တာခ်ီလိတ္တြင္ ၾသဂုတ္လ(၂၆)ရက္ေန႔ နံနက္တစ္ပိုင္း တစ္ၿမိဳ႕လံုး လွ်ပ္စစ္မီး ျဖတ္ေတာက္မည္

တာခ်ီလိတ္တြင္ ၾသဂုတ္လ(၂၆)ရက္ေန႔ နံနက္တစ္ပိုင္း တစ္ၿမိဳ႕လံုး လွ်ပ္စစ္မီး ျဖတ္ေတာက္မည္
သြဂုတ် 24, 2018
By Tachileik News Agency

ထိုင္းႏုိင္ငံလွ်ပ္စစ္ဓာတ္အားျဖန္႔ျဖဴးေရးဌာန၏ မယ္က်န္းလွ်ပ္စစ္ဓါတ္ခြဲတြင္ အေရးေပၚ လွ်ပ္စစ္မီး ျပဳျပင္ရန္ ရွိသည့္ အတြက္ တာခ်ီလိတ္၌ ၾသဂုတ္လ(၂၆)ရက္ေန႔တြင္ ေန႔တစ္ပိုင္း လွ်ပ္စစ္မီး ျဖတ္ေတာက္မည္ ျဖစ္ေၾကာင္း သိရသည္။

မယ္က်န္းလွ်ပ္စစ္ဓါတ္ခြဲရံုးရွိ 115KV ပါ၀ါလိုင္း DS (Disconnect Switch) မိန္းဓားႀကီးအား အေရးေပၚ ျပဳျပင္မည္ျဖစ္ရာ ၂၀၁၈ခုႏွစ္ ၾသဂုတ္လ(၂၆)ရက္ေန႔ နံနက္(၆)နာရီခြဲမွ ေန႔လည္(၁၂)နာရီခြဲအခ်ိန္ အထိ လွ်ပ္စစ္မီး ျဖတ္ေတာက္မွာျဖစ္သည့္အတြက္ တာခ်ီလိတ္တစ္ၿမိဳ႕လံုး လွ်ပ္စစ္မီး ျပတ္ေတာက္မွာျဖစ္သည္။

အဆိုပါ လွ်ပ္စစ္မီးျပဳျပင္ေနခ်ိန္တြင္ တာခ်ီလိတ္ၿမိဳ႕ေပၚရပ္ကြက္မ်ား ႏွင့္ တာခ်ီလိတ္ၿမိဳ႕ျပင္ မိုင္းဖုန္းေက်းရြာ အုပ္စု ၀မ္ပံုအထိ ႏွင့္ မိုင္းကိုးေက်းရြာအုပ္စုအထိ ျပတ္ေတာက္မည္ျဖစ္ၿပီး ထိုင္းဘက္မွ လွ်ပ္စစ္မီး ျပဳျပင္မႈ အေစာဆံုး ၿပီးေျမာက္ပါက သတ္မွတ္အခ်က္ထက္ ေစာလ်င္စြာ ျပန္လႊတ္ေပးမည္ ျဖစ္ေၾကာင္း တာခ်ီလိတ္ၿမိဳ႕မီးလင္းေရးရံုးမွ သိရသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ တစ္ဖက္ ထိုင္းႏုိင္ငံမွ လွ်ပ္စစ္မီးအား ၀ယ္ယူကာ ျပန္လည္ျဖန္႔ျဖဴးသံုးစြဲေနျခင္း ျဖစ္ၿပီး ထိုင္းဘက္မွ လွ်ပ္စစ္မီး ျပဳျုပင္သည့္ အခါမ်ဳိးတြင္ လွ်ပ္စစ္မီး ျပတ္ေတာက္မႈမွာ ေန႔တစ္ပိုင္းမွ တစ္ေနကုန္အထိ ရွိတတ္ၿပီး အမ်ားျပည္သူ ရံုးပိတ္ရက္မ်ားတြင္ ျပဳျပင္ေလ့ရွိေၾကာင္း သိရွိရသည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံလျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာန၏ မယ်ကျန်းလျှပ်စစ်ဓာတ်ခွဲတွင် အရေးပေါ် လျှပ်စစ်မီး ပြုပြင်ရန် ရှိသည့် အတွက် တာချီလိတ်၌ သြဂုတ်လ(၂၆)ရက်နေ့တွင် နေ့တစ်ပိုင်း လျှပ်စစ်မီး ဖြတ်တောက်မည် ဖြစ်ကြောင်း သိရသည်။

မယ်ကျန်းလျှပ်စစ်ဓာတ်ခွဲရုံးရှိ 115KV ပါဝါလိုင်း DS (Disconnect Switch) မိန်းဓားကြီးအား အရေးပေါ် ပြုပြင်မည်ဖြစ်ရာ ၂၀၁၈ခုနှစ် သြဂုတ်လ(၂၆)ရက်နေ့ နံနက်(၆)နာရီခွဲမှ နေ့လည်(၁၂)နာရီခွဲအချိန် အထိ လျှပ်စစ်မီး ဖြတ်တောက်မှာဖြစ်သည့်အတွက် တာချီလိတ်တစ်မြို့လုံး လျှပ်စစ်မီး ပြတ်တောက်မှာဖြစ်သည်။

အဆိုပါ လျှပ်စစ်မီးပြုပြင်နေချိန်တွင် တာချီလိတ်မြို့ပေါ်ရပ်ကွက်များ နှင့် တာချီလိတ်မြို့ပြင် မိုင်းဖုန်းကျေးရွာ အုပ်စု ဝမ်ပုံအထိ နှင့် မိုင်းကိုးကျေးရွာအုပ်စုအထိ ပြတ်တောက်မည်ဖြစ်ပြီး ထိုင်းဘက်မှ လျှပ်စစ်မီး ပြုပြင်မှု အစောဆုံး ပြီးမြောက်ပါက သတ်မှတ်အချက်ထက် စောလျင်စွာ ပြန်လွှတ်ပေးမည် ဖြစ်ကြောင်း တာချီလိတ်မြို့မီးလင်းရေးရုံးမှ သိရသည်။

တာချီလိတ်မြို့တွင် တစ်ဖက် ထိုင်းနိုင်ငံမှ လျှပ်စစ်မီးအား ဝယ်ယူကာ ပြန်လည်ဖြန့်ဖြူးသုံးစွဲနခြေင်း ဖြစ်ပြီး ထိုင်းဘက်မှ လျှပ်စစ်မီး ပြုပင်သည့် အခါမျိုးတွင် လျှပ်စစ်မီး ပြတ်တောက်မှုမှာ နေ့တစ်ပိုင်းမှ တစ်နေကုန်အထိ ရှိတတ်ပြီး အများပြည်သူ ရုံးပိတ်ရက်များတွင် ပြုပြင်လေ့ရှိကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~