ထုိင္းႏုိင္ငံတြင္း ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသားမ်ားကို ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕သို႔ လႊဲေျပာင္းေပးေနရာ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလအတြင္း (၆)ႀကိမ္ေျမာက္လႊဲေျပာင္းမႈအျဖစ္ ဒီဇင္ဘာလ (၁၂)ရက္ေန႔ ေန႔လယ္(၁)နာရီတြင္ အမ်ိဳးသား (၂)ဦးကို လႊဲေျပာင္းေပးလာေၾကာင္း သိရသည္။
အဆိုပါ ျမန္မာႏုိင္ငံသား အမ်ိဳးသား(၂)ဦးကို ထုိင္းႏုိင္ငံတာဝန္ရိွသူမ်ားက ျမန္မာ - ထုိင္း ခ်စ္ၾကည္ေရး တံတားအမွတ္(၂) တာခ်ီလိတ္ဘက္ျခမ္းသို႔ လာေရာက္လႊဲေျပာင္းေပးခဲ့ၿပီး ဒီဇင္ဘာလအတြင္း လႊဲေျပာင္းေပးလာသည့္ ျမန္မာႏိုင္ငံသားဦးေရစုစုေပါင္းမွာ အမ်ိဳးသား (၃၁)ဦးႏွင့္ အမ်ိဳးသမီး (၉)ဦးပါဝင္ေၾကာင္း သိရသည္။
လႊဲေျပာင္းလာသည့္ျမန္မာႏုိင္ငံသားမ်ားအား အလုပ္သမား လူ၀င္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆုိင္ရာ ဦးစီးဌာန၊ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ၿမိဳ႕နယ္အလုပ္သမား ညႊန္ၾကားမႈဦးစီးဌာန၊ လူကုန္ကူးမွဳတုိက္ဖ်က္ေရးရဲတပ္ဖြဲ႕ႏွင့္ ထုိင္းႏုိင္ငံမယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညွိႏွိဳင္းေရးေကာ္မတီ (CNCMC ) တို႔က စိစစ္လက္ခံၾကေၾကာင္း သိရသည္။
တာခ်ီလိတ္ၿမိဳ႕သို႔ ထုိင္းႏုိင္ငံမွ လႊဲေျပာင္းေပးလာသည့္ ျမန္မာႏုိင္ငံသားဦးေရမွာ ၂၀၁၈ ခုႏွစ္အတြင္း ဇန္နဝါရီလ (၁)ရက္ေန႔မွ ဒီဇင္ဘာလ (၁၂)ရက္ေန႔အထိ အမ်ိဳးသား (၇၇၇) ဦး၊ အမ်ိဳးသမီး (၃၃၉)ဦး၊ ကေလး (၃၆)ဦး စုစုေပါင္း (၁၁၅၂)ဦးႏွင့္ သီလရွင္ (၂)ပါးတို႔ျဖစ္ေၾကာင္း သိရသည္။
ထိုင္းႏိုင္ငံတြင္း တရားမဝင္သြားေရာက္ျခင္း၊ နယ္ေျမေက်ာ္လြန္သြားလာျခင္း၊ ရက္ေက်ာ္ေနထုိင္ျခင္း မ်ားေၾကာင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏိုင္ငံသားမ်ားကို ထုိင္းႏုိင္ငံက ျမန္မာဘက္သို႔ ျပန္လည္ လႊဲေျပာင္းေပးၿပီး ျမန္မာႏုိင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္သည့္ ထိုင္းႏုိင္ငံသားမ်ားအေနျဖင့္ အျခားျပစ္မႈမ်ား က်ဴးလြန္ျခင္းမရိွပါက ျပည္ႏွင္ဒဏ္ျဖင့္ ျမန္မာဘက္က ထိုင္းႏုိင္ငံသို႔ ျပန္လႊဲ ေပးေလ့ရိွေၾကာင္း သိရသည္။
Tachileik News Agency
ဓါတ္ပံု -CNCMC
အဆိုပါ မြန်မာနိုင်ငံသား အမျိုးသား(၂)ဦးကို ထိုင်းနိုင်ငံတာဝန်ရှိသူများက မြန်မာ - ထိုင်း ချစ်ကြည်ရေး တံတားအမှတ်(၂) တာချီလိတ်ဘက်ခြမ်းသို့ လာရောက်လွှဲပြောင်းပေးခဲ့ပြီး ဒီဇင်ဘာလအတွင်း လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသားဦးရေစုစုပေါင်းမှာ အမျိုးသား (၃၁)ဦးနှင့် အမျိုးသမီး (၉)ဦးပါဝင်ကြောင်း သိရသည်။
လွှဲပြောင်းလာသည့်မြန်မာနိုင်ငံသားများအား အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC ) တို့က စိစစ်လက်ခံကြကြောင်း သိရသည်။
တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံမှ လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသားဦးရေမှာ ၂၀၁၈ ခုနှစ်အတွင်း ဇန်နဝါရီလ (၁)ရက်နေ့မှ ဒီဇင်ဘာလ (၁၂)ရက်နေ့အထိ အမျိုးသား (၇၇၇) ဦး၊ အမျိုးသမီး (၃၃၉)ဦး၊ ကလေး (၃၆)ဦး စုစုပေါင်း (၁၁၅၂)ဦးနှင့် သီလရှင် (၂)ပါးတို့ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင်း တရားမဝင်သွားရောက်ခြင်း၊ နယ်မြေကျော်လွန်သွားလာခြင်း၊ ရက်ကျော်နေထိုင်ခြင်း များကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံက မြန်မာဘက်သို့ ပြန်လည် လွှဲပြောင်းပေးပြီး မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်သည့် ထိုင်းနိုင်ငံသားများအနဖြေင့် အခြားပြစ်မှုများ ကျူးလွန်ခြင်းမရှိပါက ပြည်နှင်ဒဏ်ဖြင့် မြန်မာဘက်က ထိုင်းနိုင်ငံသို့ ပြန်လွှဲ ပေးလေ့ရှိကြောင်း သိရသည်။
Tachileik News Agency
ဓာတ်ပုံ -CNCMC