ႏို၀င္ဘာလ(၂၆)ရက္ေန႔တြင္ ျပဳလုပ္မည့္ အခမ္းအနားသို႔ တာခ်ီလိတ္ၿမိဳ႕နယ္အတြင္းမွ ဂီတပညာရွင္မ်ား၊ ေတးသံရွင္မ်ား၊ ေတးေရးဆရာမ်ား၊ သီခ်င္းေခြထုတ္ထားၿပီးသူမ်ား ႏွင့္ သီခ်င္းေခြ မထုတ္ထားေသးသူမ်ား အပါအ၀င္ ဂီတကို ၀ါသနာပါသူမ်ား စသည္ျဖင့္ ဂီတႏွင့္ ပတ္သက္သူမ်ား မည္သူမဆို တက္ေရာက္ ေလ့လာႏိုင္ၿပီး အဖြဲ႔၀င္အျဖစ္လည္း ေလွ်ာက္ထားႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
"အခုေတာ့ ရန္ကုန္လိုမ်ဳိးလုပ္ဖို႔အတြက္ အလႊာ(၆)လႊာ ပါ၀င္ၿပီး အင္အားေတာင့္ေတာင့္ေလး ျဖစ္ေအာင္လုပ္သြားဖို႔ပါ၊ ဂီတနဲ႔ပတ္သက္ၿပီး ေတးေရးအပိုင္း၊ ေတးဆိုအပိုင္း၊ စက္မႈအပိုင္း၊ အတီးပိုင္း၊ ေခြထုတ္ဖူးသူလည္း ေခြထုတ္ဖူးသူ၊ ေခြမထုတ္ဖူးေသးသူလည္း ပါ၀င္ႏိုင္ေအာင္ တက္ေရာက္ ေလ့လာၿပီးေတာ့မွ ပါ၀င္ႏိုင္ရန္အတြက္ ေလွ်ာက္လႊာေတြေပးမွာပါ၊ မည္သူမဆို လာေရာက္ ေလ့လာႏိုင္ပါတယ္၊ ပါ၀င္သူေတြအေနနဲ႔လည္း ေလွ်ာက္လႊာ ျဖည့္လို႔ရပါမယ္၊ ေလွ်ာက္လႊာေတြကို ဗဟိုကို ေပးပို႔သြားမွာပါ"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ဂီတအစည္းအရံုး ဥကၠဌ ဦးစိုင္းလြိဳင္ခမ္းက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။
အဆိုပါ အခမ္းအနားအား ၂၀၁၈ခုႏွစ္ ႏို၀င္ဘာလ(၂၆)ရက္ေန႔ ညေန(၃)နာရီအခ်ိန္တြင္ တာခ်ီလိတ္ၿမိဳ႕၊ ၿမိဳ႕နယ္ေဘာလံုးကြင္းအနီးရွိ (၂၉)ဘတ္ စားေသာက္ဆိုင္၌ က်င္းပျပဳလုပ္မည္ျဖစ္ေၾကာင္း သိရသည္။
ျမန္မာႏုိင္ငံဂီတအစည္းအ႐ံုး(ဗဟုိ)က တာခ်ီလိတ္သို႔ လာေရာက္၍ တာခ်ီလိတ္ၿမဳိ႕နယ္ဂီတ အစည္းအ႐ံုးအား ၂၀၁၅ခုႏွစ္ ဇြန္လ(၁၄)ရက္ေန႔က ဖဲြ႕စည္း တာ၀န္ေပးအပ္ပဲြခဲ့ၿပီးေနာက္ တာခ်ီလိတ္ၿမိဳ႕နယ္ဂီတ အစည္းအရံုး အလုပ္အမႈေဆာင္မ်ားတြင္ ဥကၠဌ အျဖစ္ ဦးစိုင္းလြယ္ခမ္း၊ ဒုတိယ ဥကၠဌ အျဖစ္ ဦးထြန္းေအာင္၊ အတြင္းေရးမွဴးအျဖစ္ ဦးစိန္လြင္၊ တြဲဖက္အတြင္းေရးမွဴးအျဖစ္ ဦးအိုက္ခမ္း၊ စည္းရံုးေရးမွဴး အျဖစ္ ဦးစိုင္းထြန္းေအး၊ ျပန္ၾကားေရးမွဴးအျဖစ္ ဦးစိုင္းခမ္းလူ ႏွင့္ ဘ႑ာေရးမွဴးအျဖစ္ ေဒၚနန္းခမ္းႏြဲ႕အျပင္ အဖြဲ႔၀င္မ်ားအျဖစ္ ဦးစိုင္းရွဲန္း၀န္း၊ ဦးစိုင္းမ်ဳိးေနာင္၊ ဦး၀င္းျမင့္ ႏွင့္ ေဒၚနန္းေဆာင္ႏြန္းတို႔ ပါ၀င္ခဲ့ၾကေၾကာင္း သိရသည္။
Tachileik News Agency
