ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ႏွင့္ နယ္စပ္ေဒသျဖစ္သည့္ ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕တြင္ မူးယစ္ေဆးသံုးစြဲသည္ဟု သံသယရိွပါက ထိုင္းႏိုင္ငံဥပေဒအရ ဆီးစစ္ေဆးျခင္းလုပ္ေဆာင္ရာ၌ ျမန္မာႏိုင္ငံသားအခ်ိဳ႕မွာ ေငြေၾကးေတာင္း ခံရမႈအခ်ိဳ႕ ႀကံဳေတြ႔ေနရေၾကာင္း သိရသည္။
ျမန္မာ - ထုိင္း ခ်စ္ၾကည္ေရးတံတား(၁)မွ မယ္ဆုိင္ဘက္အျခမ္းသို႔ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၂၅)ရက္ေန႔ ေန႔လယ္ (၂)နာရီခြဲအခ်ိန္က ျဖတ္ကူးသြားသည့္ ျမန္မာႏိုင္ငံသားတစ္ဦးအား မယ္ဆုိင္ရဲက ဆီးစစ္ၿပီး ဒဏ္ေငြအျဖစ္ ဘတ္(၂၀၀၀၀)ေတာင္းယူျခင္းႏွင့္ ႀကဳံခဲ့ရေၾကာင္း သိရသည္။
"ကၽြန္ေတာ္နဲ႔ လိုင္းကားေပၚက တစ္ျခား(၂)ေယာက္နဲ႔ သံုးေယာက္ကို ေခၚတယ္။ က်န္တဲ့(၂)ေယာက္က ထုိင္းျဖစ္ေတာ့ သူတုိ႔ကို မစစ္ဘူး။ ကၽြန္ေတာ့္ကို ဆီးစစ္တယ္။ တံတားနားေလးက ရဲစခန္းကို ေခၚလာၿပီးေတာ့ သူတို႔ လူႀကီးနဲ႔ ညိႇေပးမယ္။ ဒဏ္ေငြေဆာင္ရမယ္လို႔ ေျပာတယ္ခင္ဗ်။ တံတားကူးလက္မွတ္ ယူသြားၿပီး မိတၱဴကူးလာၿပီးေတာ့ လက္ေဗြႏွိပ္ခိုင္းတယ္။ ခ်င္းရိုင္းသြားမယ္ ဆိုရင္လည္း ထပ္စစ္ခံရမယ္။ ဒီဘက္ကမ္းမွာ ျမန္မာရဲေတြကိုလည္း ဘာမွမေျပာရဘူးလို႔ ကၽြန္ေတာ့္ကို ေျပာတယ္။ ဆီးစစ္တာက ေပၚလား မေပၚလား ကၽြန္ေတာ္ မျမင္ဘူး။ အဲဒီတုတ္ကို လႊင့္ပစ္လုိက္တယ္။ ကၽြန္ေတာ္ကလည္း အခုမွ ေတြ႔ဖူးတာ။ အဲဒါဘယ္လို ၾကည့္ရမလဲ မသိဘူး။ လူႀကီးေတြနဲ႔ ညိႇေပးမယ္ ဆိုေပမဲ့ ဘယ္လူႀကီးနဲ႔မွ မေတြ႕ဘူး။ ကၽြန္ေတာ့္ကို လက္ေဗြႏွိပ္ခိုင္းတာလဲ ဘာလဲ မသိဘူး မိတၱဴယူလုိ႔ ရမလားဆိုေတာ့လည္း မေပးဘူးခင္ဗ်။ ကၽြန္ေတာ့္ကို ဘတ္ေငြႏွစ္ေသာင္းေတာင္းတယ္။ ကၽြန္ေတာ့္မွာ ပါတာ တစ္ေသာင္းေပးခဲ့ရတယ္ဗ်”ဟု တာခ်ီလိတ္မွ မယ္ဆိုင္သုိ႔ သြားေရာက္စဥ္ ဒဏ္ေငြ ေပးေဆာင္ခဲ့ရသည့္ ကိုဆင္းဆင္းဖူးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
မယ္ဆုိင္ဘက္သုိ႔ သြားေရာက္သည့္ ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ ထုိင္းႏုိင္ငံဥပေဒအရ မူးယစ္ေဆး သံုးစြဲမႈ ရိွ/မရိွ ဆီးစစ္ေဆးမႈလုပ္ေဆာင္ရာတြင္ မူးယစ္ေဆးသံုးစြဲထားေၾကာင္း မွားယြင္း စြပ္စြဲခံရမႈမ်ားႏွင့္ႀကံဳရလွ်င္ တာခ်ီလိတ္တြင္ အေျခစိုက္သည့္ ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ေရာက္ ျမန္မာႏိုင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညိႇႏိႈင္းေရးေကာ္မတီ (Caring and Negotiating Committee for Myanmar Citizens in Mae Sai, Thailand - CNCMC)ကို ခ်က္ခ်င္း ဆက္သြယ္အေၾကာင္းၾကားၿပီး အကူအညီရယူႏုိင္ေၾကာင္း သိရသည္။
