ထုိင္းနုိင္ငံ၊ ခ်င္းရိုင္းခရိုင္၊ မဲ့ဖားလံုၿမိဳ႕နယ္၊ ေထ့ထိုင္းေက်းရြာအုပ္စု၊ အကြက္(၈) ပန္မဟန္ရြာအနီး နယ္စပ္တေလွ်ာက္ ေျခလ်င္လမ္းတြင္ ပစ္ခတ္ ဖမ္းဆီးခဲ့ရသည့္ မူးယစ္ေဆးသယ္ေသာ လက္နက္ကိုင္ အဖြဲ႕မွာ ျမန္မာႏုိင္ငံမွ နယ္စပ္ျဖတ္ေက်ာ္ မူးယစ္ေဆးသယ္ေပးေနသည့္ အဖြဲ႕ျဖစ္ေၾကာင္း ထိုင္းႏုိင္ငံ၏ အမွတ္(၃)ယႏၱရားတပ္ရင္း တပ္ရင္းမွဴးႀကီး ကိဒါကြန္က်န္တရာက ေျပာၾကားေၾကာင္း ထုိင္းရတ္သတင္းစာတြင္ ေဖၚျပထားသည္။
နယ္စပ္မွ ဝင္ေရာက္လာသည့္ မူးယစ္ေဆးသယ္ေသာ လက္နက္ကိုင္အဖြဲ႕မွ လူ(၁၀)ဦးသည္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၂၀)ရက္ေန႔ ထိုင္းစံေတာ္ခ်ိန္ နံနက္(၅)နာရီအခ်ိန္တြင္ ေက်ာပိုးအိတ္ကိုယ္စီျဖင့္ ဝင္ေရာက္ လာသည္ကို ထိုင္း အထူးလႈပ္ရွားယႏၱရားတပ္ရင္း(၃) တပ္ခြဲ(၁) တပ္ခြဲမွဴး ဗိုလ္ဖြန္ဆစ္ဘူရဖရတ္ ဦးစီးသည့္ ကင္းအဖြဲ႕က ဖမ္းဆီးရာ ခုခံပစ္ခတ္ထြက္ေျပးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ပစ္ခတ္မႈျဖစ္ပြားရာ အနီး ရွင္းလင္းရာ မူးယစ္ေဆးသယ္သည့္အဖြဲ႕မွ တစ္ဦး၏ အေလာင္းကို ေတြ႔ရၿပီး အေလာင္းႏွင့္ (၁၀)မီတာအကြာတြင္ WY စိတ္ၾကြေဆးျပား(၁)သိန္းပါသည့္ ေက်ာပိုးအိတ္တစ္လုံုး၊ ေရေခ်ာင္းေဘးတြင္ စိတ္ၾကြေဆးျပား(၁)သိန္းစီပါသည့္ ေက်ာပိုးအိတ္(၃)လံုးတို႔ကို သိမ္းဆည္း ရမိခဲ့ေၾကာင္း သိရသည္။
အဆိုပါ မူးယစ္ေဆးသယ္သည့္ လက္နက္ကိုင္အဖြဲ႕သည္ ထုိင္းႏုိင္ငံႏွင့္နယ္စပ္ ျမန္မာႏုိင္ငံဘက္ျခမ္းမွ ျဖစ္ၿပီး ထုိင္းႏုိင္ငံသို႔ နယ္စပ္ျဖတ္ေက်ာ္ မူးယစ္ေဆးသယ္ေဆာင္ေပးျခင္းကို တာဝန္ယူ လုပ္ကိုင္ေပးေနသည့္ အဖြဲ႕ျဖစ္သည္ဟု တပ္ရင္းမွဴးႀကီး ကိဒါကြန္က်န္တရာကို ကိုးကား၍ ထုိင္းရတ္ သတင္းဌာနက ၾသဂုတ္လ(၂၂)ရက္ေန႔တြင္ ေဖၚျပလုိက္သည္။
အဆိုပါ အဖြဲ႕သည္ ပစ္ခတ္မႈျဖစ္ပြားခဲ့သည့္ေန႔က စိတ္ၾကြေဆးျပား (၁.၂)သန္း ပို႔ေဆာင္ရန္ စီစဥ္ထားခဲ့ျခင္းျဖစ္သည္ဟု အဆိုပါ သတင္းကဆိုသည္။
Tachileik News Agency
နယ်စပ်မှ ဝင်ရောက်လာသည့် မူးယစ်ဆေးသယ်သော လက်နက်ကိုင်အဖွဲ့မှ လူ(၁၀)ဦးသည် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၀)ရက်နေ့ ထိုင်းစံတော်ချိန် နံနက်(၅)နာရီအချိန်တွင် ကျောပိုးအိတ်ကိုယ်စီဖြင့် ဝင်ရောက် လာသည်ကို ထိုင်း အထူးလှုပ်ရှားယန္တရားတပ်ရင်း(၃) တပ်ခွဲ(၁) တပ်ခွဲမှူး ဗိုလ်ဖွန်ဆစ်ဘူရဖရတ် ဦးစီးသည့် ကင်းအဖွဲ့က ဖမ်းဆီးရာ ခုခံပစ်ခတ်ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပစ်ခတ်မှုဖြစ်ပွားရာ အနီး ရှင်းလင်းရာ မူးယစ်ဆေးသယ်သည့်အဖွဲ့မှ တစ်ဦး၏ အလောင်းကို တွေ့ရပြီး အလောင်းနှင့် (၁၀)မီတာအကွာတွင် WY စိတ်ကြွဆေးပြား(၁)သိန်းပါသည့် ကျောပိုးအိတ်တစ်လုံး၊ ရေချောင်းဘေးတွင် စိတ်ကြွဆေးပြား(၁)သိန်းစီပါသည့် ကျောပိုးအိတ်(၃)လုံးတို့ကို သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
အဆိုပါ မူးယစ်ဆေးသယ်သည့် လက်နက်ကိုင်အဖွဲ့သည် ထိုင်းနိုင်ငံနှင့်နယ်စပ် မြန်မာနိုင်ငံဘက်ခြမ်းမှ ဖြစ်ပြီး ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးသယ်ဆောင်ပေးခြင်းကို တာဝန်ယူ လုပ်ကိုင်ပေးနေသည့် အဖွဲ့ဖြစ်သည်ဟု တပ်ရင်းမှူးကြီး ကိဒါကွန်ကျန်တရာကို ကိုးကား၍ ထိုင်းရတ် သတင်းဌာနက သြဂုတ်လ(၂၂)ရက်နေ့တွင် ဖော်ပြလိုက်သည်။
အဆိုပါ အဖွဲ့သည် ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်နေ့က စိတ်ကြွဆေးပြား (၁.၂)သန်း ပို့ဆောင်ရန် စီစဉ်ထားခဲ့ခြင်းဖြစ်သည်ဟု အဆိုပါ သတင်းကဆိုသည်။
Tachileik News Agency