရက်နေ့ နံနက်က ကျင်းပသည့် မြန်မာ - ထိုင်း နှစ်နိုင်ငံ မြို့နယ်အဆင့် နယ်ခြားကော်မတီ (TBC)၏ (၉၃)ကြိမ်မြောက် အစည်းအဝေးတွင် ထိုင်းဘက်က ယင်းကဲ့သို့ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~