ျမန္မာ - ထိုင္းနယ္စပ္၊ တာခ်ီလိတ္ၿမိဳ႕အထြက္ ေဟာင္လိတ္မီးပြိဳင့္လမ္းဆံုတြင္ ၂၀၁၆ခုႏွစ္က မီးရႈိ႕ခံထားရေသာ ၿမိဳ႕၀င္ဆုိင္းဘုတ္ေနရာ အနီး၀န္းက်င္၌ လမ္းမီးမရွိ၍ သြားလာသူ ျပည္သူမ်ားအတြက္ အဆင္မေျပမႈမ်ားႏွင့္ အတူ နယ္ေျမလံုၿခံဳေရး စစ္ေဆးမႈမ်ား ျပဳလုပ္သည့္ အခါတြင္ ေမွာင္ေနသည့္အတြက္ အဆင္မေျပမႈမ်ား ျဖစ္ေပၚေနေၾကာင္း သိရသည္။
"ဒီ မုဒ္ဦးကေန ေဟာင္လိတ္ေက်ာင္းအေရွ႕ထိက လမ္းမီးမရွိဘူး။ ေမွာင္မဲေနတယ္။ ကြ်န္ေတာ္တို႔ ေရွာင္တခင္ စစ္ေဆးမႈေတြ လုပ္တဲ့အခါ ဓါတ္မီးနဲ႔ မီးထိုးၿပီး စစ္ေဆးရတယ္။ ေမွာင္ေနေတာ့ အေ၀းကေန လာတဲ့ လွမ္းျမင္ဖို႔က ခက္တယ္၊ ဒီလိုေနရာမွာ လမ္းမီးမရွိဘဲ ေမွာင္မဲေနေတာ့၊ စစ္ေဆးမႈေတြ ျပဳလုပ္တဲ့အခါ ျဖစ္ေစ၊ အမ်ဳိးသမီးေတြ ဆိုင္ကယ္နဲ႔ သြားလာတဲ့ အခါေတြ ျဖစ္ေစ၊ အဆင္မေျပပါဘူး။ ေမွာင္ရိပ္ခိုၿပီး ဒုစရိုက္လုပ္မဲ့သူေတြအတြက္ အားသာေစပါတယ္၊ မုဒ္ဦးရဲ႕ တစ္ဖက္ လမ္းဆံုမွာေတာ့ မီးလင္းေပမဲ့ ဒီဖက္အျခမ္းကေတာ့ မီးလံုး၀ မလင္းဘူး၊ ဒီေနရာ မီးလင္းဖို႔အတြက္ ကြ်န္ေတာ္တို႔ စံုစမ္းၾကည့္ေတာ့ စည္ပင္နဲ႔ဆိုင္တယ္လို႔ေတာ့ သိရေတာ့၊ စည္ပင္က အသိတစ္ေယာက္ကို ေျပာလုိက္ေတာ့ သူတို႔ လူႀကီးကို တင္ျပေပးမယ္ေျပာၿပီးေနာက္ ဘာမွမထူးလာဘူး"ဟု ေရွာင္တခင္ စစ္ေဆးေရးတြင္ ပါ၀င္သည့္ ျပည္သူ႔စစ္တပ္ဖြဲ႔၀င္ တစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
အဆိုပါ ေနရာတြင္ ၂၀၁၆ခုႏွစ္ ဇြန္လ(၂၂)ရက္က ၿမိဳ႕၀င္ဆိုင္းဘုတ္အား မီးရႈိ႕ဖ်က္ဆီးခံရမႈျဖစ္ေပၚသည့္ နည္းတူ ေမာ္ေတာ္ယာဥ္ျဖင့္ ျဖတ္သြားရာတြင္လည္း ကားမွန္အား အေမွာင္ထဲက ေက်ာက္ခဲမ်ားျဖင့္ ပစ္ေပါက္ ခံရမႈမ်ား ျဖစ္ေပၚခဲ့ဖူးေၾကာင္း အျပင္ ယာဥ္တိုက္မႈျဖစ္ပြားၿပီး ယာဥ္အား ေမာင္း၍ ထြက္ေျပးမႈမ်ား၊ လူငယ္မ်ား စုဖြဲ႔ရန္ ခိုက္ရန္ျဖစ္ပြားမႈမ်ား ျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။
