တာခ်ီလိတ္အတြင္း မႈခင္းက်ဆင္းေရး တိုးျမႇင့္ေဆာင္ရြက္မႈတြင္ ေဒသခံမ်ား ပူးေပါင္းပါဝင္ၾကရန္ ရဲတပ္ဖြဲ႕ တုိက္တြန္း

တာခ်ီလိတ္အတြင္း မႈခင္းက်ဆင္းေရး တိုးျမႇင့္ေဆာင္ရြက္မႈတြင္ ေဒသခံမ်ား ပူးေပါင္းပါဝင္ၾကရန္ ရဲတပ္ဖြဲ႕ တုိက္တြန္း
သြဂုတ် 24, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ မႈခင္းမ်ား က်ဆင္းေရးအတြက္ တစ္ရက္လွ်င္ (၃)ႀကိမ္ ေရွာင္တခင္ပိတ္ဆို႔ စစ္ေဆးျခင္းမ်ားကို လုပ္ေဆာင္ေနရာ လူထုအေနျဖင့္ ထူးျခားမႈမ်ား ေတြ႔ပါက ရဲတပ္ဖြဲ႕ထံ သတင္းေပးပို႔ျခင္းျဖင့္ ပူးေပါင္းပါဝင္ေပးၾကရန္ ရဲတပ္ဖြဲ႕က တုိက္တြန္းလုိက္သည္။

“ကၽြန္ေတာ္တို႔ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႔အေနနဲ႔ ေန႔မနား၊ ညမနား ကိုယ္စြမ္း၊ ဥာဏ္စြမ္းရိွသေလာက္ လုပ္ေဆာင္ ေနပါတယ္။ ကၽြန္ေတာ္တုိ႔နဲ႔ ပူးေပါင္းပါဝင္ေပးၾကပါ။ ဒါမွသာ တာခ်ီလိတ္ၿမိဳ႕ႀကီးကို တရားဥပေဒစိုးမိုးေရးမွာ ပိုၿပီးလုပ္ေဆာင္ႏို္င္မွာပါ”ဟု ပိတ္ဆို႔စစ္ေဆးေရးတြင္ ပါဝင္လုပ္ေဆာင္ေနသည့္ ေဟာင္လိတ္ရဲကင္းစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ရဲအုပ္ ခ်မ္းေျမ႕ေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ၾသဂုတ္လမွစ၍ တာခ်ီလိတ္ၿမိဳ႕တြင္း ေရွာင္တခင္စစ္ေဆးျခင္းမ်ားကို ပံုမွန္လုပ္ေဆာင္ေနသည္ထက္ တိုးျမႇင့္လုပ္ေဆာင္လာျခင္းျဖစ္ၿပီး ပိတ္ဆို႔စစ္ေဆးမႈမ်ားအတြင္း ဖမ္းဆီးရမိမႈအခ်ိဳ႕လည္း ရိွေၾကာင္း သိရသည္။

ျပည္နယ္၊ ခရိုင္၊ ၿမိဳ႕နယ္ ႏွင့္ ၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႔၀င္မ်ား  မူးယစ္တပ္ဖြဲ႕၊ မီးသတ္တပ္ဖြဲ႕၊ ျပည္သူ႔စစ္ႏွင့္ ရပ္/ေက်းမ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕တို႔က  ညပိုင္းစစ္ေဆးမႈမ်ား လုပ္ေဆာင္ရာ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၂၃)ရက္ေန႔က ေဟာင္လိတ္မီးပိြဳင့္တြင္ ေဟာင္လိတ္ရဲကင္းစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ရဲအုပ္ ခ်မ္းေျမ႕ေအာင္ ဦးေဆာင္သည့္အဖြဲ႕ ႏွင့္ ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတား(၂)ထိပ္တြင္ တာခ်ီလိတ္ၿမိဳ႕ရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ရဲအုပ္ေအးလြင္ေခါင္းေဆာင္သည့္အဖြဲ႕တို႔က ပိတ္ဆို႔ရွာေဖြမႈမ်ား လုပ္ေဆာင္သည္ကို ေတြ႔ရသည္။

