မိုင္းဆတ္ၿမိဳ႕တြင္ ယခင္ႏွစ္အျမင့္ဆံုးမိုးေရခ်ိန္ထက္ (၁)လက္မေက်ာ္ပိုသျဖင့္ တစ္ရက္အတြင္း လူေနအိမ္ (၁၇၀)ေက်ာ္ႏွင့္ လယ္ေျမဧက(၃၀)ေက်ာ္ ေရနစ္ျမဳပ္

မိုင္းဆတ္ၿမိဳ႕တြင္ ယခင္ႏွစ္အျမင့္ဆံုးမိုးေရခ်ိန္ထက္ (၁)လက္မေက်ာ္ပိုသျဖင့္ တစ္ရက္အတြင္း လူေနအိမ္ (၁၇၀)ေက်ာ္ႏွင့္ လယ္ေျမဧက(၃၀)ေက်ာ္ ေရနစ္ျမဳပ္
သြဂုတ် 23, 2018
By 🌸
႐ွမ္းျပည္နယ္(အေ႐ွ႕ပိုင္း) မိုင္းဆတ္ၿမိဳ႕၌ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၂၃)ရက္ေန႔က မိုးေရခ်ိန္ (၃.၅၈)လက္မ ရြာသြန္းရာ ယခင္ႏွစ္ အျမင့္ဆံုးမိုးေရခ်ိန္ထက္ (၁.၀၂)လက္မပိုခဲ့ၿပီး ေတာင္က်ေရေၾကာင့္ လူေနအိမ္ (၁၇၀)ေက်ာ္ႏွင့္ လယ္ေျမဧက(၃၀)ေက်ာ္ ေရနစ္ျမဳပ္သြားေၾကာင္း သိရသည္။

ၾသဂုတ္လ (၂၃) ရက္ေန႔ နံနက္အေစာပိုင္းက မိုးသည္းထန္စြာရြာသြန္းၿပီး ေတာင္က်ေရမ်ားစီးဆင္းလာရာ နံနက္ (၆ )နာရီခန႔္က ဟိုနားေက်းရြာရိွ မိုင္းဆတ္-မိုင္းခုတ္လမ္းေရေက်ာ္သြားကာ လူေနအိမ္(၂)လုံးေရႏွစ္ျမဳပ္ၿပီး ၿခံစည္း႐ိုး အုတ္တံတိုင္းေပ(၄၀)ခန္႔ၿပိဳက်ပ်က္စီးျခင္း၊ နံနက္ (၈) နာရီခန႔္က မယ္ဆြမ္ေတာင္ေခ်ာင္းေရျမင့္တက္ လာမႈေၾကာင့္ မယ္ဆြမ္ေတာင္ရပ္ကြက္၊ ေနာင္ဟီးရပ္အတြင္းရိွ လူေနအိမ္(၁၅၀)ခန္႔မွာ နည္းဆုံး(၁)ေပမွ အမ်ားဆုံး (၂)ေပခဲြခန္႔ထိ ေရႏွစ္ျမဳပ္္မႈျဖစ္ပြားျခင္းႏွင့္ နံနက္ (၁၁) နာရီခဲြခန္႔က မယ္ဆတ္ေခ်ာင္း ေတာင္က်ေရ စီးဆင္းမႈေၾကာင့္ မယ္ဆြမ္ေျမာက္ရပ္ကြက္အတြင္းရိွ လူေနအိမ္နွင့္ ဌာနဆိုင္ရာ႐ုံး(၂၀)ခန္႔မွာ ေရ၀င္ေရာက္ျဖစ္ပြားျခင္းႏွင့္ ဆိုက္ေခါင္ေက်းရြာရိွ လယ္ေျမဧက(၃၀)ေက်ာ္ေရႏွစ္ျမဳပ္သြားျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေရႏွစ္ျမဳပ္္သည့္ လူေနအိမ္မ်ားသို႔ ခ႐ိုင္စီမံခန္႔ခဲြမႈေကာ္မတီဥကၠဌ ဦးေနမ်ဳိးေအာင္ႏွင့္ ေခတၱ ၿမိဳ႕နယ္စီမံခန႔္ခဲြမႈေကာ္မတီဥကၠဌ ၿမိဳ႕နယ္ရဲတပ္ဖဲြ႔မွဴး ရဲမွဴးေအာင္ႏိုင္ေရႊ ဦးေဆာင္ေသာ ရဲတပ္ဖဲြ႔၀င္မ်ား၊ မီးသတ္ တပ္ဖဲြ႔၀င္မ်ားႏွင့္ ဌာနဆိုင္ရာ၀န္ထမ္းမ်ားက ကူညီကယ္ဆယ္ေရးလုပ္ငန္းမ်ားေဆာင္ရြက္ေပးၿပီး ေရႏွင့္စား ေသာက္ဖြယ္ရာမ်ား ေပးပို႔ထားေၾကာင္း သိရသည္။ 

