အင္ဒိုနီးရွား ဂ်ကာတာ၌ ပ်က္က်သြားသည့္ ေလယာဥ္တြင္ စီးနင္းမည့္ သူငယ္ခ်င္း (၇)ဦးအနက္ ေလယာဥ္ခ်ိန္မမီလိုက္သူတစ္ဦး အသက္ေဘးမွ လြတ္ေျမာက္သြား

အင္ဒိုနီးရွား ဂ်ကာတာ၌ ပ်က္က်သြားသည့္ ေလယာဥ္တြင္ စီးနင္းမည့္ သူငယ္ခ်င္း (၇)ဦးအနက္ ေလယာဥ္ခ်ိန္မမီလိုက္သူတစ္ဦး အသက္ေဘးမွ လြတ္ေျမာက္သြား
အောက်တိုဘာ 29, 2018
By Tachileik News Agency

ဂ်ကာတာေလဆိပ္ကိုအသြား လမ္းပိတ္ေနသျဖင့္ ေလဆိပ္ေရာက္ခ်ိန္ေနာက္က်သြားသည့္ ခရီးသည္ အမ်ိဳးသားတစ္ဦး ပ်က္က်သြားသည့္ ေလယာဥ္ကို မမီလိုက္သျဖင့္ အသက္ရွင္က်န္ခဲ့ေသာ္လည္း သူငယ္ခ်င္းမ်ားမွ ပ်က္က်သည့္ ေလယာဥ္တြင္ ပါသြားေၾကာင္း သိရသည္။

သူငယ္ခ်င္း (၆)ေယာက္ႏွင့္အတူ ေအာက္တိုဘာလ (၂၉)ရက္ေန႔ Lion Air ေလယာဥ္ျဖင့္ လိုက္ပါမည့္ စီတာဝမ္သည္ လမ္းတြင္ ယာဥ္ေၾကာပိတ္ဆို႔မႈေၾကာင့္ နံနက္ (၆)နာရီ (၂၀)မိနစ္မွ ေလဆိပ္သို႔ ေရာက္ရိွသျဖင့္ ပမ္ကာပီနန္သို႔ ေနာက္ထပ္ေလယာဥ္ျဖင့္ လုိက္သြားခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

"ကြ်န္ေတာ္နဲ႔ ကၽြန္ေတာ့္သူငယ္ခ်င္းေတြက JT 610 နဲ႔ပဲ အၿမဲသြားေလ့ရိွတာပါ။ ဒီေန႔မွာ လမ္းပိတ္တာ ဘာေၾကာင့္ ဒီေလာက္ဆိုးေနမွန္း မသိဘူး။ အမ်ားအားျဖင့္ ကၽြန္ေတာ္က ဂ်ကာတာေလဆိပ္ကို မနက္ (၃)နာရီဆို ေရာက္တာ။ ဒီမနက္ေတာ့ မနက္ (၆)နာရီ (၂၀)မွေရာက္ေတာ့ ေလယာဥ္ မမီလိုက္ဘူး”ဟု စီတာဝမ္က AFP သတင္းဌာနကို ေျပာသည္။

စီတာဝမ္က ၎အေနျဖင့္ ကံေကာင္းစြာ က်န္ေနခဲ့ေသာ္လည္း သူ႔သူငယ္ခ်င္းမ်ားႏွင့္ လူေပါင္းမ်ားစြာ ကံမေကာင္းခဲ့သည့္အတြက္ ဝမ္းမသာႏုိင္ေၾကာင္း ေျပာသည္။

“သတင္းၾကားေတာ့ ကၽြန္ေတာ္ငိုတာပဲ။ ကၽြန္ေတာ့္သူငယ္ခ်င္းေတြ ပါသြားၿပီေလ”ဟု စီတာဈမ္က ေျပာသည္။

အေနာက္ဂ်ာဗား ဘန္ေဒါင္းတြင္ေနသည့္ စီတာဝမ္သည္ ပမ္ကာပီနန္သို႔ ေဘးကင္းစြာေရာက္ခဲ့ေၾကာင္းကို ေလယာဥ္ပ်က္က်သည့္သတင္းေၾကာင့္ တုန္လႈပ္ေျခာက္ျခားေနသည့္ သူ႔မိသားစုထံ အလ်င္အျမန္ အေၾကာင္းၾကားေပးခဲ့ရေၾကာင္း သိရသည္။

