ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ရဲတပ္ဖြဲ႕၏ ပံုမွန္စစ္ေဆးျခင္းအျပင္ ပူးေပါင္းအဖြဲ႔မ်ားျဖင့္ တစ္ရက္လွ်င္ (၃)ႀကိမ္ ပိတ္ဆို႔စစ္ေဆးမႈမ်ားကို တိုးျမႇင့္လုပ္ေဆာင္ျခင္းအား ကာလသတ္မွတ္ခ်က္မရိွ ဆက္လက္ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ခရိုင္ရဲတပ္ဖြဲ႕ထံမွ သိရသည္။
“ပိတ္ဆို႔စစ္ေဆးမႈေတြတိုးၿပီးလုပ္လုိက္တဲ့အတြက္ တိုးတက္လာမႈဆိုတာကေတာ့ ေျပာဖို႔ေစာပါေသးတယ္။ ဒါလုပ္တာလည္း မၾကာေသးဘူးဆိုေတာ့ ေတာက္ေလွ်ာက္သြားေနဦးမွာပါ။ ကာလသတ္မွတ္ထားတာေတာ့ မရိွပါဘူး။ ပံုမွန္လုပ္ငန္းေတြနဲ႔အတူ ဒါကေတာ့ လုပ္ေနအံုးမွာပါ။ ေဒသတြင္း မႈခင္းေတြ ကင္းစင္ေရး အတြက္ ဒါကၽြန္ေတာ္တို႔ လုပ္ရမယ့္ အလုပ္ပါ”ဟု တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးႀကီး ေပၚထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
ရဲတပ္ဖြဲ႕အေနျဖင့္ ပံုမွန္စစ္ေဆးမႈမ်ားအျပင္ ၂၀၁၈ ခုႏွစ္ ၾသဂုတ္လ (၂၀)ရက္ေန႔မွစ၍ အဖြဲ႕မ်ားခြဲ၍ ၿမိဳ႕တြင္း၊ ၿမိဳ႕ျပင္ ပိတ္ဆို႔စစ္ေဆးမႈမ်ားကို တစ္ေန႔လွ်င္ (၃)ႀကိမ္ တိုးျမႇင့္လုပ္ေဆာင္ေနၾကျခင္းျဖစ္သည္။
“ဒီလိုလုပ္ေပးတာ ေကာင္းပါတယ္။ ဒီလိုလုပ္ေဆာင္ေပးဖို႔က ၿမိဳ႕အတြက္က အၿမဲတမ္းလုပ္ေပးဖို႔ေတာင္ လိုအပ္ပါတယ္။ မႈခင္းေတြလည္း တားႏုိင္တာေပါ့။ အမ်ားအားျဖင့္ လူေျချပတ္လပ္တဲ့ေနရာေတြ၊ ၿမိဳ႕ျပင္တို႔လို ေနရာေတြမွာ မႈခင္းဒုစရိုက္ေတြ ျဖစ္တာမ်ားတယ္။ ဒီလိုလုပ္ႏုိင္လို႔လည္း လက္နက္ေတြ ဘာေတြ သယ္လာတာလည္း သတိထားမိႏိုင္တယ္”ဟု တာခ်ီလိတ္နာေရးကူညီမႈအသင္းဥကၠဌ ဦးလွမိုးက ေျပာသည္။
တာခ်ီလိတ္ၿမိဳ႕တြင္း တိုက္မိထြက္ေျပးယာဥ္မ်ားအပါအဝင္ မႈခင္းအခ်ိဳ႕မွ တရားခံမ်ား လြတ္ေျမာက္ေနဆဲ ျဖစ္သျဖင့္ မိမိတို႔အနီးဝန္းက်င္တြင္ ထူးျခားမႈမ်ားေတြ႔ရိွ၍ သတင္းေပးလိုျခင္းႏွင့္ အကူအညီရယူရန္ လိုအပ္ျခင္းတို႔အတြက္ ရဲတပ္ဖြဲ႕ဖုန္းမ်ားျဖစ္သည့္ ၿမိဳ႕မရဲစခန္း ၀၈၄ ၅၂၀၀၅၊ ၿမိဳ႕နယ္ရဲစခန္း ၀၈၄၅၂၀၀၂ ႏွင့္ ခရိုင္ရဲစခန္း ၀၈၄ ၅၁၅၀၆ တုိ႔သို႔ အခ်ိန္မေရြးဆက္သြယ္ၾကရန္ ရဲတပ္ဖြဲ႕က ႏိႈးေဆာ္ထားေသာ္လည္း တာခ်ီလိတ္ေဒသအေနျဖင့္ ရဲတပ္ဖြဲ႕ထံဆက္သြယ္သတင္းေပးပို႔သည့္အေလ့အထနည္းေလ့ရိွေၾကာင္း သိရသည္။
