တုိင္းရင္းသားလက္နက္ကိုင္ (၇)ဖြဲ႕က ေရေဘးသင့္မ်ားအတြက္ ေငြက်ပ္သိန္း(၄၃၆၆)ေက်ာ္ကို ၿငိမ္းခ်မ္းေရးေကာ္မရွင္မွတစ္ဆင့္ လွဴဒါန္း

တုိင္းရင္းသားလက္နက္ကိုင္ (၇)ဖြဲ႕က ေရေဘးသင့္မ်ားအတြက္ ေငြက်ပ္သိန္း(၄၃၆၆)ေက်ာ္ကို ၿငိမ္းခ်မ္းေရးေကာ္မရွင္မွတစ္ဆင့္ လွဴဒါန္း
သြဂုတ် 23, 2018
By 🌸
သဘာဝေဘးအႏၱရာယ္ခံစားေနရသူမ်ားအတြက္ အစိုးရ၏ကူညီေထာက္ပံ့မႈတြင္ တုိင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းမ်ားအေနျဖင့္ ပထမဆံုးပူးေပါင္းကူညီမႈအျဖစ္ ႏုိင္ငံတြင္း ေရေဘးသင့္မ်ားျပန္လည္ထူေထာင္ေရးအတြက္ ေငြက်ပ္ (၄၃၆၆)သိန္းေက်ာ္ကို တုိင္းရင္းသားလက္နက္ကိုင္(၇)ဖြဲ႕ပါဝင္သည့္ FPNCC က ၾသဂုတ္လ(၂၃)ရက္ေန႔တြင္ ၿငိမ္းခ်မ္းေရးေကာ္မရွင္မွတစ္ဆင့္ လွဴဒါန္းလုိက္ေၾကာင္း သိရသည္။

“အစဥ္အလာေတာ့မရိွေပမဲ့ တုိင္းရင္းသားအခ်င္းခ်င္း အားနည္းခ်က္ကို မၾကည့္ဘဲနဲ႔ လူထုဒုကၡေရာက္ေနခ်ိန္မွာ အတူလက္တြဲၿပီး ေမတၱာ၊ ဂရုဏာေစတနာနဲ႔ လက္ေတြ႔ေဖၚေဆာင္တာ ေကာင္းတယ္ေလ။ ဒါမ်ိဳးျဖစ္စဥ္လည္း ေနာက္က်ရင္လည္း ရိွေစခ်င္တယ္ေလ။ ဒါမ်ိဳးျဖစ္ေပၚလာႏုိင္တဲ့ သဘာဝေဘးေတြမွာ လက္တြဲပူးေပါင္းေျဖရွင္းၾကမယ္ဆိုရင္ေတာ့ ပိုၿပီးလြယ္ကူျမန္ဆန္ထိေရာက္မယ္ဆိုတာ ကၽြန္ေတာ္တုိ႔ကလည္း ယံုၾကည္တယ္။ ဒီလိုလက္ေတြ႔ကူညီမႈေတြနဲ႔ မၾကာမၾကာလုပ္ခ်င္ပါတယ္။ ဒါမွလည္း တုိင္းရင္းသားေတြၾကား ပိုမိုရင္းႏွီးေစမယ္ေလ” ဟု UWSA/UWSP ၏ လားရိႈးၿမိဳ႕ အေျခစိုက္ ဆက္ဆံေရးရံုးတာဝန္ခံ ဦးညီရန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ လွဴဒါန္းေငြက်ပ္ (၄၃၆,၆၈၁,၂၂၂)ကို တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ား၏ ျပည္ေထာင္စု ႏုိင္ငံေရးေဆြးေႏြးညိႇႏိႈင္းေရး အၿမဲတမ္းေကာ္မတီ (FPNCC) ကိုယ္စား UWSA ၏ လားရိႈးၿမိဳ႕ အေျခစိုက္ဆက္ဆံေရးရံုးတာဝန္ခံ ဦးညီရန္းႏွင့္ ဆက္သြယ္ေရးတာဝန္ခံ ဦးအုိက္စံေရႊတို႔ (၂)ဦးက ေနျပည္ေတာ္ရိွ ၿငိမ္းခ်မ္းေရးေကာ္မရွင္ရံုးတြင္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၂၃)ရက္ေန႔က သြားေရာက္လွဴဒါန္းေပးျခင္းျဖစ္ေၾကာင္း သိရသည္။

