ႏိုင္ငံေတာ္သမၼတရံုးဝန္ႀကီးဌာန၏ ဒုဝန္ႀကီး ဦးမင္းသူကို ျပည္ေထာင္စုအစိုးရအဖြဲ႔ရံုးဝန္ႀကီးအျဖစ္ အမည္စာရင္းတင္သြင္း

ႏိုင္ငံေတာ္သမၼတရံုးဝန္ႀကီးဌာန၏ ဒုဝန္ႀကီး ဦးမင္းသူကို ျပည္ေထာင္စုအစိုးရအဖြဲ႔ရံုးဝန္ႀကီးအျဖစ္ အမည္စာရင္းတင္သြင္း
နိုဝင်ဘာ 26, 2018
By 🌸
လစ္လပ္ေနသည့္ ျပည္ေထာင္စုအစိုးရအဖြဲ႕ရံုးဝန္ႀကီးအျဖစ္ ႏိုင္ငံေတာ္သမၼတရံုးဝန္ႀကီးဌာန၏ ဒုတိယဝန္ႀကီး ဦးမင္းသူကိုခန္႔အပ္ရန္ ျပည္ေထာင္စု လႊတ္ေတာ္သို႔ ႏိုင္ငံေတာ္သမၼတက အမည္စာရင္း တင္သြင္းထားမႈႏွင့္စပ္လ်ဥ္း၍ ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလ(၂၉)ရက္ေန႔တြင္ ေဆြးေႏြးၾကမည္ျဖစ္သည္။

ဒုတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္ ဒသမပုံမွန္အစည္းအေဝး စတုတၳေန႔အျဖစ္က်င္းပသည့္ ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလ (၂၆)ရက္ေန႔အစည္းအေဝးတြင္ လစ္လပ္ေနသည့္ ျပည္ေထာင္စုအစိုးရအဖြဲ႕ရံုး ဝန္ႀကီးအျဖစ္ ဦးမင္းသူကိုခန္႔အပ္ရန္ ႏိုင္ငံေတာ္သမၼတက အမည္စာရင္းတင္သြင္းထားျခင္းျဖစ္သည္။

ႏုိင္ငံတကာက ေပးအပ္သည့္အကူအညီမ်ားကို ထိေရာက္စြာႀကီးၾကပ္ေဆာင္ရြက္ရန္ႏွင့္ ျပည္တြင္း၊ ျပည္ပ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ထိေရာက္စြာျမႇင့္တင္ရန္ (၂၅) ခုေျမာက္ဝန္ႀကီးဌာနအသစ္အျဖစ္ ဖြဲ႕စည္းလိုက္သည့္ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏုိင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန၌ ျပည္ေထာင္စုဝန္ႀကီးအျဖစ္ ျပည္ေထာင္စုအစိုးရအဖြဲ႕႐ံုးဝန္ႀကီး ဦးေသာင္းထြန္းကို ေျပာင္းလဲခန္႔အပ္ထားျခင္းကိုလည္း ျပည္ေထာင္စုလႊတ္ေတာ္ ဒသမပုံမွန္အစည္းအေဝး စတုတၳေန႔တြင္ လႊတ္ေတာ္က မွတ္တမ္းတင္လုိက္သည္။

Tachileik News Agency

~~~~~~~~⊰❂ unicode ~~~~~~~~
နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၏ ဒုဝန်ကြီး ဦးမင်းသူကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်း
************
လစ်လပ်နေသည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးအဖြစ် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး ဦးမင်းသူကိုခန့်အပ်ရန် ပြည်ထောင်စု လွှတ်တော်သို့ နိုင်ငံတော်သမ္မတက အမည်စာရင်း တင်သွင်းထားမှုနှင့်စပ်လျဉ်း၍ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ(၂၉)ရက်နေ့တွင် ဆွေးနွေးကြမည်ဖြစ်သည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေး စတုတ္ထနေ့အဖြစ်ကျင်းပသည့် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၂၆)ရက်နေ့အစည်းအဝေးတွင် လစ်လပ်နေသည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးအဖြစ် ဦးမင်းသူကိုခန့်အပ်ရန် နိုင်ငံတော်သမ္မတက အမည်စာရင်းတင်သွင်းထားခြင်းဖြစ်သည်။

နိုင်ငံတကာက ပေးအပ်သည့်အကူအညီများကို ထိရောက်စွာကြီးကြပ်ဆောင်ရွက်ရန်နှင့် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ထိရောက်စွာမြှင့်တင်ရန် (၂၅) ခုမြောက်ဝန်ကြီးဌာနအသစ်အဖြစ် ဖွဲ့စည်းလိုက်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ ပြည်ထောင်စုဝန်ကြီးအဖြစ် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးသောင်းထွန်းကို ပြောင်းလဲခန့်အပ်ထားခြင်းကိုလည်း ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် လွှတ်တော်က မှတ်တမ်းတင်လိုက်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~