“ဒီလိုစစ္ေဆးတာက မွန္ကန္တဲ့သူေတြအတြက္ ဘာမွ စိုးရိမ္စရာမရိွပါဘူး။ မမွန္ကန္တဲ့သူေတြအတြက္ အေႏွာင့္အယွက္ေတာ့ ျဖစ္တာေပါ့။ ျပည္သူေတြဘက္ကလည္း ဒီလိုစစ္ေဆးေနတာေတြကို ႀကိဳက္ၾကပါတယ္။ ေနရတာလည္း ပိုလံုၿခံဳတယ္လို႔ေတာ့ ခံစားရတာေပါ့။ ဒီေဒသအေနနဲ႔က ျပည္သူေတြ ဘက္ကေန ရဲကို ထူးျခားတာ သတင္းေပးတာတုိ႔ ဘာတုိ႔မွာက်ေတာ့ နည္းနည္းေတာ့ အားနည္းတာေပါ့။ ဒီေတာ့ ရဲတပ္ဖြဲ႕ စစ္ေဆးတာေတာ့ ေကာင္းတာေပါ့။ ဒီလိုစစ္ေဆးတာေတြအျပင္ မထင္မွတ္တဲ့ေနရာေတြ ေရွာင္တခင္ စစ္ေဆးတာမ်ိဳးလည္း လုပ္သင့္တာေပါ့”ဟု တာခ်ီလိတ္ၿမိဳ႕မွ မဇၨ်ိမလူမႈကူညီေရးအသင္း ဥကၠဌ ဦးတင့္ေဆြက ေျပာသည္။
ၾသဂုတ္လ(၂၀)ရက္ေန႔က စတင္သည့္ ပိတ္ဆို႔စစ္ေဆးမႈမ်ားအတြင္း အေလးခ်ိန္ (၃၅၀)ဂရမ္ရိွသည့္ ဘိန္းျဖဴဘေလာက္တံုးတစ္တံုး ေမာ္ေတာ္ယာဥ္ျဖင့္ သယ္ေဆာင္လာသည္ကို ဖမ္းဆီးရမိခဲ့ၿပီး ၾသဂုတ္လ (၂၃)ရက္ေန႔ကလည္း ၿမိဳ႕တြင္းသို႔ အရပ္ဝတ္ျဖင့္ လက္နက္သယ္ေဆာင္လာသည့္ ျပည္သူ႔စစ္တစ္ဦးကို အဖြဲ႕ေခါင္းေဆာင္ထံအပ္ႏွံေပးခဲ့ေၾကာင္း သိရသည္။
ပိတ္ဆို႔စစ္ေဆးမႈမ်ားအား ေန႔စဥ္ေဆာင္ရြက္ေနသည့္ ရဲတပ္ဖြဲ႕ႏွင့္ ဆက္စပ္အဖြဲ႕မ်ားပါသည့္ ပူးေပါင္းအဖြဲ႕မ်ားသည္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၂၅)ရက္ေန႔ ညေနပိုင္းက က်ိဳင္းတံု - တာခ်ီလိတ္လမ္းမွ တာခ်ီလိတ္ၿမိဳ႕အဝင္ လြယ္ေတာ္ခမ္းပူးေပါင္းစစ္ေဆးေရးဂိတ္တြင္ စစ္ေဆးေနၾကသည္ကို ေတြ႔ရသည္။
Tachileik News Agency
ဓါတ္ပံု - ေဇာင္းညီ
“ပိတ်ဆို့စစ်ဆေးမှုတွေတိုးပြီးလုပ်လိုက်တဲ့အတွက် တိုးတက်လာမှုဆိုတာကတော့ ပြောဖို့စောပါသေးတယ်။ ဒါလုပ်တာလည်း မကြာသေးဘူးဆိုတော့ တောက်လျှောက်သွားနေဦးမှာပါ။ ကာလသတ်မှတ်ထားတာတော့ မရှိပါဘူး။ ပုံမှန်လုပ်ငန်းတွေနဲ့အတူ ဒါကတော့ လုပ်နေအုံးမှာပါ။ ဒေသတွင်း မှုခင်းတွေ ကင်းစင်ရေး အတွက် ဒါကျွန်တော်တို့ လုပ်ရမယ့် အလုပ်ပါ”ဟု တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ပေါ်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရဲတပ်ဖွဲ့အနဖြေင့် ပုံမှန်စစ်ဆေးမှုများအပြင် ၂၀၁၈ ခုနှစ် သြဂုတ်လ (၂၀)ရက်နေ့မှစ၍ အဖွဲ့များခွဲ၍ မြို့တွင်း၊ မြို့ပြင် ပိတ်ဆို့စစ်ဆေးမှုများကို တစ်နေ့လျှင် (၃)ကြိမ် တိုးမြှင့်လုပ်ဆောင်နကြခြေင်းဖြစ်သည်။
“ဒီလိုလုပ်ပေးတာ ကောင်းပါတယ်။ ဒီလိုလုပ်ဆောင်ပေးဖို့က မြို့အတွက်က အမြဲတမ်းလုပ်ပေးဖို့တောင် လိုအပ်ပါတယ်။ မှုခင်းတွေလည်း တားနိုင်တာပေါ့။ အများအားဖြင့် လူခြပြေတ်လပ်တဲ့နေရာတွေ၊ မြို့ပြင်တို့လို နေရာတွေမှာ မှုခင်းဒုစရိုက်တွေ ဖြစ်တာများတယ်။ ဒီလိုလုပ်နိုင်လို့လည်း လက်နက်တွေ ဘာတွေ သယ်လာတာလည်း သတိထားမိနိုင်တယ်”ဟု တာချီလိတ်နာရေးကူညီမှုအသင်းဥက္ကဌ ဦးလှမိုးက ပြောသည်။