“ႏုိင္ငံေရးအရ တူညီမႈမရိွတဲ့အျမင္ေတြကို ခဏေဘးဖယ္ထားၿပီးေတာ့ ကၽြန္ေတာ္တုိ႔ ညီေနာင္တုိင္းရင္းသားေတြ ခံစားေနရတဲ့ေဘးဒုကၡကို ကၽြန္ေတာ္တုိ႔ ေငြစုေဆာင္းၿပီးေတာ့ အခုလို လာေရာက္လွဴဒါန္းရျခင္း ျဖစ္ပါတယ္။ ေရႀကီးေရလွ်ံမႈကိုခံစားရတဲ့ျပည္သူလူထုနဲ႔အတူ ကၽြန္ေတာ္တို႔လည္း တစ္ထပ္တည္းအတူရိွေနတယ္ဆိုတဲ့ စိတ္ဓါတ္ခြန္အားလည္း ေပးခ်င္တာပါ။ ဘယ္လိုပဲျဖစ္ျဖစ္ သူမ်ားႏုိင္ငံကေတာင္ လာလွဴေနရတာ။ ပတ္ဝန္းက်င္ ႏုိင္ငံေတြမွာဆိုလည္း အတုယူဖို႔သင့္တယ္ေလ။ ကၽြန္ေတာ္တုိ႔ တုိင္းရင္းသားအခ်င္းခ်င္းလွဴဖို႔သင့္ပါတယ္ဆိုၿပီးမွ FPNCC ညီေနာင္တပ္ဖြဲ႕ေတြ တုိင္ပင္ၿပီးေတာ့မွ သေဘာတူညီမႈရသြားေတာ့ လွဴျဖစ္သြားတာပါ”ဟု UWSA/UWSP ၏ လားရိႈးၿမိဳ႕ အေျခစိုက္ ဆက္ဆံေရးရံုးတာဝန္ခံ ဦးညီရန္းက ေျပာသည္။

တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ား၏ ျပည္ေထာင္စု ႏုိင္ငံေရးေဆြးေႏြးညိႇႏိႈင္းေရး အၿမဲတမ္းေကာ္မတီ (FPNCC)တြင္ တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားျဖစ္သည့္ UWSA၊ NDAA၊ SSPP၊ TNLA၊ MNDAA၊ AA ႏွင့္ KIA တို႔ ပါဝင္ဖြဲ႕စည္းထားျခင္းျဖစ္သည္။

၂၀၁၈ ခုႏွစ္၊ ဇူလိုင္လႏွင့္ ၾသဂုတ္လအတြင္းေရႀကီးေရလွ်ံမႈမ်ားေၾကာင့္ စစ္ကိုင္းတုိင္းေဒသႀကီး၊ ျပည္ေထာင္စုနယ္ေျမ ေနျပည္ေတာ္၊ ရွမ္းျပည္နယ္၊ ရန္ကုန္တုိင္းေဒသႀကီး၊ ကရင္ျပည္နယ္၊ တနသၤာရီတုိင္းေဒသႀကီး၊ မြန္ျပည္နယ္၊ မေကြးတုိင္းေဒသႀကီး၊ ပဲခူးတုိင္းေဒသႀကီးႏွင့္ ဧရာဝတီတုိင္းေဒသႀကီးတို႔မွ ေရေဘးသင့္လူဦးေရစုစုေပါင္း (၂၂၀,၇၀၀)ရိွခဲ့ရာ အမ်ိဳးသား သဘာဝေဘးအႏၱရာယ္ဆုိင္ရာ စီမံခန္႔ခြဲမႈေကာ္မတီႏွင့္ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနက ၾသဂုတ္လ(၂၂)ရက္ေန႔အထိ က်ပ္(၇၉၃,၈၀၅,၉၀၃)ကို ေထာက္ပံ့ေပးထားေၾကာင္း သိရသည္။

