ရန္ကုန္ျမစ္တြင္း ကုန္ေသတၱာပို႔ေဆာင္ေရးလုပ္ငန္း အသံုးျပဳမႈမ်ားလာ

ရန္ကုန္ျမစ္တြင္း ကုန္ေသတၱာပို႔ေဆာင္ေရးလုပ္ငန္း အသံုးျပဳမႈမ်ားလာ
နိုဝင်ဘာ 4, 2018
By 🌸
ရန္ကုန္ျမစ္အတြင္း သီလဝါ MITT ဆိပ္ကမ္းမွ ေရႊျပည္သာဆိပ္ကမ္းတံတားမ်ားသို႔  ျမစ္တြင္း ကုန္ေသတၱာပို႔ေဆာင္ေရးလုပ္ငန္းျဖင့္ ကုန္စည္ပို႔ေဆာင္မႈ တိုးျမင့္လာေနၿပီး ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလအတြင္း (၁၉)ေခါက္ျဖင့္ ကုန္တန္ခ်ိန္ (၁၈၄၈၀) သယ္ယူပို႔ေဆာင္ထားႏိုင္ေၾကာင္း သိရသည္။

ျမစ္တြင္းကုန္ေသတၱာပို႔ေဆာင္ေရးလုပ္ငန္းကို ျပည္တြင္းေရေၾကာင္းပို႔ေဆာင္ေရးက ၂၀၁၇ ခုႏွစ္ မတ္လ(၉)ရက္ေန႔က စတင္လိုက္ျခင္းျဖစ္ၿပီး ရန္ကုန္ၿမိဳ႕ ယာဥ္ေၾကာၾကပ္တည္းမႈေလ်ာ့က်ေစေရး၊ ကုန္စည္စီးဆင္းမႈလ်င္ျမန္ေစေရးႏွင့္ သယ္ယူပို႔ေဆာင္မႈစရိတ္မ်ား သက္သာေစေရးတို႔အတြက္ ခရီးတိုစတင္ စမ္းသပ္ေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း သိရသည္။

ရန္ကုန္ျမစ္အတြင္း သီလဝါ MITT ဆိပ္ကမ္းမွ ေရႊျပည္သာဆိပ္ကမ္းခရီးစဥ္ကို တြန္းေရယာဥ္ (၂)စီးႏွင့္ ကုန္ေသတၱာတင္တြဲယာဥ္ (၁)စီးတို႔ျဖင့္ ကုန္စည္ပို႔ေဆာင္ေနရာမွ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ (၄)ကုန္ေသတၱာတြဲယာဥ္ (၂)စံုထပ္မံအားျဖည့္ၿပီး ေျပးဆြဲလွ်က္ရွိေၾကာင္း သိရသည္။

၂၀၁၆-၂၀၁၇ ဘ႑ာေရးႏွစ္အတြင္း စုစုေပါင္းေျပးဆြဲမႈ(၈)ေခါက္တြင္ ကုန္ေသတၱာ (၆၄၀)လံုးျဖင့္ ကုန္တန္ခ်ိန္ (၆၄၀ဝ) ကိုလည္းေကာင္း၊ ၂၀၁၇-၂၀၁၈ ခု ဘ႑ာေရးႏွစ္အတြင္း စုစုေပါင္း ေျပးဆြဲမႈ (၂၁)ေခါက္တြင္ ကုန္ေသတၱာ (၁၇၄၂)လံုးျဖင့္ ကုန္တန္ခ်ိန္ (၁၇၄၂၀) ကိုလည္းေကာင္း၊ ၂၀၁၈ - ၂၀၁၉ ဘ႑ာေရးႏွစ္ ပထမ(၆)လတြင္ စုစုေပါင္းေျပးဆြဲမႈ (၅၄)ေခါက္တြင္ ကုန္ေသတၱာ (၅၂၂၄)လံုးျဖင့္ ကုန္တန္ခ်ိန္အားျဖင့္ (၅၂၂၄၀) ကို ပို႔ေဆာင္ထားေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ျပည္တြင္းေရေၾကာင္း

~~~~~~~~⊰❂ unicode ~~~~~~~~
ရန်ကုန်မြစ်တွင်း ကုန်သေတ္တာပို့ဆောင်ရေးလုပ်ငန်း အသုံးပြုမှုများလာ
***************
ရန်ကုန်မြစ်အတွင်း သီလဝါ MITT ဆိပ်ကမ်းမှ ရွှေပြည်သာဆိပ်ကမ်းတံတားများသို့  မြစ်တွင်း ကုန်သေတ္တာပို့ဆောင်ရေးလုပ်ငန်းဖြင့် ကုန်စည်ပို့ဆောင်မှု တိုးမြင့်လာနေပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်း (၁၉)ခေါက်ဖြင့် ကုန်တန်ချိန် (၁၈၄၈၀) သယ်ယူပို့ဆောင်ထားနိုင်ကြောင်း သိရသည်။

မြစ်တွင်းကုန်သေတ္တာပို့ဆောင်ရေးလုပ်ငန်းကို ပြည်တွင်းရေကြောင်းပို့ဆောင်ရေးက ၂၀၁၇ ခုနှစ် မတ်လ(၉)ရက်နေ့က စတင်လိုက်ခြင်းဖြစ်ပြီး ရန်ကုန်မြို့ ယာဉ်ကြောကြပ်တည်းမှုလျော့ကျစေရေး၊ ကုန်စည်စီးဆင်းမှုလျင်မြန်စေရေးနှင့် သယ်ယူပို့ဆောင်မှုစရိတ်များ သက်သာစေရေးတို့အတွက် ခရီးတိုစတင် စမ်းသပ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြစ်အတွင်း သီလဝါ MITT ဆိပ်ကမ်းမှ ရွှေပြည်သာဆိပ်ကမ်းခရီးစဉ်ကို တွန်းရေယာဉ် (၂)စီးနှင့် ကုန်သေတ္တာတင်တွဲယာဉ် (၁)စီးတို့ဖြင့် ကုန်စည်ပို့ဆောင်နေရာမှ ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၄)ကုန်သေတ္တာတွဲယာဉ် (၂)စုံထပ်မံအားဖြည့်ပြီး ပြေးဆွဲလျှက်ရှိကြောင်း သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း စုစုပေါင်းပြေးဆွဲမှု(၈)ခေါက်တွင် ကုန်သေတ္တာ (၆၄၀)လုံးဖြင့် ကုန်တန်ချိန် (၆၄၀ဝ) ကိုလည်းကောင်း၊ ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာရေးနှစ်အတွင်း စုစုပေါင်း ပြေးဆွဲမှု (၂၁)ခေါက်တွင် ကုန်သေတ္တာ (၁၇၄၂)လုံးဖြင့် ကုန်တန်ချိန် (၁၇၄၂၀) ကိုလည်းကောင်း၊ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် ပထမ(၆)လတွင် စုစုပေါင်းပြေးဆွဲမှု (၅၄)ခေါက်တွင် ကုန်သေတ္တာ (၅၂၂၄)လုံးဖြင့် ကုန်တန်ချိန်အားဖြင့် (၅၂၂၄၀) ကို ပို့ဆောင်ထားကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ပြည်တွင်းရေကြောင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~