တာချီလိတ်မြို့တွင်း တိုက်မိထွက်ပြေးယာဉ်များအပါအဝင် မှုခင်းအချို့မှ တရားခံများ လွတ်မြောက်နေဆဲ ဖြစ်သဖြင့် မိမိတို့အနီးဝန်းကျင်တွင် ထူးခြားမှုများတွေ့ရှိ၍ သတင်းပေးလိုခြင်းနှင့် အကူအညီရယူရန် လိုအပ်ခြင်းတို့အတွက် ရဲတပ်ဖွဲ့ဖုန်းများဖြစ်သည့် မြို့မရဲစခန်း ဝ၈၄ ၅၂၀၀၅၊ မြို့နယ်ရဲစခန်း ဝ၈၄၅၂၀၀၂ နှင့် ခရိုင်ရဲစခန်း ဝ၈၄ ၅၁၅၀၆ တို့သို့ အချိန်မရွေးဆက်သွယ်ကြရန် ရဲတပ်ဖွဲ့က နှိုးဆော်ထားသော်လည်း တာချီလိတ်ဒေသအနဖြေင့် ရဲတပ်ဖွဲ့ထံဆက်သွယ်သတင်းပေးပို့သည့်အလေ့အထနည်းလေ့ရှိကြောင်း သိရသည်။
“ဒီလိုစစ်ဆေးတာက မှန်ကန်တဲ့သူတွေအတွက် ဘာမှ စိုးရိမ်စရာမရှိပါဘူး။ မမှန်ကန်တဲ့သူတွေအတွက် အနှောင့်အယှက်တော့ ဖြစ်တာပေါ့။ ပြည်သူတွေဘက်ကလည်း ဒီလိုစစ်ဆေးနေတာတွေကို ကြိုက်ကြပါတယ်။ နေရတာလည်း ပိုလုံခြုံတယ်လို့တော့ ခံစားရတာပေါ့။ ဒီဒေသအနေနဲ့က ပြည်သူတွေ ဘက်ကနေ ရဲကို ထူးခြားတာ သတင်းပေးတာတို့ ဘာတို့မှာကျတော့ နည်းနည်းတော့ အားနည်းတာပေါ့။ ဒီတော့ ရဲတပ်ဖွဲ့ စစ်ဆေးတာတော့ ကောင်းတာပေါ့။ ဒီလိုစစ်ဆေးတာတွေအပြင် မထင်မှတ်တဲ့နေရာတွေ ရှောင်တခင် စစ်ဆေးတာမျိုးလည်း လုပ်သင့်တာပေါ့”ဟု တာချီလိတ်မြို့မှ မဇ္ဇျိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက ပြောသည်။
သြဂုတ်လ(၂၀)ရက်နေ့က စတင်သည့် ပိတ်ဆို့စစ်ဆေးမှုများအတွင်း အလေးချိန် (၃၅၀)ဂရမ်ရှိသည့် ဘိန်းဖြူဘလောက်တုံးတစ်တုံး မော်တော်ယာဉ်ဖြင့် သယ်ဆောင်လာသည်ကို ဖမ်းဆီးရမိခဲ့ပြီး သြဂုတ်လ (၂၃)ရက်နေ့ကလည်း မြို့တွင်းသို့ အရပ်ဝတ်ဖြင့် လက်နက်သယ်ဆောင်လာသည့် ပြည်သူ့စစ်တစ်ဦးကို အဖွဲ့ခေါင်းဆောင်ထံအပ်နှံပေးခဲ့ကြောင်း သိရသည်။
ပိတ်ဆို့စစ်ဆေးမှုများအား နေ့စဉ်ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့နှင့် ဆက်စပ်အဖွဲ့များပါသည့် ပူးပေါင်းအဖွဲ့များသည် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၅)ရက်နေ့ ညနေပိုင်းက ကျိုင်းတုံ - တာချီလိတ်လမ်းမှ တာချီလိတ်မြို့အဝင် လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် စစ်ဆေးနကြေသည်ကို တွေ့ရသည်။
Tachileik News Agency
ဓာတ်ပုံ - ဇောင်းညီ