မိုင်းဆတ်မြို့တွင် တစ်နေကုန်နီးပါး ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပြီးနောက် ညနေပိုင်းတွင် ရေများပြန်ကျသွားသော်လည်း အချို့နေရာတွင် ရေများ ကျန်နေသေး
မိုင်းဆတ်မြို့တွင် တစ်နေကုန်နီးပါး ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပြီးနောက် ညနေပိုင်းတွင် ရေများပြန်ကျသွားသော်လည်း အချို့နေရာတွင် ရေများ ကျန်နေသေး
သြဂုတ် 23, 2018
By Tachileik News Agency
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့တွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၃)ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းသဖြင့် တောင်ကျရေနှင့် ချောင်းရေတိုးလာကာ နံနက်ပိုင်းကတည်း ရေကြီးနစ်မြုပ်မှုဖြစ်ပွားနေပြီး ညနေ(၄)နာရီဝန်းကျင်တွင် ရေပြန်ကျသွားပြီဖြစ်ကြောင်း သိရသည်။
Tachileik News Agency
ဓါတ်ပုံ -Tiger Wan
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့တွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၃)ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းသဖြင့် တောင်ကျရေနှင့် ချောင်းရေတိုးလာကာ နံနက်ပိုင်းကတည်း ရကြေီးနစ်မြုပ်မှုဖြစ်ပွားနပြေီး ညနေ(၄)နာရီဝန်းကျင်တွင် ရပြေန်ကျသွားပြီဖြစ်ကြောင်း သိရသည်။
“အတော်များများမှာတော့ ရေကျသွားပါပြီ။ မနက်က နှစ်ပေခွဲလောက်ရှိတဲ့နေရာက တစ်ပေခွဲလောက်ပဲ ရှိတော့တယ်။ နောင်ဟီးမှာတော့ အိမ်တွေမှာ ပြန်နကြေပါပြီ။ အနိမ့်ပိုင်းတွေပဲ ရေက တစ်ပေခွဲလောက် ရှိတော့တာ”ဟု မိုင်းဆတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းဇော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
သြဂုတ်လ (၂၃) ရက်နေ့ နံနက်အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများစီးဆင်းလာရာ ဟိုနားကျေးရွာတွင် လူနေအိမ်(၂)လုံး၊ မယ်ဆွမ်တောင်ရပ်ကွက်၊ နောင်ဟီးရပ်တွင် လူနေအိမ်(၁၅၀)ခန့်၊ မယ်ဆွမ်မြောက်ရပ်ကွက်တွင် လူနေအိမ်နှင့် ဌာနဆိုင်ရာရုံး(၂၀)ခန့် ရေဝင်နစ်မြုပ်ခဲ့ပြီး ဆိုက်ခေါင်ကျေးရွာတွင် လယ်မြေဧက(၃၀)ကျော် ရေနစ်မြုပ်ခဲ့ခြင်းဖြစ်သည်။
ဖော်ပြပါဓာတ်ပုံမြင်ကွင်းများသည် မိုင်းဆတ်မြို့ နောင်ဟီးရပ်ကွက်၊ ဆိုက်ခေါင်ကျေးရွာ၊ ဝမ်ကျောင်းနှင့် မယ်ဆွမ်မြောက်ရပ်ကွက်တို့၏ ညနေ (၄)နာရီဝန်းကျင်က မြင်ကွင်းများဖြစ်ပါသည်။
Tachileik News Agency
ဓာတ်ပုံ -Tiger Wan
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~