“ဒါမ်ိဳး ကၽြန္ေတာ္တုိ႔ေတြ အမ်ားႀကီး ကူညီေပးခဲ့ဖူးပါတယ္။ သူတုိ႔ေတြဆို ကားႀကီးကြင္းမွာ အစစ္ခံရတယ္။ ရဲစခန္းမွာ အစစ္ခံရတယ္။ တစ္ခ်ိဳ႕ဆို သူတုိ႔က တကယ္သံုးတာေတြေၾကာင့္လည္း ေတြ႔ရတယ္။ တကယ္သံုး မထားဘူးဆိုရင္ေတာ့ ကိုယ့္လူက ေသခ်ာရင္ ေဆးရံုထိ လုိက္ေပးတယ္။ ဒါေၾကာင့္ ဆီးစစ္တာနဲ႔ ပတ္သက္လို႔ ျမန္မာႏုိင္ငံသားေတြ တစ္ခုခု ျဖစ္တယ္ဆိုရင္ ခ်က္ခ်င္း ဖုန္းလွမ္းဆက္ပါ”ဟု CNCMC အဖြဲ႕ဝင္ ဦးငယ္ေလးက ေျပာသည္။
ျမန္မာႏိုင္ငံဥပေဒအရ မူးယစ္ေဆးႏွင့္ပတ္သက္၍ ဖမ္းဆီးခံရသူကိုသာ မူးယစ္ေဆးသံုးစြဲျခင္း ရိွ/မရိွ ဆီးစစ္ေဆးျခင္း ျပဳလုပ္ခြင့္ရိွေသာ္လည္း ထုိင္းႏုိင္ငံဥပေဒအရ မူးယစ္ေဆးသံုးစြဲမႈ ရိွ/မရိွ ဆီးစစ္ေဆးျခင္းအား သံသယရိွသူတုိင္းကို စစ္ေဆးပိုင္ခြင့္ရိွေၾကာင္း သိရသည္။
“ဒါကလည္း သူတို႔ ဥပေဒအရ စစ္ခြင့္႐ွိပါတယ္။ ဘယ္ႏိုင္ငံသားကို မဆို သံသယရိွတယ္ဆိုရင္ ေခၚယူ စစ္ေဆး ပိုင္ခြင့္ ရိွပါတယ္”ဟု မယ္ဆုိင္ၿမိဳ႕ေန ဦးထြန္း(မယ္ဆိုင္)က ေျပာသည္။ ဆီးစစ္ေဆးရာတြင္ ေငြေၾကးမတရားေတာင္းခံရျခင္း၊ မွားယြင္းစြပ္စြဲခံရျခင္းမ်ားႀကံဳရပါက တာခ်ီလိတ္ၿမိဳ႕ရိွ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၁)တံတားေပၚတြင္ ရံုးခန္းဖြင့္လွစ္ထားသည့္ ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ေရာက္ ျမန္မာႏိုင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညိႇႏိႈင္းေရးေကာ္မတီ (Caring and Negotiating Committee for Myanmar Citizens in Mae Sai, Thailand - CNCMC) ထိုင္းဖုန္း - 0850388887 ၊ 0944066335၊ ျမန္မာဖုန္း - 09455440406 ႏွင့္ 0949032036 မ်ားသို႔ အခ်ိန္မေရြးဆက္သြယ္အကူအညီေတာင္းခံႏုိင္ေၾကာင္း သိရသည္။
Tachileik News Agency
မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား(၁)မှ မယ်ဆိုင်ဘက်အခြမ်းသို့ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၅)ရက်နေ့ နေ့လယ် (၂)နာရီခွဲအချိန်က ဖြတ်ကူးသွားသည့် မြန်မာနိုင်ငံသားတစ်ဦးအား မယ်ဆိုင်ရဲက ဆီးစစ်ပြီး ဒဏ်ငွေအဖြစ် ဘတ်(၂၀၀၀၀)တောင်းယူခြင်းနှင့် ကြုံခဲ့ရကြောင်း သိရသည်။
"ကျွန်တော်နဲ့ လိုင်းကားပေါ်က တစ်ခြား(၂)ယောက်နဲ့ သုံးယောက်ကို ခေါ်တယ်။ ကျန်တဲ့(၂)ယောက်က ထိုင်းဖြစ်တော့ သူတို့ကို မစစ်ဘူး။ ကျွန်တော့်ကို ဆီးစစ်တယ်။ တံတားနားလေးက ရဲစခန်းကို ခေါ်လာပြီးတော့ သူတို့ လူကြီးနဲ့ ညှိပေးမယ်။ ဒဏ်ငွေဆောင်ရမယ်လို့ ပြောတယ်ခင်ဗျ။ တံတားကူးလက်မှတ် ယူသွားပြီး မိတ္တူကူးလာပြီးတော့ လက်ဗွေနှိပ်ခိုင်းတယ်။ ချင်းရိုင်းသွားမယ် ဆိုရင်လည်း ထပ်စစ်ခံရမယ်။ ဒီဘက်ကမ်းမှာ မြန်မာရဲတွေကိုလည်း ဘာမှမပြောရဘူးလို့ ကျွန်တော့်ကို ပြောတယ်။ ဆီးစစ်တာက ပေါ်လား မပေါ်လား ကျွန်တော် မမြင်ဘူး။ အဲဒီတုတ်ကို လွှင့်ပစ်လိုက်တယ်။ ကျွန်တော်ကလည်း အခုမှ တွေ့ဖူးတာ။ အဲဒါဘယ်လို ကြည့်ရမလဲ မသိဘူး။ လူကြီးတွေနဲ့ ညှိပေးမယ် ဆိုပေမဲ့ ဘယ်လူကြီးနဲ့မှ မတွေ့ဘူး။ ကျွန်တော့်ကို လက်ဗွေနှိပ်ခိုင်းတာလဲ ဘာလဲ မသိဘူး မိတ္တူယူလို့ ရမလားဆိုတော့လည်း မပေးဘူးခင်ဗျ။ ကျွန်တော့်ကို ဘတ်ငွေနှစ်သောင်းတောင်းတယ်။ ကျွန်တော့်မှာ ပါတာ တစ်သောင်းပေးခဲ့ရတယ်ဗျ”ဟု တာချီလိတ်မှ မယ်ဆိုင်သို့ သွားရောက်စဉ် ဒဏ်ငွေ ပေးဆောင်ခဲ့ရသည့် ကိုဆင်းဆင်းဖူးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မယ်ဆိုင်ဘက်သို့ သွားရောက်သည့် မြန်မာနိုင်ငံသားများအနဖြေင့် ထိုင်းနိုင်ငံဥပဒေအရ မူးယစ်ဆေး သုံးစွဲမှု ရှိ/မရှိ ဆီးစစ်ဆေးမှုလုပ်ဆောင်ရာတွင် မူးယစ်ဆေးသုံးစွဲထားကြောင်း မှားယွင်း စွပ်စွဲခံရမှုများနှင့်ကြုံရလျှင် တာချီလိတ်တွင် အခြေစိုက်သည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (Caring and Negotiating Committee for Myanmar Citizens in Mae Sai, Thailand - CNCMC)ကို ချက်ချင်း ဆက်သွယ်အကြောင်းကြားပြီး အကူအညီရယူနိုင်ကြောင်း သိရသည်။
“ဒါမျိုး ကျွန်တော်တို့တွေ အများကြီး ကူညီပေးခဲ့ဖူးပါတယ်။ သူတို့တွေဆို ကားကြီးကွင်းမှာ အစစ်ခံရတယ်။ ရဲစခန်းမှာ အစစ်ခံရတယ်။ တစ်ချို့ဆို သူတို့က တကယ်သုံးတာတွေကြောင့်လည်း တွေ့ရတယ်။ တကယ်သုံး မထားဘူးဆိုရင်တော့ ကိုယ့်လူက သေချာရင် ဆေးရုံထိ လိုက်ပေးတယ်။ ဒါကြောင့် ဆီးစစ်တာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံသားတွေ တစ်ခုခု ဖြစ်တယ်ဆိုရင် ချက်ချင်း ဖုန်းလှမ်းဆက်ပါ”ဟု CNCMC အဖွဲ့ဝင် ဦးငယ်လေးက ပြောသည်။
မြန်မာနိုင်ငံဥပဒေအရ မူးယစ်ဆေးနှင့်ပတ်သက်၍ ဖမ်းဆီးခံရသူကိုသာ မူးယစ်ဆေးသုံးစွဲခြင်း ရှိ/မရှိ ဆီးစစ်ဆေးခြင်း ပြုလုပ်ခွင့်ရှိသော်လည်း ထိုင်းနိုင်ငံဥပဒေအရ မူးယစ်ဆေးသုံးစွဲမှု ရှိ/မရှိ ဆီးစစ်ဆေးခြင်းအား သံသယရှိသူတိုင်းကို စစ်ဆေးပိုင်ခွင့်ရှိကြောင်း သိရသည်။
“ဒါကလည်း သူတို့ ဥပဒေအရ စစ်ခွင့်ရှိပါတယ်။ ဘယ်နိုင်ငံသားကို မဆို သံသယရှိတယ်ဆိုရင် ခေါ်ယူ စစ်ဆေး ပိုင်ခွင့် ရှိပါတယ်”ဟု မယ်ဆိုင်မြို့နေ ဦးထွန်း(မယ်ဆိုင်)က ပြောသည်။ ဆီးစစ်ဆေးရာတွင် ငွေကြေးမတရားတောင်းခံရခြင်း၊ မှားယွင်းစွပ်စွဲခံရခြင်းများကြုံရပါက တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားပေါ်တွင် ရုံးခန်းဖွင့်လှစ်ထားသည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (Caring and Negotiating Committee for Myanmar Citizens in Mae Sai, Thailand - CNCMC) ထိုင်းဖုန်း - 0850388887၊ 0944066335၊ မြန်မာဖုန်း - 09455440406 နှင့် 0949032036 များသို့ အချိန်မရွေးဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။
Tachileik News Agency