တာချီလိတ်တွင် ရဲတပ်ဖွဲ့က သက်ဆိုင်ရာပူးပေါင်းအင်အားဖြင့် ရှောင်တခင်ပိတ်ဆို့စစ်ဆေးခြင်းကို နေ့ပိုင်းနှင့် ညပိုင်း အဖွဲ့ခွဲ၍ ဆောင်ရွက်နေ

တာချီလိတ်တွင် ရဲတပ်ဖွဲ့က သက်ဆိုင်ရာပူးပေါင်းအင်အားဖြင့် ရှောင်တခင်ပိတ်ဆို့စစ်ဆေးခြင်းကို နေ့ပိုင်းနှင့် ညပိုင်း အဖွဲ့ခွဲ၍ ဆောင်ရွက်နေ
သွဂုတျ 23, 2018
By Tachileik News Agency

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့၌ မြို့အဝင်အထွက် ပိတ်ဆို့စစ်ဆေးမှုများအား နေ့ပိုင်းနှင့် ညပိုင်း အဖွဲ့များခွဲ၍ တိုးမြှင့်လုပ်ဆောင်နေခြင်းဖြစ်ရာ ၂၀၁၈ ခုနှစ် သြဂုတ်လ(၂၃)ရက်နေ့တွင် ဆွတ်ဆိုင်လမ်းဆုံ၌ ပိတ်ဆို့စစ်ဆေးမှုများ ဆောင်ရွက်ကြောင်း သိရသည်။



တာချီလိတ်မြို့နယ်တွင် သြဂုတ်လအတွင်း စိတ်ကြွဆေးပြား (၇)သန်းကျော် ဖမ်းဆီးရမိမှုမှ သယ်ဆောင်လာသူများ ထွက်ပြေးလွတ်မြောက်သွားမှု၊ တာချီလိတ်မြို့လယ်ရှိ ဒိုင်းမွန်းရွှေဆိုင်တွင် သေနတ် သမားတစ်ဦး အနုကြမ်းဝင်စီးမှုမှ တရားခံလွတ်မြောက်နေမှု၊ ဆိုင်ကယ်တက္ကစီသမားတစ်ဦးအား ဂက်စ်သေနတ်ဖြင့်ပစ်၍ ဆိုင်ကယ်လုယက်မှုမှ တရားခံလွတ်မြောက်နေမှုများအပြင် တိုက်မိထွက်ပြေး မော်တော်ယာဉ်များ ဖမ်းဆီးရမိရေးတို့အတွက် သက်ဆိုင်ရာရဲတပ်ဖွဲ့များက အသီးသီး ရှာဖွေဖမ်းဆီးမှုများ အပြင် ရှောင်တခင်ပိတ်ဆို့စစ်ဆေးခြင်းများကိုလည်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။


Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့၌ မြို့အဝင်အထွက် ပိတ်ဆို့စစ်ဆေးမှုများအား နေ့ပိုင်းနှင့် ညပိုင်း အဖွဲ့များခွဲ၍ တိုးမြှင့်လုပ်ဆောင်နခြေင်းဖြစ်ရာ ၂၀၁၈ ခုနှစ် သြဂုတ်လ(၂၃)ရက်နေ့တွင် ဆွတ်ဆို်င်လမ်းဆုံ၌ ပိတ်ဆို့စစ်ဆေးမှုများ ဆောင်ရွက်ကြောင်း သိရသည်။

အဆိုပါ လမ်းဆုံနေရာတွင် နယ်မြေခံတပ်၊ သက်ဆိုင်ရာရဲတပ်ဖွဲ့များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့မှ ပူးပေါင်းအဖွဲ့ဝင် (၉)ဦးဖြင့် စစ်ဆေးမှုများကို နေ့လယ် (၂)နာရီမှ (၄)နာရီအထိ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ရှောင်တခင် ပိတ်ဆို့ စစ်ဆေးမှုများကို မြို့တွင်း၊ မြို့ပြင်လုပ်ဆောင်နေရာ သြဂုတ်လ(၂၀)ရက်နေ့က ရှောင်တခင် ပိတ်ဆို့ စစ်ဆေးမှုများအတွင်း ဖမ်းဆီးရမိမှုအဖြစ် အလေးချိန် (၃၅၀)ဂရမ်ရှိသည့် ဘိန်းဖြူဘလောက်တုံးတစ်တုံး မော်တော်ယာဉ်ဖြင့် သယ်ဆောင်လာသည်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်တွင် သြဂုတ်လအတွင်း စိတ်ကြွဆေးပြား (၇)သန်းကျော် ဖမ်းဆီးရမိမှုမှ သယ်ဆောင်လာသူများ ထွက်ပြေးလွတ်မြောက်သွားမှု၊ တာချီလိတ်မြို့လယ်ရှိ ဒိုင်းမွန်းရွှေဆိုင်တွင် သေနတ် သမားတစ်ဦး အနုကြမ်းဝင်စီးမှုမှ တရားခံလွတ်မြောက်နေမှု၊ ဆိုင်ကယ်တက္ကစီသမားတစ်ဦးအား ဂက်စ်သေနတ်ဖြင့်ပစ်၍ ဆိုင်ကယ်လုယက်မှုမှ တရားခံလွတ်မြောက်နေမှုများအပြင် တိုက်မိထွက်ပြေး မော်တော်ယာဉ်များ ဖမ်းဆီးရမိရေးတို့အတွက် သက်ဆိုင်ရာရဲတပ်ဖွဲ့များက အသီးသီး ရှာဖွေဖမ်းဆီးမှုများ အပြင် ရှောင်တခင်ပိတ်ဆို့စစ်ဆေးခြင်းများကိုလည်း ဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။

ရှောင်တခင် ပိတ်ဆို့စစ်ဆေးမှုများကို တာချီလိတ်မြို့ပေါ်ရပ်ကွက်များ အပြင် တာချီလိတ်ခရိုင်အတွင်း မိုင်းဖြတ် နှင့် မိုင်းယောင်းမြို့တို့တွင်လည်း ရဲတပ်ဖွဲ့များက သက်ဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ရှောင်တခင် စစ်ဆေးမှုများကို ပြုလုပ်နေကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~