အသက္(၅၅)ႏွစ္အရြယ္ ဂၽြန္နီဒက္ပ္ကို ကပၸတိန္ဂ်က္စပဲရိုးအျဖစ္ ပင္လယ္ဓါးျမရုပ္ရွင္တြင္ လြန္ခဲ့သည့္ (၁၅)ႏွစ္ေက်ာ္ကတည္းက စတင္ရိုက္ကူးခဲ့ကာ လက္ရိွအခ်ိန္ထိ ပင္လယ္ဓါးျမရုပ္ရွင္ (၅) ကား ရိုက္ကူးခဲ့ၿပီး ေနာက္ဆံုးရိုက္ကူးခဲ့သည့္ ရုပ္ရွင္မွာ Dead Men Tell No Tales ျဖစ္သည္။
သရုပ္ေဆာင္ ဂၽြန္နီဒက္ပ္ကို ကပၸတိန္ဂ်က္စပဲရိုးအျဖစ္ ဒစ္စေနး၏ ရုပ္ရွင္အသစ္မ်ားတြင္ ထပ္မံရိုက္ကူးေတာ့မည္ မဟုတ္ေၾကာင္းကို Daily Mail ၏ သီးသန္႔အင္တာဗ်ဴးသတင္းတြင္ ေဖၚျပထားျခင္းျဖစ္သည္။
“သူက ေက်ာ္ၾကားတဲ့ သူ႔ကိုယ္ပိုင္ဇာတ္ေကာင္ကို ဖန္တီးႏုိင္ခဲ့ပါတယ္။ သူ႔ဇာတ္ရုပ္ကို တစ္ကမၻာလံုးက ကေလးေတြ သိပ္ခ်စ္ၾကတာ။ ဒါက တကယ့္အံ့ၾသစရာပဲ။ ဒီအတြက္ အရမ္း အရမ္းကိုေပ်ာ္ရႊင္မိပါတယ္”ဟု Daily Mail ႏွင့္ အင္တာဗ်ဴးတြင္ ပင္လယ္ဓါးျမပထမဆံုးရုပ္ရွင္ဇာတ္လမ္းေရးသည့္ ဘက္တီက ေျပာၾကားခဲ့သည္။
ဂၽြန္နီဒက္ပ္၏ မွန္းရခက္သည့္ သရုပ္ေဆာင္ပံုမ်ားကို ပရိတ္သတ္မ်ားက ႏွစ္သက္ေသာ္လည္း စတူဒီယိုက ႀကိဳက္ႏွစ္သက္ပံုမရေၾကာင္း ဒက္ပ္က ေအာက္တိုဘာလအတြင္း GQ ႏွင့္ အင္တာဗ်ဴးတစ္ခုတြင္ ေျဖၾကားထားသည္။
ဒက္ပ္သည္ သူ၏ေက်ာ္ၾကားလွသည့္ ကပၸတိန္ဝတ္စံုျဖင့္ ေဆးရံုမ်ားမွ ကေလးငယ္မ်ားအား အားေပးႏွစ္သိမ့္ေပးျခင္းကို အႀကိမ္မ်ားစြာ ေဆာင္ရြက္ခဲ့သူလည္းျဖစ္ၿပီး ကပၸတိန္ဂ်က္စပဲရုိးအျဖစ္ ဆက္လက္ရိုက္ကူးျခင္းမျပဳလွ်င္လည္း ပရိတ္သတ္၏ရင္ထဲမွ ကပၸတိန္ဂ်က္စပဲရိုးအျဖစ္ ရိွေနမည္ျဖစ္သည္ဟု ဘက္တီက ဆိုသည္။
Ref: Daily Mail
**************
သရုပ်ဆောင် ဂျွန်နီဒက်ပ်ကို အသစ်ထွက်လာမည့် ကာရစ်ဘီယံပင်လယ်ဓါးမြရုပ်ရှင်များတွင် ကပ္ပတိန်ဂျက်စပဲရိုးအဖြစ် ထပ်မံမြင်တွေ့ရဖွယ်မရှိကြောင်း အဆိုပါရုပ်ရှင်များကို ဇာတ်ညွှန်းရေးသူများထဲမှ တစ်ဦးက ပြောကြားလိုက်သည်။
အသက်(၅၅)နှစ်အရွယ် ဂျွန်နီဒက်ပ်ကို ကပ္ပတိန်ဂျက်စပဲရိုးအဖြစ် ပင်လယ်ဓါးမြရုပ်ရှင်တွင် လွန်ခဲ့သည့် (၁၅)နှစ်ကျော်ကတည်းက စတင်ရိုက်ကူးခဲ့ကာ လက်ရှိအချိန်ထိ ပင်လယ်ဓါးမြရုပ်ရှင် (၅) ကား ရိုက်ကူးခဲ့ပြီး နောက်ဆုံးရိုက်ကူးခဲ့သည့် ရုပ်ရှင်မှာ Dead Men Tell No Tales ဖြစ်သည်။
သရုပ်ဆောင် ဂျွန်နီဒက်ပ်ကို ကပ္ပတိန်ဂျက်စပဲရိုးအဖြစ် ဒစ်စနေး၏ ရုပ်ရှင်အသစ်များတွင် ထပ်မံရိုက်ကူးတော့မည် မဟုတ်ကြောင်းကို Daily Mail ၏ သီးသန့်အင်တာဗျူးသတင်းတွင် ဖေါ်ပြထားခြင်းဖြစ်သည်။
“သူက ကျော်ကြားတဲ့ သူ့ကိုယ်ပိုင်ဇာတ်ကောင်ကို ဖန်တီးနိုင်ခဲ့ပါတယ်။ သူ့ဇာတ်ရုပ်ကို တစ်ကမ္ဘာလုံးက ကလေးတွေ သိပ်ချစ်ကြတာ။ ဒါက တကယ့်အံ့သြစရာပဲ။ ဒီအတွက် အရမ်း အရမ်းကိုပျော်ရွှင်မိပါတယ်”ဟု Daily Mail နှင့် အင်တာဗျူးတွင် ပင်လယ်ဓါးမြပထမဆုံးရုပ်ရှင်ဇာတ်လမ်းရေးသည့် ဘက်တီက ပြောကြားခဲ့သည်။
ဂျွန်နီဒက်ပ်၏ မှန်းရခက်သည့် သရုပ်ဆောင်ပုံများကို ပရိတ်သတ်များက နှစ်သက်သော်လည်း စတူဒီယိုက ကြိုက်နှစ်သက်ပုံမရကြောင်း ဒက်ပ်က အောက်တိုဘာလအတွင်း GQ နှင့် အင်တာဗျူးတစ်ခုတွင် ဖြေကြားထားသည်။
ဒက်ပ်သည် သူ၏ကျော်ကြားလှသည့် ကပ္ပတိန်ဝတ်စုံဖြင့် ဆေးရုံများမှ ကလေးငယ်များအား အားပေးနှစ်သိမ့်ပေးခြင်းကို အကြိမ်များစွာ ဆောင်ရွက်ခဲ့သူလည်းဖြစ်ပြီး ကပ္ပတိန်ဂျက်စပဲရိုးအဖြစ် ဆက်လက်ရိုက်ကူးခြင်းမပြုလျှင်လည်း ပရိတ်သတ်၏ရင်ထဲမှ ကပ္ပတိန်ဂျက်စပဲရိုးအဖြစ် ရှိနေမည်ဖြစ်သည်ဟု ဘက်တီက ဆိုသည်။
Ref: Daily Mail