ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ပတ်ဝန်းကျင်ကို ဆူညံသံဖြင့် အနှောင့်အယှက်ဖြစ်စေသည့် ပါဝါအိတ်ဇောတပ်ဆိုင်ကယ်များ ဖမ်းဆီးရမိမှုမှာ ပျမ်းမျှအားဖြင့် တစ်နေ့လျှင် (၃)စီးနှုန်းရှိနေကြောင်း အမှတ်(၁၁၇) ယာဉ်ထိန်းတပ်ဖွဲ့စုထံမှ သိရသည်။
အမှတ်(၁၁၇) ယာဉ်ထိန်းတပ်ဖွဲ့စု(တာချီလိတ်ခရိုင်)က ၂၀၁၈ ခုနှစ်အတွင်း ဖမ်းဆီးရမိထားသည့် ပါဝါအိတ်ဇော စုစုပေါင်းအရေအတွက်မှာ (၇၈၀)ခုကျော်ရှိနေပြီဖြစ်ပြီး အဆိုပါ အိတ်ဇောများအား စုပေါင်း ဖျက်ဆီးသွားမည် ဖြစ်ကြောင်း သိရသည်။
ပါဝါအိတ်ဇောတပ်ဆင်ထားသည့် ဆိုင်ကယ်များကို စစ်ဆေးတွေ့ရှိပါက အိတ်ဇောပြောင်းလဲလှယ် တပ်ဆင်စေပြီး အရေးယူကြောင်း သိရသည်။
Tachileik News Agency
ဓါတ်ပုံ - ဇောင်းညီ
“ပါဝါအိတ်ဇောတွေ နေ့စဉ်ဖမ်းဆီးရမိမှု ရှိနေပါတယ်။ အနိမ့်ဆုံး မဖမ်းမိဘူးဆိုရင် ပါဝါအိတ်ဇော(၃)စီး လောက်ကို ဖမ်းမိနေပါတယ်။ ဒီလိုဖမ်းဆီးရာမှာ အခက်အခဲ နည်းနည်းတော့ရှိပါတယ်။ မီးပွိုင့်တစ်ခုနဲ့ တစ်ခုချိတ် ဆက်ဖမ်းရပါတယ်။ တစ်ခါတစ်လေမှာတော့ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေရဲ့ အသက်အန္တရာယ် ထိခိုက်မှုတွေကိုလည်း သတိထားရပါတယ်” ဟု အမှတ်(၁၁၇) ယာဉ်ထိန်းတပ်ဖွဲ့စု(တာချီလိတ်ခရိုင်) တပ်ဖွဲ့စုမှူး ဒုရဲမှူး ဇော်မင်းသိန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အမှတ်(၁၁၇) ယာဉ်ထိန်းတပ်ဖွဲ့စု(တာချီလိတ်ခရိုင်)က ၂၀၁၈ ခုနှစ်အတွင်း ဖမ်းဆီးရမိထားသည့် ပါဝါအိတ်ဇော စုစုပေါင်းအရေအတွက်မှာ (၇၈၀)ခုကျော်ရှိနပြေီဖြစ်ပြီး အဆိုပါ အိတ်ဇောများအား စုပေါင်း ဖျက်ဆီးသွားမည် ဖြစ်ကြောင်း သိရသည်။
ပါဝါအိတ်ဇောတပ်ဆင်ထားသည့် ဆိုင်ကယ်များကို စစ်ဆေးတွေ့ရှိပါက အိတ်ဇောပြောင်းလဲလှယ် တပ်ဆင်စပြေီး အရေးယူကြောင်း သိရသည်။
Tachileik News Agency
ဓာတ်ပုံ - ဇောင်းညီ