မေကြးတုိင္းေဒသႀကီးအတြင္း ေက်ာင္းမ်ားတြင္ ႏို႔တုိက္ေကၽြးေရး အစီအစဥ္အတြက္ ခရိုင္ (၄)ခု၌ ႏို႔ေပါင္းစက္မ်ား တည္ေထာင္ ေဆာင္ရြက္ေနၿပီး သရက္ခရိုင္ႏွင့္ ပခုကၠဴခရိုင္တို႔ရိွ ႏို႔ေပါင္းစက္မ်ား လည္ပတ္ႏိုင္ေရးအတြက္ လွ်ပ္စစ္မီးလိုအပ္ခ်က္ရိွေနေသးေၾကာင္း မေကြးတိုင္းေဒသႀကီးေမြးျမဴေရးႏွင္႔ ကုသေရးဦးစီးဌာနထံမွ သိရသည္။
"မေကြးနဲ႔မင္းဘူးၿမိဳ႕မွာရိွတဲ့ ႏို႔ေပါင္းစက္႐ံုေတြကေတာ့ လုပ္ငန္းလည္ပတ္လ်က္႐ွိေနၿပီး ကေလးေတြကို ႏို႔တိုက္ေကၽြးေနပါၿပီ။ တိုင္းအစိုးရအဖဲြ႔ရန္ပံုေငြ က်ပ္သန္း(၅၀)နဲ႔ သရက္ခရိုင္က ေအာင္လံၿမိဳ႕နဲ႔ ပခုကၠဴခရိုင္ ပခုကၠဴၿမိဳ႕မွာ တည္ေထာင္မယ့္ စက္ရံုေတြအေနနဲ႔က လွ်ပ္စစ္မီးမရရိွေသးတာေၾကာင့္ လွ်ပ္စစ္မီးရမွ ႏို႔ေပါင္းစက္ေတြ လည္ပတ္ႏိုင္မွာ ျဖစ္ပါတယ္"ဟု မေကြးတိုင္းေဒသႀကီးေမြးျမဴေရးႏွင္႔ ကုသေရးဦးစီးဌာနမွ တိုင္းဦးစီးမွဴး ေဒါက္တာေမာင္ေမာင္စိုးက ေျပာသည္။
ႏို႔ေပါင္းစက္မ်ား ႏြားႏို႔ရရိွႏိုင္ေရးအတြက္ မင္းဘူးၿမိဳ႕ ၊ ပိုက္သင္႐ြာတြင္ ႏြားတစ္ေကာင္ က်ပ္(၁၀) သိန္းႏွဳန္းျဖင့္ တိုင္းေဒသႀကီးအစိုးရအဖဲြ႔ရန္ပံုေငြ က်ပ္သိန္း(၃၀၀)သံုး၍ ႏို႔စားႏြားအေကာင္(၃၀) ေမြးျမဴထားၿပီး ေဆာင္ရြက္ေနေသာ္လည္း တစ္တိုင္းလံုးလႊမ္းၿခံဳႏုိင္ျခင္းမရိွေသးသျဖင့္ အလႈရွင္မ်ား ပူးေပါင္းပါဝင္ႏိုင္ေၾကာင္း သိရသည္။
"ႏို႔တိုက္ေကၽြးႏိုင္ဖို႔အတြက္ ႏို႔ေပါင္းစက္လုပ္ကိုင္ဖို႔ စိတ္ဝင္စားတဲ့ ပုဂၢလိကလုပ္ငန္း႐ွင္ေတြကို ႏို႔ ေပါင္းစက္ကိုအပ္ႏွံၿပီး စက္ငွားခအေနနဲ႔ ႏြားႏို႔ကို ျပန္လည္ေပးသြင္းရမွာျဖစ္ပါတယ္။ မင္းဘူးစက္ဆိုရင္ ေကာင္းမြန္လုပ္ငန္းရွင္ ဦးစိန္ေဌးက ယူထားတယ္။ သူဆိုရင္ တစ္ပတ္ကို ႏို႔ဘူး(၂၀၀)ႏွဳန္းနဲ႔ တစ္လကို ဘူး(၈၀၀)ေပးတယ္။ အဲဒါေၾကာင္႔ တစ္လကိုေက်ာင္းသား(၈၀၀)ကို ႏို႔တိုက္ေကၽြးႏိုင္ေနပါတယ္" ဟု ေဒါက္တာေမာင္ေမာင္စိုးက ေျပာသည္။
မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔ရန္ပံုေငြ၊ ေမြးျမဴေရးႏွင္႔ကုသေရးဦးစီးဌာန (႐ံုးခ်ဳပ္)၏ အေထာက္အပံ႔ျဖင္႔ မေကြးတိုင္းေဒသႀကီးအတြင္း႐ွိ ခ႐ိုင္ (၄)ခ႐ိုင္၊ၿမိဳ႕ နယ္(၄)ၿမိဳ႕နယ္တြင္ ႏို႔ေပါင္းစက္မ်ားတည္ေထာင္၍ ေက်ာင္းေနအ႐ြယ္ကေလးမ်ား ဥာဏ္ရည္ေကာင္းျခင္းႏွင္႔ ကိုယ္ခႏၱာဖြံ႔ၿဖိဳးသန္စြမ္းျခင္းတို႔ကို အေထာက္အပံ႔ ျဖစ္ေစမည့္ ႏို႔တိုက္ေကၽြးေရးအစီအစဥ္ျဖင္႔ ကေလးမ်ားအား ေက်ာင္းဖြင့္ရာသီတြင္ အပတ္စဥ္ ႏို႔တိုက္ေကၽြးေရး ေဆာင္႐ြက္လွ်က္႐ွိေန ျခင္းျဖစ္ေၾကာင္း သိရသည္။
