Facebook က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ Facebook Account၊ Instgram နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Page အပါအဝင် မြန်မာနိုင်ငံမှ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း အချို့၏ Facebook Account (၁၈)ခု၊ အင်စတာဂရမ် Account (၁)ခုနှင့် Facebook Page (၅၂)ခု တို့ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၇)ရက်နေ့တွင် ဖယ်ရှားလိုက်ကြောင်း ထုတ်ပြန်လိုက်သည်။
Facebook အနေဖြင့် ၎င်းတို့၏ဝန်ဆောင်မှုကို အသုံးပြု၍ ဘာသာရေးနှင့် လူမျိုးရေးတင်းမာမှုများကိုလည်း ကာကွယ်လိုသဖြင့် ပိတ်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
Facebook အနေဖြင့် မြန်မာနိုင်ငံတွင် ယင်းကဲ့သို့ လူမှုကွန်ယက်အသုံးပြု၍ အလွဲသုံးစားပြုမှုများကို ဆက်လက် ကာကွယ်ရန် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။
Facebook က ဖယ်ရှားလိုက်သည့် account များ page များနှင့်ပတ်သက်၍ ဖေါ်ပြထားရာတွင် ဇွန်လ (၁၄)ရက်နေ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်၏ စာမျက်နှာတွင် ကုလသမဂ္ဂ အနေဖြင့် မြန်မာအပါအဝင် နိုင်ငံငယ်များ၏ ယုံကြည်မှုရရန်လိုအပ်ကြောင်း ရေးသားထားမှုနှင့် မစိုးရိမ် ကျောင်းတိုက်တွင် ဆွမ်းကပ်သည့်သတင်းဖေါ်ပြမှု၊ မြဝတီ facebook page တွင် ရခိုင်ဒေသ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွားရာနေရာတွင် နိုင်ငံတကာအဖွဲ့အစည်းများ၏ အမှတ်အသားများပါသည့် ကူညီထောက်ပံ့ရေးပစ္စည်းများ၊ မိုင်းများတွေ့ရှိမှုကို ဖေါ်ပြထားမှုနှင့် ငွေတာရီအမည်ဖြင့် account တွင် ရခိုင်တွင် နေအိမ်မီးရှို့မှုနှင့်ပတ်သက်၍ ဖေါ်ပြထားမှုများကို ဖေါ်ပြထားသည်။
Tachileik News Agency
အဆိုပါ ပိတ်လိုက်သည့် အကောင့်နှင့် page များတွင် လူပုဂ္ဂိုလ်(၂၀)နှင့် အဖွဲ့အစည်းများကို လူမှုကွန်ယက် စာမျက်နှာ အသုံးပြုခွင့်ပိတ်လိုက်ခြင်းမှာ မကြာမီက ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အချက်အလက်ရှာဖွေရေးအဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြချက်အရ လူ့အခွင့်အရေး ချိုးဖောက်မှုများ လုပ်ဆောင်သည်ဟု ဖော်ပြထားချက်များကြောင့်ဖြစ်ကြောင်း ဖော်ပြထားသည်။
Facebook အနဖြေင့်၎င်းတို့၏ဝန်ဆောင်မှုကို အသုံးပြု၍ ဘာသာရေးနှင့် လူမျိုးရေးတင်းမာမှုများကိုလည်း ကာကွယ်လိုသဖြင့် ပိတ်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
Facebook တွင် အမုန်းစကားနှင့် သတင်းမှားဖြန့်ဝေမှု ကာကွယ်နိုင်ရေးအတွက် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ အစောပိုင်းတွင် တစ်ဆင့်တိုးလုပ်ဆောင်နေသော်လည်း လုပ်ဆောင်နိုင်မှု နှေးကွေးနေကြောင်း ဖော်ပြထားသည်။
Facebook အနဖြေင့် မြန်မာနိုင်ငံတွင် ယင်းကဲ့သို့ လူမှုကွန်ယက်အသုံးပြု၍ အလွဲသုံးစားပြုမှုများကို ဆက်လက် ကာကွယ်ရန် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။
Facebook က ဖယ်ရှားလိုက်သည့် account များ page များနှင့်ပတ်သက်၍ ဖော်ပြထားရာတွင် ဇွန်လ (၁၄)ရက်နေ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်၏ စာမျက်နှာတွင် ကုလသမဂ္ဂ အနဖြေင့် မြန်မာအပါအဝင် နိုင်ငံငယ်များ၏ ယုံကြည်မှုရရန်လိုအပ်ကြောင်း ရေးသားထားမှုနှင့် မစိုးရိမ် ကျောင်းတိုက်တွင် ဆွမ်းကပ်သည့်သတင်းဖော်ပြမှု၊ မြဝတီ facebook page တွင် ရခိုင်ဒေသ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွားရာနေရာတွင် နိုင်ငံတကာအဖွဲ့အစည်းများ၏ အမှတ်အသားများပါသည့် ကူညီထောက်ပံ့ရေးပစ္စည်းများ၊ မိုင်းများတွေ့ရှိမှုကို ဖော်ပြထားမှုနှင့် ငွေတာရီအမည်ဖြင့် account တွင် ရခိုင်တွင် နေအိမ်မီးရှို့မှုနှင့်ပတ်သက်၍ ဖော်ပြထားမှုများကို ဖော်ပြထားသည်။
Tachileik News Agency