တာခ်ီလိတ္ ၿမိဳ႕ေရွာင္လမ္းတြင္ စိတ္ၾကြေဆးျပား သယ္လာသူတစ္ဦးက စစ္ေဆးေရးအဖြဲ႕အနီးမေရာက္မီ စိတ္ၾကြေဆးျပားအထုပ္အား ပစ္ခ်ခဲ့ကာ ထြက္ေျပး လြတ္ေျမာက္

တာခ်ီလိတ္ ၿမိဳ႕ေရွာင္လမ္းတြင္ စိတ္ၾကြေဆးျပား သယ္လာသူတစ္ဦးက စစ္ေဆးေရးအဖြဲ႕အနီးမေရာက္မီ စိတ္ၾကြေဆးျပားအထုပ္အား ပစ္ခ်ခဲ့ကာ ထြက္ေျပး လြတ္ေျမာက္
အောက်တိုဘာ 14, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၊ လြယ္ေတာ္ခမ္းေက်းရြာအုပ္စု၊ ေဟြရဲၿမိဳ႕ေရွာင္လမ္းတြင္ စိတ္ၾကြေဆးျပား (၂၈,၀၀၀) သယ္ေဆာင္လာသူတစ္ဦးက စစ္ေဆးေရးအဖြဲ႕ႏွင့္ ကိုက္(၃၀၀)ခန္႔အကြာတြင္ ဆိုင္ကယ္ထားခဲ့ၿပီး ထြက္ေျပး လြတ္ေျမာက္သြားေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕ႏွင့္ သက္ေသမ်ား ပါဝင္သည့္ ပူးေပါင္းအဖြဲ႕သည္ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ (၁၃)ရက္ေန႔ ညေန (၆)နာရီအခ်ိန္က ေဟြရဲၿမိဳ႕ေရွာင္လမ္းတြင္ ပိတ္ဆို႔ စစ္ေဆးမႈျပဳလုပ္ေနစဥ္ မိုင္းဆတ္ဘက္မွ တာခ်ီလိတ္ဘက္သို႔ ဆိုင္ကယ္ေမာင္းလာသည့္ အမ်ိဳးသားတစ္ဦးက စစ္ေဆးေရးအဖြဲ႕ႏွင့္ ကိုက္(၃၀၀)ခန္႔အကြာတြင္ စစ္ေဆးေရးအဖြဲ႔အား ေတြ႔ရွိရ၍ အထုပ္တစ္ထုပ္အား လမ္းေဘးပစ္ခ်လိုက္ၿပီး ဆိုင္ကယ္အား လဲခ်ခဲ့ကာ လမ္းေဘးၿခံဳေတာအတြင္း ထြက္ေျပးသြားသည္ကို ေတြ႔ရေၾကာင္း သိရသည္။

လမ္းေဘးတြင္ ပစ္ခ်ထားသည့္ အထုပ္အား စစ္ေဆးရာ 999 တံဆိပ္ပါ စကၠဴျဖင့္ထုပ္ထားသည့္ WY စိတ္ၾကြေဆးျပား (၂၈,၀၀၀)ကို ေတြ႔ရေၾကာင္း သိရသည္။

စိတ္ၾကြေဆးျပားသယ္လာၿပီး ထြက္ေျပးသြားသူအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၁၀၁/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ဟွေရဲမြို့ရှောင်လမ်းတွင် စိတ်ကြွဆေးပြား (၂၈,ဝဝဝ) သယ်ဆောင်လာသူတစ်ဦးက စစ်ဆေးရေးအဖွဲ့နှင့် ကိုက်(၃၀၀)ခန့်အကွာတွင် ဆိုင်ကယ်ထားခဲ့ပြီး ထွက်ပြေး လွတ်မြောက်သွားကြောင်း သိရသည်။

ရဲတပ်ဖွဲ့နှင့် သက်သေများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၁၃)ရက်နေ့ ညနေ (၆)နာရီအချိန်က ဟွေရဲမြို့ရှောင်လမ်းတွင် ပိတ်ဆို့ စစ်ဆေးမှုပြုလုပ်နေစဉ် မိုင်းဆတ်ဘက်မှ တာချီလိတ်ဘက်သို့ ဆိုင်ကယ်မောင်းလာသည့် အမျိုးသားတစ်ဦးက စစ်ဆေးရေးအဖွဲ့နှင့် ကိုက်(၃၀၀)ခန့်အကွာတွင် စစ်ဆေးရေးအဖွဲ့အား တွေ့ရှိရ၍ အထုပ်တစ်ထုပ်အား လမ်းဘေးပစ်ချလိုက်ပြီး ဆိုင်ကယ်အား လဲချခဲ့ကာ လမ်းဘေးခြုံတောအတွင်း ထွက်ပြေးသွားသည်ကို တွေ့ရကြောင်း သိရသည်။

လမ်းဘေးတွင် ပစ်ချထားသည့် အထုပ်အား စစ်ဆေးရာ 999 တံဆိပ်ပါ စက္ကူဖြင့်ထုပ်ထားသည့် WY စိတ်ကြွဆေးပြား (၂၈,ဝဝဝ)ကို တွေ့ရကြောင်း သိရသည်။

စိတ်ကြွဆေးပြားသယ်လာပြီး ထွက်ပြေးသွားသူအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၁၀၁/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~