ရန်ကုန်မြို့တွင် ပထမအကြိမ် ကျင်းပသည့် အိုးပုတ်ပွဲတော်ကို လူငယ်များ ပိုစိတ်ဝင်စား

ရန်ကုန်မြို့တွင် ပထမအကြိမ် ကျင်းပသည့် အိုးပုတ်ပွဲတော်ကို လူငယ်များ ပိုစိတ်ဝင်စား
အောကျတိုဘာ 22, 2018
By Tachileik News Agency

ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်၊ ဓမ္မစတေီလမ်းဝင်ပေါက်ရှိ စမ်းချောင်း Food Town Area တွင် ပထမဆုံး အကြိမ် အဖြစ် ကျင်းပပြုလုပ်နေသည့် အိုးပုတ်ပွဲတော် ပြပွဲ ရောင်းပွဲအား အောက်တိုဘာလ (၁၉)ရက်နေ့က စတင်ပြသနေပြီး ၀ယ်ယူလိုသူများအား အကန့် အသတ်ဖြင့် အောက်တိုဘာလ(၂၄)ရက် နှင့် (၂၅)ရက်နေ့တွင်သာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာ့ရိုးရာအိုးပုတ်များနှင့် ပတ်သက်၍ ကလေးသူငယ်များ သိရှိစေရန် အပြင် အိုးပုတ်ယဉ်ကျေးမှု ထွန်းကား လာစေရန် အတွက် ၂၀၁၈ခုနှစ် အောက်တိုဘာလ(၁၉)ရက်နေ့က စတင်ကာ  ပြည်သူ့ ဥယျာဉ်တွင် ပြသပေးထားပြီး အမှတ်တရ ၀ယ်ယူလိုသူများ အနေဖြင့် အောက်တိုဘာလ(၂၄)ရက်နေ့ နှင့် (၂၅)ရက်နေ့အထိ တစ်ဦးလျှင် (၂)ခု (၃)ခုထိသာ ၀ယ်ယူခွင့်ရရှိမှာ ဖြစ်ကြောင်းနှင့် ရောင်းချပေးသည့် သတ်မှတ်ရက်ပြီးသည့် အောက်တိုဘာလ(၂၆)ရက်နေ့မှ အောက်တိုဘာလ(၂၉)ရက်နေ့အထိ ဆက်လက် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။


အိုးပုတ်ပွဲတော်ကို  အများအားဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်း ပြုလုပ်လေ့ရှိပြီး ပြီးခဲ့သည့် သြဂုတ်လအတွင်းက ပြည်မြို့တွင် ကျင်းပခဲ့ပြီးနောက် ရန်ကုန်မြို့၏ ပထမဆုံး အိုးပုတ်ပွဲအဖြစ်  ပြည်သူ့ဥယျာဉ်တွင် (၁၀)ရက်တိုင်တိုင် ကျင်းပနေခြင်း ဖြစ်သည်။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်၊ ဓမ္မစတေီလမ်းဝင်ပေါက်ရှိ စမ်းချောင်း Food Town Area တွင် ပထမဆုံး အကြိမ် အဖြစ် ကျင်းပပြုလုပ်နေသည့် အိုးပုတ်ပွဲတော် ပြပွဲ ရောင်းပွဲအား အောက်တိုဘာလ (၁၉)ရက်နေ့က စတင်ပြသနပြေီး ဝယ်ယူလိုသူများအား အကန့် အသတ်ဖြင့် အောက်တိုဘာလ(၂၄)ရက် နှင့် (၂၅)ရက်နေ့တွင်သာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"မနေ့က သွားကြည့်တာ တစ်ချို့ အိုးပုတ်လေးတွေကို ဝယ်ချင်လို့ မေးကြည့်တော့ မရောင်းသေးဘူး၊ ရောင်းလိုက်ရင် ခဏလေးကုန်နိုင်တာမို့ ကလေးတွေ မြင်အောင် ပြထားတာလို့ ပြောတယ်၊ မရောင်းသေးတော့လည်း အလှပုံလေးတွေပဲ ရိုက်လာခဲ့လိုက်တယ်။ လူကြည့်သူ တော်တော်များများလည်း စဖီလ်ဆွဲတာတွေ၊ အိုးပုတ်လေးတွေကို ကိုင်ပြီး ပုံရိုက်တာတွေများတယ်၊ ဒီလိုပွဲမျိုး ရန်ကုန်မှာ မကြာခဏ လုပ်ပေးရင် ကောင်းပါတယ်၊ ကလေးတွေလည်း မြင်တွေရတာပေါ့နော်"ဟု ရန်ကုန်မြို့နေ မခင်စံပယ်က ပြောသည်။

မြန်မာ့ရိုးရာအိုးပုတ်များနှင့် ပတ်သက်၍ ကလေးသူငယ်များ သိရှိစေရန် အပြင် အိုးပုတ်ယဉ်ကျေးမှု ထွန်းကား လာစေရန် အတွက် ၂၀၁၈ခုနှစ် အောက်တိုဘာလ(၁၉)ရက်နေ့က စတင်ကာ ပြည်သူ့ ဥယျာဉ်တွင် ပြသပေးထားပြီး အမှတ်တရ ဝယ်ယူလိုသူများ အနဖြေင့် အောက်တိုဘာလ(၂၄)ရက်နေ့ နှင့် (၂၅)ရက်နေ့အထိ တစ်ဦးလျှင် (၂)ခု (၃)ခုထိသာ ဝယ်ယူခွင့်ရရှိမှာ ဖြစ်ကြောင်းနှင့် ရောင်းချပေးသည့် သတ်မှတ်ရက်ပြီးသည့် အောက်တိုဘာလ(၂၆)ရက်နေ့မှ အောက်တိုဘာလ(၂၉)ရက်နေ့အထိ ဆက်လက် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

"အိုးပုတ်လေးတွေဘက်ကို လာကြည့်သူက ကလေးတွေ ပိုများတယ်၊ လူငယ်ပိုင်းကတော့ အလှ ဓာတ်ပုံ ရိုက်ကြတာ၊ အိုးပုတ်လေးတွေကို (၂၄)နဲ့(၂၅)ရက်မှ ရောင်းပေးမှာတဲ့ ဝယ်ရင်တောင် စိတ်ကြိုက် ဝယ်လို့ရဘူး တစ်ယောက်ကို (၂)ခု (၃)ခုလောက်ပဲ ဝယ်လို့ရမယ်ပြောတယ်"ဟု အိုးပုတ်ပြပွဲသို့ သွားရောက်သူ လူငယ်တစ်ဦးက ဆိုသည်။

အိုးပုတ်ပွဲတော်ကို အများအားဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်း ပြုလုပ်လေ့ရှိပြီး ပြီးခဲ့သည့် သြဂုတ်လအတွင်းက ပြည်မြို့တွင် ကျင်းပခဲ့ပြီးနောက် ရန်ကုန်မြို့၏ ပထမဆုံး အိုးပုတ်ပွဲအဖြစ် ပြည်သူ့ဥယျာဉ်တွင် (၁၀)ရက်တိုင်တိုင် ကျင်းပနခြေင်း ဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - သံစဉ်ဖြိုးပိုင်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~