ဓနုတိုင်းရင်းသားများ၏ ဓနုအမျိုးသားနေ့ ပွဲတော်အခမ်းအနား ပထမဆုံးအကြိမ်အဖြစ် ရွာငံမြို့တွင် ဒီဇင်ဘာလ(၁၃)ရက်နေ့ စတင်မည်

ဓနုတိုင်းရင်းသားများ၏ ဓနုအမျိုးသားနေ့ ပွဲတော်အခမ်းအနား ပထမဆုံးအကြိမ်အဖြစ် ရွာငံမြို့တွင် ဒီဇင်ဘာလ(၁၃)ရက်နေ့ စတင်မည်
ဒီဇငျဘာ 6, 2018
By Tachileik News Agency

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့တွင် ပထမဆုံးအကြိမ်အဖြစ် ဓနုအမျိုးသားနေ့ ပွဲတော်အခမ်းအနားအား ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၁၃)ရက်နေ့တွင် စတင်ကာ ဒီဇင်ဘာလ (၁၅)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဓနုတိုင်းရင်းသားရိုးရာပြိုင်ပွဲများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။


ရပ်ဝေးမှ လာရောက်မည့် သူများအနေဖြင့် ပွဲတော်ကာလအတွင်း နေထိုင်ရန် အခက်အခဲရှိပါက ပွဲကျင်းပရေး အဖွဲ့များမှ နီးစပ်ရာ ဘုန်းကြီးကျောင်းများတွင် နေရာထိုင်ခင်း စီစဉ်ပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါပွဲအား ရွာငံမြို့ ရွှေပွင့်လင်းကွင်းပြင်၌ ကျင်းပမည် ဖြစ်ပြီး ပြိုင်ပွဲများ အနေဖြင့် ဓနုတိုင်းရင်းသား ရိုးရာ အကပြိုင်ပွဲ၊ ဓနုအိုးစည်တီးပြိုင်ပွဲ၊ ဓနုသိုင်းအလှကပြိုင်ပွဲ၊ ဓနုအစားအစာချက်ပြုတ်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း၊ မီနီမာရသွန်၊ လွန်ဆွဲပြိုင်ပွဲ နှင့် ချောတိုင်တက်ပြိုင်ပွဲများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ပြပွဲများ အနေဖြင့် ဓနုရိုးရာယဉ်ကျေးမှုပြပွဲ၊ ဓနုဒေသထွက် ကုန်စည်များ ပြခန်း၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ပြသမိတ်ဆက်ခြင်း၊ ဓနုအစားအစာပြုပွဲ တို့လည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။


Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့တွင် ပထမဆုံးအကြိမ်အဖြစ် ဓနုအမျိုးသားနေ့ အခမ်းအနားအား ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၁၃)ရက်နေ့တွင် စတင်ကာ ဒီဇင်ဘာလ(၁၅)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဓနုတိုင်းရင်းသားရိုးရာပြိုင်ပွဲများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

"(၁၃)ရက်နဲ့ (၁၄)ရက်နေ့တွေမှာ ပြိုင်ပွဲတွေရှိတယ်၊ ဓနုရိုးရာ အစားအစာ ချက်ပြုတ်ပြိုင်ပွဲတွေ၊ ချောတိုင်တက်တာတွေ၊ အက၊ အတီး၊ သိုင်းပြိုင်ပွဲတွေ ပါ ပါတယ်၊ ဒီပွဲကို တက်ရောက်မည့် လူဦးရေ တစ်သောင်းကျော် ခန့်မှန်းထားပါတယ်၊ (၁၅)ရက်နေ့မှာတော့ အခမ်းအနားနဲ့အတူ ဆုပေးပွဲတွေ ပြုလုပ်မှာပါ"ဟု ဓနုတိုင်းရင်းသားလူငယ်တစ်ဦးဖြစ်သည့် ကိုစိုင်းလူခေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရပေ်ဝးမှ လာရောက်မည့် သူများအနဖြေင့် ပွဲတော်ကာလအတွင်း နေထိုင်ရန် အခက်အခဲရှိပါက ပွဲကျင်းပရေး အဖွဲ့များမှ နီးစပ်ရာ ဘုန်းကြီးကျောင်းများတွင် နေရာထိုင်ခင်း စီစဉ်ပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါပွဲအား ရွာငံမြို့ ရွှေပွင့်လင်းကွင်းပြင်၌ ကျင်းပမည် ဖြစ်ပြီး ပြိုင်ပွဲများ အနဖြေင့် ဓနုတိုင်းရင်းသား ရိုးရာ အကပြိုင်ပွဲ၊ ဓနုအိုးစည်တီးပြိုင်ပွဲ၊ ဓနုသိုင်းအလှကပြိုင်ပွဲ၊ ဓနုအစားအစာချက်ပြုတ်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း၊ မီနီမာရသွန်၊ လွန်ဆွဲပြိုင်ပွဲ နှင့် ချောတိုင်တက်ပြိုင်ပွဲများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ပြပွဲများ အနဖြေင့် ဓနုရိုးရာယဉ်ကျေးမှုပြပွဲ၊ ဓနုဒေသထွက် ကုန်စည်များ ပြခန်း၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ပြသမိတ်ဆက်ခြင်း၊ ဓနုအစားအစာပြုပွဲ တို့လည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပွဲတော် အခမ်းအနားအား ဓနုတိုင်းရင်းသားများ အချင်းချင်း စည်းလုံးညီညွှတ်ရန်၊ ရိုးရာ ဓလေ့စရိုက်များကို ထိန်းသိမ်းတတ်စေရန်၊ အမျိုးသားရေး စရိုက်လက္ခဏာများ တိုးတက်လာရန်တို့အတွက် ကျင်းပခြင်းဖြစ်ရာ ဓနုတိုင်းရင်းသားတို့၏ ရိုးရာဝတ်စုံများ ဝတ်ဆင်၍ ပွဲတော်အား ပါဝင် တက်ရောက်ကြရန်ကိုလည်း တိုက်တွန်း ထားသည်ကို တွေ့ရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~