ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မှို/ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းနှင့် အပင်ပိုင်းဆိုင်ရာ မျိုးပွားခြင်း နည်းပညာ၊ သဘာဝပိုးသတ်ဆေး၊ မြေသြဇာပြုလုပ် သုံးစွဲနည်းသင်တန်းကို ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနရုံးတွင် စက်တင်ဘာလ(၂၅)ရက်နေ့မှ စတင် ဖွင့်လှစ်မည်ဖြစ်၍ အခမဲ့စာရင်းပေးသွင်း တက်ရောက်နိုင်ကြောင်း သိရသည်။
သင်တန်းတက်ရောက်လိုသူများ အနေဖြင့် ဖုန်း ၀၉ ၄၂၈၂၁၇၈၁၄ နှင့် ၀၈၄ ၅၁၄၈၈ တို့သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
Tachileik News Agency
အဆိုပါ သင်တန်းကို တာချီလိတ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ဖွင့်လှစ်ခြင်းဖြစ်ပြီး လက်ထောက် ညွှန်ကြားရေးမှူး ဦးလှဝင်း၊ ဦးစီးအရာရှိ ဒေါ်နွယ်နွယ်အောင်နှင့် ဒုတိယဦးစီးမှူး ဦးစိုးမင်းဦးကျော်တို့က စက်တင်ဘာလ (၂၅)ရက်နေ့နှင့် (၂၆)ရက်နေ့များတွင် နံနက် (၉)နာရီမှ ညနေ(၄)နာရီအထိ ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းတက်ရောက်လိုသူများ အနဖြေင့် ဖုန်း ဝ၉ ၄၂၈၂၁၇၈၁၄ နှင့် ဝ၈၄ ၅၁၄၈၈ တို့သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
Tachileik News Agency