ေရေဘးသင့္မႈေၾကာင့္ ၾသဂုတ္လ(၂၂)ရက္ေန႔အထိ ေသဆံုးသူ (၂၂)ဦးရိွခဲ့ေၾကာင္း သိရသည္။

Photo: Nyi Rang

~~~~~~~~⊰❂ unicode ~~~~~~~~
တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့က ရေဘေးသင့်များအတွက် ငွေကျပ်သိန်း(၄၃၆၆)ကျော်ကို ငြိမ်းချမ်းရေးကော်မရှင်မှတစ်ဆင့် လှူဒါန်း
*************
သဘာဝဘေးအန္တရာယ်ခံစားနေရသူများအတွက် အစိုးရ၏ကူညီထောက်ပံ့မှုတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ပထမဆုံးပူးပေါင်းကူညီမှုအဖြစ် နိုင်ငံတွင်း ရေဘေးသင့်များပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် (၄၃၆၆)သိန်းကျော်ကို တိုင်းရင်းသားလက်နက်ကိုင်(၇)ဖွဲ့ပါဝင်သည့် FPNCC က သြဂုတ်လ(၂၃)ရက်နေ့တွင် ငြိမ်းချမ်းရေးကော်မရှင်မှတစ်ဆင့် လှူဒါန်းလိုက်ကြောင်း သိရသည်။

“အစဉ်အလာတော့မရှိပေမဲ့ တိုင်းရင်းသားအချင်းချင်း အားနည်းချက်ကို မကြည့်ဘဲနဲ့ လူထုဒုက္ခရောက်နေချိန်မှာ အတူလက်တွဲပြီး မေတ္တာ၊ ဂရုဏာစေတနာနဲ့ လက်တွေ့ဖေါ်ဆောင်တာ ကောင်းတယ်လေ။ ဒါမျိုးဖြစ်စဉ်လည်း နောက်ကျရင်လည်း ရှိစေချင်တယ်လေ။ ဒါမျိုးဖြစ်ပေါ်လာနိုင်တဲ့ သဘာဝဘေးတွေမှာ လက်တွဲပူးပေါင်းဖြေရှင်းကြမယ်ဆိုရင်တော့ ပိုပြီးလွယ်ကူမြန်ဆန်ထိရောက်မယ်ဆိုတာ ကျွန်တော်တို့ကလည်း ယုံကြည်တယ်။ ဒီလိုလက်တွေ့ကူညီမှုတွေနဲ့ မကြာမကြာလုပ်ချင်ပါတယ်။ ဒါမှလည်း တိုင်းရင်းသားတွေကြား ပိုမိုရင်းနှီးစေမယ်လေ” ဟု UWSA/UWSP ၏ လားရှိုးမြို့ အခြေစိုက် ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ လှူဒါန်းငွေကျပ် (၄၃၆,၆၈၁,၂၂၂)ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး အမြဲတမ်းကော်မတီ (FPNCC) ကိုယ်စား UWSA ၏ လားရှိုးမြို့ အခြေစိုက်ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းနှင့် ဆက်သွယ်ရေးတာဝန်ခံ ဦးအိုက်စံရွှေတို့ (၂)ဦးက နေပြည်တော်ရှိ ငြိမ်းချမ်းရေးကော်မရှင်ရုံးတွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၃)ရက်နေ့က သွားရောက်လှူဒါန်းပေးခြင်းဖြစ်ကြောင်း သိရသည်။

“နိုင်ငံရေးအရ တူညီမှုမရှိတဲ့အမြင်တွေကို ခဏဘေးဖယ်ထားပြီးတော့ ကျွန်တော်တို့ ညီနောင်တိုင်းရင်းသားတွေ ခံစားနေရတဲ့ဘေးဒုက္ခကို ကျွန်တော်တို့ ငွေစုဆောင်းပြီးတော့ အခုလို လာရောက်လှူဒါန်းရခြင်း ဖြစ်ပါတယ်။ ရေကြီးရေလျှံမှုကိုခံစားရတဲ့ပြည်သူလူထုနဲ့အတူ ကျွန်တော်တို့လည်း တစ်ထပ်တည်းအတူရှိနေတယ်ဆိုတဲ့ စိတ်ဓါတ်ခွန်အားလည်း ပေးချင်တာပါ။ ဘယ်လိုပဲဖြစ်ဖြစ် သူများနိုင်ငံကတောင် လာလှူနေရတာ။ ပတ်ဝန်းကျင် နိုင်ငံတွေမှာဆိုလည်း အတုယူဖို့သင့်တယ်လေ။ ကျွန်တော်တို့ တိုင်းရင်းသားအချင်းချင်းလှူဖို့သင့်ပါတယ်ဆိုပြီးမှ FPNCC ညီနောင်တပ်ဖွဲ့တွေ တိုင်ပင်ပြီးတော့မှ သဘောတူညီမှုရသွားတော့ လှူဖြစ်သွားတာပါ”ဟု UWSA/UWSP ၏ လားရှိုးမြို့ အခြေစိုက် ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး အမြဲတမ်းကော်မတီ (FPNCC)တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် UWSA၊ NDAA၊ SSPP၊ TNLA၊ MNDAA၊ AA နှင့် KIA တို့ ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ်၊ ဇူလိုင်လနှင့် သြဂုတ်လအတွင်းရေကြီးရေလျှံမှုများကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ရေဘေးသင့်လူဦးရေစုစုပေါင်း (၂၂၀,၇၀၀)ရှိခဲ့ရာ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သြဂုတ်လ(၂၂)ရက်နေ့အထိ ကျပ်(၇၉၃,၈၀၅,၉၀၃)ကို ထောက်ပံ့ပေးထားကြောင်း သိရသည်။

ရေဘေးသင့်မှုကြောင့် သြဂုတ်လ(၂၂)ရက်နေ့အထိ သေဆုံးသူ (၂၂)ဦးရှိခဲ့ကြောင်း သိရသည်။

Photo: Nyi Rang

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~