ထိုင္းႏိုင္ငံ မဟာခ်ိဳင္တြင္ Data Collection Center ဖြင့္လွစ္ရန္ စီစဥ္ေန

ထိုင္းႏိုင္ငံ မဟာခ်ိဳင္တြင္ Data Collection Center ဖြင့္လွစ္ရန္ စီစဥ္ေန
ဒီဇင်ဘာ 12, 2018
By Tachileik News Agency
ထိုင္းႏိုင္ငံ၊ စမုစခြန္ခရိုင္၊ မဟာခ်ိဳင္တြင္ ျမန္မာႏိုင္ငံသားမ်ားအတြက္ ႏုိင္ငံကူးလက္မွတ္ သက္တမ္းတိုး ေလွ်ာက္ထားျခင္းမ်ားကို လုပ္ေဆာင္ေပးသြားေတာ့မည္ ျဖစ္ေၾကာင္း ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၁၂) ရက္ေန႔တြင္ ထုိင္းနုိင္ငံရိွ အလုပ္သမားသံအရာရွိရံုးက ထုတ္ျပန္လိုက္သည္။

ထုိင္းႏုိင္ငံရိွ ျမန္မာလုပ္သားမ်ားအနက္ ၂၀၁၂ - ၂၀၁၃ ခုနွစ္တြင္ ထုတ္ေပးခဲ့ေသာ ယာယီနိုင္ငံကူး လက္မွတ္ ( ခရမ္းေရာင္ပတ္စ္ပို႔ )မ်ား၊ CI စာအုပ္မ်ားမွ ပတ္စ္ပို႔အႀကီး ေျပာင္းလဲေလွွ်ာက္ထားလိုသူမ်ား၊ MOU စနစ္ျဖင့္ လာေရာက္ၿပီး (၄) နွစ္ျပည့္၍  စာအုပ္အသစ္ ထပ္မံသက္တမ္းတိုး ေလွ်ာက္ထားျခင္း လုပ္ငန္းမ်ားကို ျပဳလုပ္ေပးႏိုင္ရန္ Data Collection Center ဖြင့္လွစ္ေပးႏိုင္ေရး နွစ္နိုင္ငံ ညိႇႏိႈင္းေဆာင္ရြက္လွ်က္ရိွရာ ထိုင္းႏုိင္ငံဘက္မွ သေဘာတူညီမႈအခ်ိဳ႕ရထားၿပီးျဖစ္ေၾကာင္း သိရသည္။

Data Collection Center ဖြင့္လွစ္ၿပီးပါက ၂၀၁၃ ခုနွစ္၌ ထုတ္ေပးထားသည့္ ခရမ္းေရာင္စာအုပ္ျဖင့္ ထိုင္းနိုင္ငံအတြင္း တရား၀င္ေနထိုင္ အလုပ္လုပ္ကိုင္ခြင့္ရရွိထားသူမ်ား သက္တမ္းတိုးရန္၊ PJ စာအုပ္ အႀကီး ထပ္မံထုတ္ယူရန္၊ အလုပ္လုပ္ကိုင္ခြင့္သက္တမ္းတိုးရန္ႏွင့္  ၂၀၁၇ ခုနွစ္မွ ၂၀၁၈ ခုနွစ္ အထိ ထုတ္ေပးခဲ့ေသာ CI စာအုပ္မ်ားအား PJ စာအုပ္အႀကီး ေလွ်ာက္ထားျခင္းတို႔ကို ပထမပိုင္းအေနျဖင့္ လုပ္ေဆာင္ႏုိင္မည္ ျဖစ္ေၾကာင္း သိရသည္။

ယင္းေနာက္ ၂၀၁၅ ခုနွစ္မွစ၍ MOU စနစ္ျဖင့္လာေရာက္ၿပီး (၄) နွစ္ျပည့္၍ MOU စနစ္ျဖင့္ ဆက္လက္ အလုပ္လုပ္ကိုင္ၾကမည့္သူမ်ားအေနျဖင့္ စာအုပ္သက္တမ္းတိုးရန္ႏွင့္ စာခ်ဳပ္ျပန္ခ်ဳပ္ရန္အတြက္  Data Collection Center တြင္ Passport ႀကိဳတင္ေလွ်ာက္ထားျခင္းမ်ား လုပ္ေဆာင္ႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

နိုင္ငံသားစိစစ္ျခင္းေအာင္ျမင္သူမ်ားမွာ ပတ္စပို႔စာအုပ္ထုတ္ယူရန္ စာအုပ္ဖိုးေငြ (၁,၀၅၀)ဘတ္နွင့္ 7-Eleven ဆိုင္မ်ားတြင္ ၀န္ေဆာင္ခ (၁၀) ဘတ္ စုစုေပါင္း(၁,၀၆၀)ဘတ္အား Data Collection Center မွ ေပးသည့္ DEO စလစ္အားျပသ၍ ေပးသြင္းရမည္ျဖစ္ၿပီး ေငြလက္ခံရရွိသည့္ စလစ္နွင့္ Data Collection Center တြင္ Passport အားထုတ္ယူ ရမည္ျဖစ္ၿပီး ထိုင္းနိုင္ငံအတြင္း ေနထိုင္ခြင့္၊ အလုပ္ လုပ္ကိုင္ခြင့္ အတြက္ စာအုပ္အသစ္တြင္ တာ၀န္ခံ ရဲမွဴးႀကီးက Observation လက္မွတ္ေရးထိုးေပး၍ ၎စာမ်က္နွာနွင့္ ယခင္စာအုပ္ အေဟာင္းအားျပ၍ Data Collection Center တြင္ One Stop Service ျဖင့္လည္းေကာင္း၊ ေနထိုင္ရာ ၿမိဳ႕နယ္ခရိုင္မ်ားရွိ သက္ဆိုင္ရာဌာနမ်ားတြင္ လည္းေကာင္း ဆက္လက္ ေဆာင္ရြက္ရမည္ ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~