Tachileik News Agency
ပံုအညႊန္း ။ ။ လမ္းမီးမရွိဘဲ အေမွာင္ထဲတြင္ စုေပါင္းအဖြဲ႔မွ ၂၀၁၈ခုႏွစ္ ၾသဂုတ္လ(၂၄)ရက္ေန႔ ညပိုင္းက စစ္ေဆးမႈမ်ား ျပဳလုပ္ေနစဥ္။
"ဒီ မုဒ်ဦးကနေ ဟောင်လိတ်ကျောင်းအရှေ့ထိက လမ်းမီးမရှိဘူး။ မှောင်မဲနေတယ်။ ကျွန်တော်တို့ ရှောင်တခင် စစ်ဆေးမှုတွေ လုပ်တဲ့အခါ ဓာတ်မီးနဲ့ မီးထိုးပြီး စစ်ဆေးရတယ်။ မှောင်နေတော့ အေဝးကနေ လာတဲ့ လှမ်းမြင်ဖို့က ခက်တယ်၊ ဒီလိုနေရာမှာ လမ်းမီးမရှိဘဲ မှောင်မဲနေတော့၊ စစ်ဆေးမှုတွေ ပြုလုပ်တဲ့အခါ ဖြစ်စေ၊ အမျိုးသမီးတွေ ဆိုင်ကယ်နဲ့ သွားလာတဲ့ အခါတွေ ဖြစ်စေ၊ အဆင်မပြေပါဘူး။ မှောင်ရိပ်ခိုပြီး ဒုစရိုက်လုပ်မဲ့သူတွေအတွက် အားသာစေပါတယ်၊ မုဒ်ဦးရဲ့ တစ်ဖက် လမ်းဆုံမှာတော့ မီးလင်းပေမဲ့ ဒီဖက်အခြမ်းကတော့ မီးလုံးဝ မလင်းဘူး၊ ဒီနေရာ မီးလင်းဖို့အတွက် ကျွန်တော်တို့ စုံစမ်းကြည့်တော့ စည်ပင်နဲ့ဆိုင်တယ်လို့တော့ သိရတော့၊ စည်ပင်က အသိတစ်ယောက်ကို ပြောလိုက်တော့ သူတို့ လူကြီးကို တင်ပြပေးမယ်ပြောပြီးနောက် ဘာမှမထူးလာဘူး"ဟု ရှောင်တခင် စစ်ဆေးရေးတွင် ပါဝင်သည့် ပြည်သူ့စစ်တပ်ဖွဲ့ဝင် တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ နေရာတွင် ၂၀၁၆ခုနှစ် ဇွန်လ(၂၂)ရက်က မြို့ဝင်ဆိုင်းဘုတ်အား မီးရှို့ဖျက်ဆီးခံရမှုဖြစ်ပေါ်သည့် နည်းတူ မော်တော်ယာဉ်ဖြင့် ဖြတ်သွားရာတွင်လည်း ကားမှန်အား အမှောင်ထဲက ကျောက်ခဲများဖြင့် ပစ်ပေါက် ခံရမှုများ ဖြစ်ပေါ်ခဲ့ဖူးကြောင်း အပြင် ယာဉ်တိုက်မှုဖြစ်ပွားပြီး ယာဉ်အား မောင်း၍ ထွက်ပြေးမှုများ၊ လူငယ်များ စုဖွဲ့ရန် ခိုက်ရန်ဖြစ်ပွားမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
Tachileik News Agency
ပုံအညွှန်း။ လမ်းမီးမရှိဘဲ အမှောင်ထဲတွင် စုပေါင်းအဖွဲ့မှ ၂၀၁၈ခုနှစ် သြဂုတ်လ(၂၄)ရက်နေ့ ညပိုင်းက စစ်ဆေးမှုများ ပြုလုပ်နေစဉ်။