ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ယာဉ်တိုက်မှုအများစုမှာ မူးပြီးမောင်းနှင်ခြင်းများကြောင့် ဖြစ်သဖြင့် အရက်သောက်ထားမှုကို တိုင်းတာခြင်းနှင့် ယာဉ်အရှိန်နှုန်းတိုင်းတာခြင်းများကို တာချီလိတ် - ကျိုင်းတုံ ပြည်ထောင်စုလမ်း မယ်ယန်းဂိတ်တွင် ၂၀၁၈ ခုနှစ် သြဂုတ်လ (၂၃)ရက်နေ့မှစ၍ ဆောင်ရွက်နေကြောင်း သိရသည်။
ယာဉ်ထိန်းတပ်ဖွဲ့စု အနေဖြင့် ယင်းကဲ့သို့ စစ်ဆေးခြင်းများအပြင် ဆိုင်ကယ်၊ ကား မော်တော်ယာဉ် မောင်းနှင်သူများအနေဖြင့် ဘေးကင်းလုံခြုံစေရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းများ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကိုလည်း လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency
ဓါတ်ပုံ - ဇောင်းညီ
“မော်တော်ယာဉ်တွေ အရှိန်ပြင်းပြင်းနဲ့ မောင်းကြတယ်။ ဒါကြောင့် မော်တော်ယာဉ်အရှိန်နှုန်းတိုင်းဖို့ speed gun နဲ့ပစ်ပြီး စစ်ဆေးတာလုပ်နေတယ်။ ဒီနေ့ထိတော့ ကီလို(၆၀)ထက်ပိုမောင်းတာ မတွေ့ရသေးဘူး။ ကျွန်တော်တို့ တာချီလိတ်မှာဖြစ်ခဲ့တဲ့ ယာဉ်တိုက်မှု အတော်များများမှာ အရက်သေစာ မူးယစ်သောက်စားပြီး ဖြစ်ခဲ့တာတွေ ရှိတာကြောင့် ယာဉ်မောင်းကို Alcohal Tester (အရက်သောက်ထားမှုကို တိုင်းတာခြင်း)နဲ့လည်း စစ်ပါတယ်”ဟု အမှတ်(၁၁၇) ယာဉ်ထိန်းတပ်ဖွဲ့စု(တာချီလိတ်ခရိုင်) တပ်ဖွဲ့စုမှူး ဒုရဲမှူး ဇော်မင်းသိန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ယာဉ်ထိန်းတပ်ဖွဲ့စု အနဖြေင့် ယင်းကဲ့သို့ စစ်ဆေးခြင်းများအပြင် ဆိုင်ကယ်၊ ကား မော်တော်ယာဉ် မောင်းနှင်သူများအနဖြေင့် ဘေးကင်းလုံခြုံစေရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းများ၊ လက်ကမ်းစာစောင်ဖြန့်ဝခြေင်းများကိုလည်း လုပ်ဆောင်နခြေင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency
ဓာတ်ပုံ - ဇောင်းညီ