သတင္း၊ဓါတ္ပံု #သန္းေဇာ္

~~~~~~~~⊰❂ unicode ~~~~~~~~
 မိုင်းဆတ်မြို့တွင် ယခင်နှစ်အမြင့်ဆုံးမိုးရေချိန်ထက် (၁)လက်မကျော်ပိုသဖြင့် တစ်ရက်အတွင်း လူနေအိမ် (၁၇၀)ကျော်နှင့် လယ်မြေဧက(၃၀)ကျော် ရေနစ်မြုပ်
*************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၃)ရက်နေ့က မိုးရေချိန် (၃.၅၈)လက်မ ရွာသွန်းရာ ယခင်နှစ် အမြင့်ဆုံးမိုးရေချိန်ထက် (၁.၀၂)လက်မပိုခဲ့ပြီး တောင်ကျရေကြောင့် လူနေအိမ် (၁၇၀)ကျော်နှင့် လယ်မြေဧက(၃၀)ကျော် ရေနစ်မြုပ်သွားကြောင်း သိရသည်။

သြဂုတ်လ (၂၃) ရက်နေ့ နံနက်အစောပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများစီးဆင်းလာရာ နံနက် (၆ )နာရီခန့်က ဟိုနားကျေးရွာရှိ မိုင်းဆတ်-မိုင်းခုတ်လမ်းရေကျော်သွားကာ လူနေအိမ်(၂)လုံးရေနှစ်မြုပ်ပြီး ခြံစည်းရိုး အုတ်တံတိုင်းပေ(၄၀)ခန့်ပြိုကျပျက်စီးခြင်း၊ နံနက် (၈) နာရီခန့်က မယ်ဆွမ်တောင်ချောင်းရေမြင့်တက် လာမှုကြောင့် မယ်ဆွမ်တောင်ရပ်ကွက်၊ နောင်ဟီးရပ်အတွင်းရှိ လူနေအိမ်(၁၅၀)ခန့်မှာ နည်းဆုံး(၁)ပေမှ အများဆုံး (၂)ပေခွဲခန့်ထိ ရေနှစ်မြုပ်မှုဖြစ်ပွားခြင်းနှင့် နံနက် (၁၁) နာရီခွဲခန့်က မယ်ဆတ်ချောင်း တောင်ကျရေ စီးဆင်းမှုကြောင့် မယ်ဆွမ်မြောက်ရပ်ကွက်အတွင်းရှိ လူနေအိမ်နှင့် ဌာနဆိုင်ရာရုံး(၂၀)ခန့်မှာ ရေဝင်ရောက်ဖြစ်ပွားခြင်းနှင့် ဆိုက်ခေါင်ကျေးရွာရှိ လယ်မြေဧက(၃၀)ကျော်ရေနှစ်မြုပ်သွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေနှစ်မြုပ်သည့် လူနေအိမ်များသို့ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးနေမျိုးအောင်နှင့် ခေတ္တ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်နိုင်ရွှေ ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးပြီး ရေနှင့်စား သောက်ဖွယ်ရာများ ပေးပို့ထားကြောင်း သိရသည်။ 

သတင်း၊ဓါတ်ပုံ #သန်းဇော်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~