တာခ်ီလိတ္၌ ၾသဂုတ္လ(၂၄)ရက္ေန႔က ခိုးယူသြားသည့္ ကား၊ ပိုင္ရွင္ထံ (၂)ရက္ေျမာက္ေန႔တြင္ ျပန္ေပး

တာခ်ီလိတ္၌ ၾသဂုတ္လ(၂၄)ရက္ေန႔က ခိုးယူသြားသည့္ ကား၊ ပိုင္ရွင္ထံ (၂)ရက္ေျမာက္ေန႔တြင္ ျပန္ေပး
သြဂုတ် 26, 2018
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕နယ္ဓမၼာရံုေရွ႕ရွိ လမ္းၾကားတြင္ ရပ္ထားသည့္ ကားတစ္စီး ခိုးယူခံရမႈ ၂၀၁၈ခုႏွစ္ ၾသဂုတ္လ(၂၄)ရက္ေန႔ ည(၈)နာရီ(၅၁)မိနစ္က ျဖစ္ပြားခဲ့ၿပီးေနာက္ ကားခုိး ယူသြားသည့္ လူငယ္မွ ကားပိုင္ရွင္မ်ားအား ဆက္သြယ္၍ ၂၀၁၈ခုႏွစ္ ၾသဂုတ္လ(၂၆)ရက္ေန႔ ေန႔လည္ပိုင္းက ကားျပန္ေပးလာၿပီျဖစ္ေၾကာင္း သိရသည္။

ကားခိုးယူသြားသည့္ အသက္(၁၈)ႏွစ္၀န္းက်င္ရွိ လူငယ္သည္ ကားပိုင္ရွင္ႏွင့္ မိတ္ေဆြမ်ားျဖစ္ၾကၿပီး ၾသဂုတ္လ(၂၄)ရက္ေန႔က ကားအား ေခတၱငွားကာ ေသာ့ျပဳလုပ္သည့္ ဆိုင္တြင္ ေသာ့အပိုလုပ္ကာ ကားျပန္လည္၍ ပို႔ထားခဲ့ၿပီးေနာက္ ယင္းည၏ ည(၈)နာရီ(၅၁)မိနစ္တြင္ ကားအား လာေရာက္ခိုးယူကာ က်ဳိင္းတံုသို႔ ေမာင္းနင္သြားျခင္းျဖစ္ေၾကာင္း သိရသည္။

ယခုအခါမွာ အဆိုပါ ကားသည္ က်ဳိင္းတံုၿမိဳ႕တြင္ ရွိေနၿပီး ကားပိုင္ရွင္၏ ေဆြမ်ဳိးမ်ားက သြားေရာက္ ယူထားၿပီျဖစ္ေၾကာင္း တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ အသိေပးအေၾကာင္းၾကားလာပါသည္။

ကားခိုးခံရစဥ္က ကားပိုင္ရွင္၏ စံုစမ္းမႈမ်ားအရ  ကားခိုးယူသြားသူအား သိရွိ၍ ေနအိမ္သို႔လည္း သြားေရာက္ ေျပာၾကားေသာ္လည္း ကားခိုးယူသူအား မေတြ႔ရွိရေၾကာင္း ႏွင့္ ၾသဂုတ္လ(၂၆)ရက္ေန႔မွသာ ဆက္သြယ္ရရွိၿပီး ကားခိုးသူက ပိုင္ရွင္အား ျပန္ေပးလိုက္ျခင္း ျဖစ္ေၾကာင္း အျပင္ ခိုးခံရသည့္ ကားမွာ လိုင္စင္မဲ့ကားျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency

( ခိုးခံရခ်ိန္က ေဖာ္ျပခဲ့သည့္ CCTV မွတ္တမ္း )


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့နယ်ဓမ္မာရုံရှေ့ရှိ လမ်းကြားတွင် ရပ်ထားသည့် ကားတစ်စီး ခိုးယူခံရမှု ၂၀၁၈ခုနှစ် သြဂုတ်လ(၂၄)ရက်နေ့ ည(၈)နာရီ(၅၁)မိနစ်က ဖြစ်ပွားခဲ့ပြီးနောက် ကားခိုး ယူသွားသည့် လူငယ်မှ ကားပိုင်ရှင်များအား ဆက်သွယ်၍ ၂၀၁၈ခုနှစ် သြဂုတ်လ(၂၆)ရက်နေ့ နေ့လည်ပိုင်းက ကားပြန်ပေးလာပြီဖြစ်ကြောင်း သိရသည်။

ကားခိုးယူသွားသည့် အသက်(၁၈)နှစ်ဝန်းကျင်ရှိ လူငယ်သည် ကားပိုင်ရှင်နှင့် မိတ်ဆွေများဖြစ်ကြပြီး သြဂုတ်လ(၂၄)ရက်နေ့က ကားအား ခေတ္တငှါးကာ သော့ပြုလုပ်သည့် ဆိုင်တွင် သော့အပိုလုပ်ကာ ကားပြန်လည်၍ ပို့ထားခဲ့ပြီးနောက် ယင်းည၏ ည(၈)နာရီ(၅၁)မိနစ်တွင် ကားအား လာရောက်ခိုးယူကာ ကျိုင်းတုံသို့ မောင်းနင်သွားခြင်းဖြစ်ကြောင်း သိရသည်။

ယခုအခါမှာ အဆိုပါ ကားသည် ကျိုင်းတုံမြို့တွင် ရှိနပြေီး ကားပိုင်ရှင်၏ ဆွေမျိုးများက သွားရောက် ယူထားပြီဖြစ်ကြောင်း တာချီလိတ်သတင်းအေဂျင်စီသို့ အသိပေးအကြောင်းကြားလာပါသည်။

ကားခိုးခံရစဉ်က ကားပိုင်ရှင်၏ စုံစမ်းမှုများအရ ကားခိုးယူသွားသူအား သိရှိ၍ နေအိမ်သို့လည်း သွားရောက် ပြောကြားသော်လည်း ကားခိုးယူသူအား မတွေ့ရှိရကြောင်း နှင့် သြဂုတ်လ(၂၆)ရက်နေ့မှသာ ဆက်သွယ်ရရှိပြီး ကားခိုးသူက ပိုင်ရှင်အား ပြန်ပေးလိုက်ခြင်း ဖြစ်ကြောင်း အပြင် ခိုးခံရသည့် ကားမှာ လိုင်စင်မဲ့ကားဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~