တာခ်ီလိတ္ၿမိဳ႕တြင္း တိုက္မိ ထြက္ေျပးယာဥ္မ်ား အပါအဝင္ မႈခင္းအခ်ိဳ႕မွ တရားခံမ်ား လြတ္ေျမာက္ ေနဆဲျဖစ္သျဖင့္ မိမိတို႔အနီးဝန္းက်င္တြင္ ထူးျခားမႈမ်ားေတြ႔ရိွ၍ သတင္းေပးလိုျခင္းႏွင့္ အကူအညီရယူရန္ လိုအပ္ျခင္းတို႔ အတြက္ ရဲတပ္ဖြဲ႕ဖုန္းမ်ားျဖစ္သည့္ ၿမိဳ႕မရဲစခန္း ၀၈၄ ၅၂၀၀၅၊ ၿမိဳ႕နယ္ရဲစခန္း ၀၈၄၅၂၀၀၂ ႏွင့္ ခရိုင္ရဲစခန္း ၀၈၄ ၅၁၅၀၆ တုိ႔သို႔ အခ်ိန္မေရြးဆက္သြယ္ၾကရန္ ရဲတပ္ဖြဲ႕က ႏိႈးေဆာ္ထားသည္ကို ေတြ႔ရသည္။

Tachileik News Agency
ဓါတ္ပံု - ေဇာင္းညီ





~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မှုခင်းများ ကျဆင်းရေးအတွက် တစ်ရက်လျှင် (၃)ကြိမ် ရှောင်တခင်ပိတ်ဆို့ စစ်ဆေးခြင်းများကို လုပ်ဆောင်နေရာ လူထုအနဖြေင့် ထူးခြားမှုများ တွေ့ပါက ရဲတပ်ဖွဲ့ထံ သတင်းပေးပို့ခြင်းဖြင့် ပူးပေါင်းပါဝင်ပေးကြရန် ရဲတပ်ဖွဲ့က တိုက်တွန်းလိုက်သည်။

“ကျွန်တော်တို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ နေ့မနား၊ ညမနား ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသလောက် လုပ်ဆောင် နေပါတယ်။ ကျွန်တော်တို့နဲ့ ပူးပေါင်းပါဝင်ပေးကြပါ။ ဒါမှသာ တာချီလိတ်မြို့ကြီးကို တရားဥပဒေစိုးမိုးရေးမှာ ပိုပြီးလုပ်ဆောင်နို်င်မှာပါ”ဟု ပိတ်ဆို့စစ်ဆေးရေးတွင် ပါဝင်လုပ်ဆောင်နေသည့် ဟောင်လိတ်ရဲကင်းစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ် ချမ်းမြေ့အောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သြဂုတ်လမှစ၍ တာချီလိတ်မြို့တွင်း ရှောင်တခင်စစ်ဆေးခြင်းများကို ပုံမှန်လုပ်ဆောင်နေသည်ထက် တိုးမြှင့်လုပ်ဆောင်လာခြင်းဖြစ်ပြီး ပိတ်ဆို့စစ်ဆေးမှုများအတွင်း ဖမ်းဆီးရမိမှုအချို့လည်း ရှိကြောင်း သိရသည်။

ပြည်နယ်၊ ခရိုင်၊ မြို့နယ် နှင့် မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ မူးယစ်တပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ပြည်သူ့စစ်နှင့် ရပ်/ကျေးများပါဝင်သည့် ပူးပေါင်းအဖွဲ့တို့က ညပိုင်းစစ်ဆေးမှုများ လုပ်ဆောင်ရာ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၃)ရက်နေ့က ဟောင်လိတ်မီးပွိုင့်တွင် ဟောင်လိတ်ရဲကင်းစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ် ချမ်းမြေ့အောင် ဦးဆောင်သည့်အဖွဲ့ နှင့် မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား(၂)ထိပ်တွင် တာချီလိတ်မြို့ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်အေးလွင်ခေါင်းဆောင်သည့်အဖွဲ့တို့က ပိတ်ဆို့ရှာဖွေမှုများ လုပ်ဆောင်သည်ကို တွေ့ရသည်။

တာချီလိတ်မြို့တွင်း တိုက်မိ ထွက်ပြေးယာဉ်များ အပါအဝင် မှုခင်းအချို့မှ တရားခံများ လွတ်မြောက် နေဆဲဖြစ်သဖြင့် မိမိတို့အနီးဝန်းကျင်တွင် ထူးခြားမှုများတွေ့ရှိ၍ သတင်းပေးလိုခြင်းနှင့် အကူအညီရယူရန် လိုအပ်ခြင်းတို့ အတွက် ရဲတပ်ဖွဲ့ဖုန်းများဖြစ်သည့် မြို့မရဲစခန်း ဝ၈၄ ၅၂၀၀၅၊ မြို့နယ်ရဲစခန်း ဝ၈၄၅၂၀၀၂ နှင့် ခရိုင်ရဲစခန်း ဝ၈၄ ၅၁၅၀၆ တို့သို့ အချိန်မရွေးဆက်သွယ်ကြရန် ရဲတပ်ဖွဲ့က နှိုးဆော်ထားသည်ကို တွေ့ရသည်။

Tachileik News Agency
ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~