ထိုင်းနိုင်ငံ၊ စမုစခွန်ခရိုင်၊ မဟာချိုင်တွင် မြန်မာနိုင်ငံသားများအတွက် နိုင်ငံကူးလက်မှတ် သက်တမ်းတိုး လျှောက်ထားခြင်းများကို လုပ်ဆောင်ပေးသွားတော့မည် ဖြစ်ကြောင်း ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်နေ့တွင် ထိုင်းနိုင်ငံရှိ အလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်လိုက်သည်။

ထိုင်းနိုင်ငံရှိ မြန်မာလုပ်သားများအနက် ၂၀၁၂ - ၂၀၁၃ ခုနှစ်တွင် ထုတ်ပေးခဲ့သော ယာယီနိုင်ငံကူး လက်မှတ် ( ခရမ်းရောင်ပတ်စ်ပို့ )များ၊ CI စာအုပ်များမှ ပတ်စ်ပို့အကြီး ပြောင်းလဲလျှောက်ထားလိုသူများ၊ MOU စနစ်ဖြင့် လာရောက်ပြီး (၄) နှစ်ပြည့်၍ စာအုပ်အသစ် ထပ်မံသက်တမ်းတိုး လျှောက်ထားခြင်း လုပ်ငန်းများကို ပြုလုပ်ပေးနိုင်ရန် Data Collection Center ဖွင့်လှစ်ပေးနိုင်ရေး နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်လျှက်ရှိရာ ထိုင်းနိုင်ငံဘက်မှ သဘောတူညီမှုအချို့ရထားပြီးဖြစ်ကြောင်း သိရသည်။

Data Collection Center ဖွင့်လှစ်ပြီးပါက ၂၀၁၃ ခုနှစ်၌ ထုတ်ပေးထားသည့် ခရမ်းရောင်စာအုပ်ဖြင့် ထိုင်းနိုင်ငံအတွင်း တရားဝင်နေထိုင် အလုပ်လုပ်ကိုင်ခွင့်ရရှိထားသူများ သက်တမ်းတိုးရန်၊ PJ စာအုပ် အကြီး ထပ်မံထုတ်ယူရန်၊ အလုပ်လုပ်ကိုင်ခွင့်သက်တမ်းတိုးရန်နှင့် ၂၀၁၇ ခုနှစ်မှ ၂၀၁၈ ခုနှစ် အထိ ထုတ်ပေးခဲ့သော CI စာအုပ်များအား PJ စာအုပ်အကြီး လျှောက်ထားခြင်းတို့ကို ပထမပိုင်းအနဖြေင့် လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း သိရသည်။

ယင်းနောက် ၂၀၁၅ ခုနှစ်မှစ၍ MOU စနစ်ဖြင့်လာရောက်ပြီး (၄) နှစ်ပြည့်၍ MOU စနစ်ဖြင့် ဆက်လက် အလုပ်လုပ်ကိုင်ကြမည့်သူများအနဖြေင့် စာအုပ်သက်တမ်းတိုးရန်နှင့် စာချုပ်ပြန်ချုပ်ရန်အတွက် Data Collection Center တွင် Passport ကြိုတင်လျှောက်ထားခြင်းများ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံသားစိစစ်ခြင်းအောင်မြင်သူများမှာ ပတ်စပို့စာအုပ်ထုတ်ယူရန် စာအုပ်ဖိုးငွေ (၁,ဝ၅၀)ဘတ်နှင့် 7-Eleven ဆိုင်များတွင် ဝန်ဆောင်ခ (၁၀) ဘတ် စုစုပေါင်း(၁,ဝ၆၀)ဘတ်အား Data Collection Center မှ ပေးသည့် DEO စလစ်အားပြသ၍ ပေးသွင်းရမည်ဖြစ်ပြီး ငွေလက်ခံရရှိသည့် စလစ်နှင့် Data Collection Center တွင် Passport အားထုတ်ယူ ရမည်ဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်၊ အလုပ် လုပ်ကိုင်ခွင့် အတွက် စာအုပ်အသစ်တွင် တာဝန်ခံ ရဲမှူးကြီးက Observation လက်မှတ်ရေးထိုးပေး၍၎င်းစာမျက်နှာနှင့် ယခင်စာအုပ် အဟောင်းအားပြ၍ Data Collection Center တွင် One Stop Service ဖြင့်လည်းကောင်း၊ နေထိုင်ရာ မြို့နယ်ခရိုင်များရှိ သက်ဆိုင်ရာဌာနများတွင် လည်းကောင်း ဆက်လက် ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~