နိုဝင်ဘာလ(၂၆)ရက်နေ့တွင် ပြုလုပ်မည့် အခမ်းအနားသို့ တာချီလိတ်မြို့နယ်အတွင်းမှ ဂီတပညာရှင်များ၊ တေးသံရှင်များ၊ တေးရေးဆရာများ၊ သီချင်းခွေထုတ်ထားပြီးသူများ နှင့် သီချင်းခွေ မထုတ်ထားသေးသူများ အပါအဝင် ဂီတကို ဝါသနာပါသူများ စသည်ဖြင့် ဂီတနှင့် ပတ်သက်သူများ မည်သူမဆို တက်ရောက် လေ့လာနိုင်ပြီး အဖွဲ့ဝင်အဖြစ်လည်း လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။
"အခုတော့ ရန်ကုန်လိုမျိုးလုပ်ဖို့အတွက် အလွှာ(၆)လွှာ ပါဝင်ပြီး အင်အားတောင့်တောင့်လေး ဖြစ်အောင်လုပ်သွားဖို့ပါ၊ ဂီတနဲ့ပတ်သက်ပြီး တေးရေးအပိုင်း၊ တေးဆိုအပိုင်း၊ စက်မှုအပိုင်း၊ အတီးပိုင်း၊ ခွေထုတ်ဖူးသူလည်း ခွေထုတ်ဖူးသူ၊ ခွေမထုတ်ဖူးသေးသူလည်း ပါဝင်နိုင်အောင် တက်ရောက် လေ့လာပြီးတော့မှ ပါဝင်နိုင်ရန်အတွက် လျှောက်လွှာတွေပေးမှာပါ၊ မည်သူမဆို လာရောက် လေ့လာနိုင်ပါတယ်၊ ပါဝင်သူတွေအနေနဲ့လည်း လျှောက်လွှာ ဖြည့်လို့ရပါမယ်၊ လျှောက်လွှာတွေကို ဗဟိုကို ပေးပို့သွားမှာပါ"ဟု တာချီလိတ်မြို့နယ်ဂီတအစည်းအရုံး ဥက္ကဌ ဦးစိုင်းလွိုင်ခမ်းက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။
အဆိုပါ အခမ်းအနားအား ၂၀၁၈ခုနှစ် နိုဝင်ဘာလ(၂၆)ရက်နေ့ ညနေ(၃)နာရီအချိန်တွင် တာချီလိတ်မြို့၊ မြို့နယ်ဘောလုံးကွင်းအနီးရှိ (၂၉)ဘတ် စားသောက်ဆိုင်၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)က တာချီလိတ်သို့ လာရောက်၍ တာချီလိတ်မြို့နယ်ဂီတ အစည်းအရုံးအား ၂၀၁၅ခုနှစ် ဇွန်လ(၁၄)ရက်နေ့က ဖွဲ့စည်း တာဝန်ပေးအပ်ပွဲခဲ့ပြီးနောက် တာချီလိတ်မြို့နယ်ဂီတအစည်းအရုံး အလုပ်အမှုဆောင်များတွင် ဥက္ကဌ အဖြစ် ဦးစိုင်းလွယ်ခမ်း၊ ဒုတိယ ဥက္ကဌ အဖြစ် ဦးထွန်းအောင်၊ အတွင်းရေးမှူးအဖြစ် ဦးစိန်လွင်၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ဦးအိုက်ခမ်း၊ စည်းရုံးရေးမှူး အဖြစ် ဦးစိုင်းထွန်းအေး၊ ပြန်ကြားရေးမှူးအဖြစ် ဦးစိုင်းခမ်းလူ နှင့် ဘဏ္ဍာရေးမှူးအဖြစ် ဒေါ်နန်းခမ်းနွဲ့အပြင် အဖွဲ့ဝင်များအဖြစ် ဦးစိုင်းရှဲန်းဝန်း၊ ဦးစိုင်းမျိုးနောင်၊ ဦးဝင်းမြင့် နှင့် ဒေါ်နန်းဆောင်နွန်းတို့ ပါဝင်ခဲ့ကြကြောင်း သိရသည်။
Tachileik News Agency