သတင္း - ဖီးနစ္
"မကွေးနဲ့မင်းဘူးမြို့မှာရှိတဲ့ နို့ပေါင်းစက်ရုံတွေကတော့ လုပ်ငန်းလည်ပတ်လျက်ရှိနပြေီး ကလေးတွေကို နို့တိုက်ကျွေးနေပါပြီ။ တိုင်းအစိုးရအဖွဲ့ရန်ပုံငွေ ကျပ်သန်း(၅၀)နဲ့ သရက်ခရိုင်က အောင်လံမြို့နဲ့ ပခုက္ကူခရိုင် ပခုက္ကူမြို့မှာ တည်ထောင်မယ့် စက်ရုံတွေအနေနဲ့က လျှပ်စစ်မီးမရရှိသေးတာကြောင့် လျှပ်စစ်မီးရမှ နို့ပေါင်းစက်တွေ လည်ပတ်နိုင်မှာ ဖြစ်ပါတယ်"ဟု မကွေးတိုင်းဒေသကြီးမွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါက်တာမောင်မောင်စိုးက ပြောသည်။
နို့ပေါင်းစက်များ နွားနို့ရရှိနိုင်ရေးအတွက် မင်းဘူးမြို့၊ ပိုက်သင်ရွာတွင် နွားတစ်ကောင် ကျပ်(၁၀) သိန်းနှုန်းဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေ ကျပ်သိန်း(၃၀၀)သုံး၍ နို့စားနွားအကောင်(၃၀) မွေးမြူထားပြီး ဆောင်ရွက်နေသော်လည်း တစ်တိုင်းလုံးလွှမ်းခြုံနိုင်ခြင်းမရှိသေးသဖြင့် အလှုရှင်များ ပူးပေါင်းပါဝင်နိုင်ကြောင်း သိရသည်။
"နို့တိုက်ကျွေးနိုင်ဖို့အတွက် နို့ပေါင်းစက်လုပ်ကိုင်ဖို့ စိတ်ဝင်စားတဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို နို့ ပေါင်းစက်ကိုအပ်နှံပြီး စက်ငှါးခအနေနဲ့ နွားနို့ကို ပြန်လည်ပေးသွင်းရမှာဖြစ်ပါတယ်။ မင်းဘူးစက်ဆိုရင် ကောင်းမွန်လုပ်ငန်းရှင် ဦးစိန်ဌေးက ယူထားတယ်။ သူဆိုရင် တစ်ပတ်ကို နို့ဘူး(၂၀၀)နှုန်းနဲ့ တစ်လကို ဘူး(၈၀၀)ပေးတယ်။ အဲဒါကြောင့် တစ်လကိုကျောင်းသား(၈၀၀)ကို နို့တိုက်ကျွေးနိုင်နေပါတယ်" ဟု ဒေါက်တာမောင်မောင်စိုးက ပြောသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန (ရုံးချုပ်)၏ အထောက်အပံ့ဖြင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင် (၄)ခရိုင်၊မြို့ နယ်(၄)မြို့နယ်တွင် နို့ပေါင်းစက်များတည်ထောင်၍ ကျောင်းနေအရွယ်ကလေးများ ဉာဏ်ရည်ကောင်းခြင်းနှင့် ကိုယ်ခန္တာဖွံ့ဖြိုးသန်စွမ်းခြင်းတို့ကို အထောက်အပံ့ ဖြစ်စေမည့် နို့တိုက်ကျွေးရေးအစီအစဉ်ဖြင့် ကလေးများအား ကျောင်းဖွင့်ရာသီတွင် အပတ်စဉ် နို့တိုက်ကျွေးရေး ဆောင်ရွက်လျှက်ရှိနေ ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ဖီးနစ်