မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့မှာ သြဂုတ်လအတွင်းမှာ စိတ်ကြွဆေးပြား (၇)သန်းကျော် ဖမ်းဆီးမှုမှ တရားခံထွက်ပြေးလွတ်မြောက်နေမှု၊ ဆိုင်ကယ် Taxi သမားကို သေနတ်ဖြင့် ပစ်ပြီး ဆိုင်ကယ်လုယူကာ တရားခံထွက်ပြေးလွတ်မြောက်နေမှု၊ အချင်းချင်း စကားများရန်ဖြစ်ရာကနေ ဖြစ်ပွားတဲ့ လူသတ်မှု အပါအ၀င် ရွှေဆိုင်အနုကြမ်းစီးခံရမှုများ ဖြစ်ပွားခဲ့တဲ့အတွက် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးက ကြီးကြပ်ကာ နေ့စဉ် (၃)ကြိမ် အုပ်စုများခွဲပြီး တာချီလိတ်မြို့ အ၀င်အထွက်များနဲ့ မြို့တွင်းနေရာတွေမှာ ရှောင်တခင် ပိတ်ဆို့ စစ်ဆေးမှုများကို တိုးမြှင့်ဆောင်ရွက်မှုအဖြစ် ရဲတပ်ဖွဲ့အပါအ၀င် ပူးပေါင်းအဖွဲ့က လုပ်ဆောင်နေပါတယ်။
တင်ဆက် - ကိုဇောင်း
ရိုက်ကူး - ဇောင်းညီ