လက္ရိွအခ်ိန္တြင္ ေလယာဥ္ပ်က္က်သည့္ေနရာအနီးတဝိုက္ ရွာေဖြကယ္ဆယ္မႈမ်ား လုပ္ေဆာင္ ေနဆဲျဖစ္ၿပီး ခႏၶာကိုယ္အစိတ္အပိုင္းအခ်ိဳ႕ကို ဆယ္ယူရရိွထားၿပီး ေလယာဥ္ေပၚပါသူအားလံုး အသက္ရွင္က်န္ဖြယ္မရိွဟု ခန္႔မွန္းထားၾကသည္။

Tachileik News Agency
Ref; Channelnewsasia
Photo: Channelnewsasia


~~~~~~~~⊰❂ unicode ~~~~~~~~

ဂျကာတာလေဆိပ်ကိုအသွား လမ်းပိတ်နေသဖြင့် လေဆိပ်ရောက်ချိန်နောက်ကျသွားသည့် ခရီးသည် အမျိုးသားတစ်ဦး ပျက်ကျသွားသည့် လေယာဉ်ကို မမီလိုက်သဖြင့် အသက်ရှင်ကျန်ခဲ့သော်လည်း သူငယ်ချင်းများမှ ပျက်ကျသည့် လေယာဉ်တွင် ပါသွားကြောင်း သိရသည်။

သူငယ်ချင်း (၆)ယောက်နှင့်အတူ အောက်တိုဘာလ (၂၉)ရက်နေ့ Lion Air လေယာဉ်ဖြင့် လိုက်ပါမည့် စီတာဝမ်သည် လမ်းတွင် ယာဉ်ကြောပိတ်ဆို့မှုကြောင့် နံနက် (၆)နာရီ (၂၀)မိနစ်မှ လေဆိပ်သို့ ရောက်ရှိသဖြင့် ပမ်ကာပီနန်သို့ နောက်ထပ်လေယာဉ်ဖြင့် လိုက်သွားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းတွေက JT 610 နဲ့ပဲ အမြဲသွားလေ့ရှိတာပါ။ ဒီနေ့မှာ လမ်းပိတ်တာ ဘာကြောင့် ဒီလောက်ဆိုးနေမှန်း မသိဘူး။ အများအားဖြင့် ကျွန်တော်က ဂျကာတာလေဆိပ်ကို မနက် (၃)နာရီဆို ရောက်တာ။ ဒီမနက်တော့ မနက် (၆)နာရီ (၂၀)မှရောက်တော့ လေယာဉ် မမီလိုက်ဘူး”ဟု စီတာဝမ်က AFP သတင်းဌာနကို ပြောသည်။

စီတာဝမ်က၎င်းအနဖြေင့် ကံကောင်းစွာ ကျန်နေခဲ့သော်လည်း သူ့သူငယ်ချင်းများနှင့် လူပေါင်းများစွာ ကံမကောင်းခဲ့သည့်အတွက် ဝမ်းမသာနိုင်ကြောင်း ပြောသည်။

“သတင်းကြားတော့ ကျွန်တော်ငိုတာပဲ။ ကျွန်တော့်သူငယ်ချင်းတွေ ပါသွားပြီလေ”ဟု စီတာဈမ်က ပြောသည်။

အနောက်ဂျာဗား ဘန်ဒေါင်းတွင်နေသည့် စီတာဝမ်သည် ပမ်ကာပီနန်သို့ ဘေးကင်းစွာရောက်ခဲ့ကြောင်းကို လေယာဉ်ပျက်ကျသည့်သတင်းကြောင့် တုန်လှုပ်ခြောက်ခြားနေသည့် သူ့မိသားစုထံ အလျင်အမြန် အကြောင်းကြားပေးခဲ့ရကြောင်း သိရသည်။

လက်ရှိအချိန်တွင် လေယာဉ်ပျက်ကျသည့်နေရာအနီးတဝိုက် ရှာဖွေကယ်ဆယ်မှုများ လုပ်ဆောင် နေဆဲဖြစ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းအချို့ကို ဆယ်ယူရရှိထားပြီး လေယာဉ်ပေါ်ပါသူအားလုံး အသက်ရှင်ကျန်ဖွယ်မရှိဟု ခန့်မှန်းထားကြသည်။

Tachileik News Agency
Ref; Channelnewsasia
Photo: Channelnewsasia

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~