ထုိင္းႏုိင္ငံတြင္း တရားမဝင္သြားေရာက္ျခင္း၊ နယ္ေျမေက်ာ္လြန္သြားလာျခင္း၊ ရက္ေက်ာ္ေနထုိင္ျခင္းမ်ား ေၾကာင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသား (၃)ဦးကို ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕သို႔ ၂၀၁၈ ခုႏွစ္ စက္တင္ဘာလ(၂၀)ရက္ေန႔ နံနက္(၁၀)နာရီက လာေရာက္လႊဲေျပာင္းေပးေၾကာင္း သိရသည္။
အဆိုပါ ျမန္မာႏုိင္ငံသား အမ်ိဳးသား(၃)ဦးကို ထုိင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕မွ လဝကအရာရိွ Natthakit Wongwian ဦးစီးသည့္ တာဝန္ရိွသူမ်ားအဖြဲ႕က ျမန္မာ - ထုိင္း ခ်စ္ၾကည္ေရးတံတားအမွတ္(၂) တာခ်ီလိတ္ဘက္ျခမ္းတြင္ လာေရာက္လႊဲေျပာင္းေပးရာ ျမန္မာႏုိင္ငံဘက္မွ အလုပ္သမား လူ၀င္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႕အင္အားဆုိင္ရာဌာန ဦးစီးဌာန၊ ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာန၊ လူကုန္ကူးမွဳတုိက္ဖ်က္ေရး ရဲတပ္ဖြဲ႕ႏွင့္ တာခ်ီလိတ္အေျခစိုက္ လူမႈကူညီေရးအဖြဲ႕တစ္ခု ျဖစ္သည့္ ထုိင္းႏုိင္ငံမယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏွိဳင္းေရး ေကာ္မတီ (CNCMC)တို႔က စိစစ္လက္ခံၾကေၾကာင္း သိရသည္။
တာခ်ီလိတ္ၿမိဳ႕သို႔ ထုိင္းႏုိင္ငံမွ လႊဲေျပာင္းေပးလာသည့္ ျမန္မာႏုိင္ငံသားဦးေရမွာ ၂၀၁၈ ခုႏွစ္အတြင္း ဇန္နဝါရီလ (၁)ရက္ေန႔မွ စက္တင္ဘာလ (၂၀)ရက္ေန႔အထိ အမ်ိဳးသား (၅၇၀) ဦး၊ အမ်ိဳးသမီး (၂၆၁)ဦး၊ ကေလး (၃၁)ဦး စုစုေပါင္း (၈၆၂) ဦးရိွၿပီျဖစ္ေၾကာင္း သိရသည္။
ထိုင္းႏိုင္ငံတြင္း တရားမဝင္သြားေရာက္ျခင္း၊ နယ္ေျမေက်ာ္လြန္သြားလာျခင္း၊ ရက္ေက်ာ္ေနထုိင္ျခင္း မ်ားေၾကာင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏိုင္ငံသားမ်ားကို ထုိင္းႏုိင္ငံက ျမန္မာဘက္သို႔ ျပန္လည္ လႊဲေျပာင္းေပးၿပီး ျမန္မာႏုိင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္သည့္ ထိုင္းႏုိင္ငံသားမ်ားအေနျဖင့္ အျခားျပစ္မႈမ်ား က်ဴးလြန္ျခင္းမရိွပါက ျပည္ႏွင္ဒဏ္ျဖင့္ ျမန္မာဘက္က ထိုင္းႏုိင္ငံသို႔ ျပန္လႊဲေပးေလ့ရိွေၾကာင္း သိရသည္။
Tachileik News Agency
ဓါတ္ပံု #CNCMC
အဆိုပါ မြန်မာနိုင်ငံသား အမျိုးသား(၃)ဦးကို ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ လဝကအရာရှိ Natthakit Wongwian ဦးစီးသည့် တာဝန်ရှိသူများအဖွဲ့က မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၂) တာချီလိတ်ဘက်ခြမ်းတွင် လာရောက်လွှဲပြောင်းပေးရာ မြန်မာနိုင်ငံဘက်မှ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာန ဦးစီးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့နှင့် တာချီလိတ်အခြေစိုက် လူမှုကူညီရေးအဖွဲ့တစ်ခု ဖြစ်သည့် ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ (CNCMC)တို့က စိစစ်လက်ခံကြကြောင်း သိရသည်။
တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံမှ လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသားဦးရေမှာ ၂၀၁၈ ခုနှစ်အတွင်း ဇန်နဝါရီလ (၁)ရက်နေ့မှ စက်တင်ဘာလ (၂၀)ရက်နေ့အထိ အမျိုးသား (၅၇၀) ဦး၊ အမျိုးသမီး (၂၆၁)ဦး၊ ကလေး (၃၁)ဦး စုစုပေါင်း (၈၆၂) ဦးရှိပြီဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင်း တရားမဝင်သွားရောက်ခြင်း၊ နယ်မြေကျော်လွန်သွားလာခြင်း၊ ရက်ကျော်နေထိုင်ခြင်း များကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံက မြန်မာဘက်သို့ ပြန်လည် လွှဲပြောင်းပေးပြီး မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်သည့် ထိုင်းနိုင်ငံသားများအနဖြေင့် အခြားပြစ်မှုများ ကျူးလွန်ခြင်းမရှိပါက ပြည်နှင်ဒဏ်ဖြင့် မြန်မာဘက်က ထိုင်းနိုင်ငံသို့ ပြန်လွှဲပေးလေ့ရှိကြောင်း သိရသည်။
Tachileik News Agency
ဓာတ်ပုံ #CNCMC