တာချီလိတ်မြို့နယ်အတွင်းရှိ မြန်မာ - ထိုင်းနယ်စပ် နယ်နိမိတ်မှတ်တိုင်များအား နှစ်နိုင်ငံတာဝန်ရှိသူများမှ ပူးပေါင်းကာ ကွင်းဆင်းစစ်ဆေး

တာချီလိတ်မြို့နယ်အတွင်းရှိ မြန်မာ - ထိုင်းနယ်စပ် နယ်နိမိတ်မှတ်တိုင်များအား နှစ်နိုင်ငံတာဝန်ရှိသူများမှ ပူးပေါင်းကာ ကွင်းဆင်းစစ်ဆေး
ဒီဇငျဘာ 19, 2018
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်အတွင်း မြန်မာ - ထိုင်းနယ်စပ်ရှိ မယ်ဆိုင် - မယ်ဟောက်ချောင်း ပုံသေနယ်နိမိတ်ပူးတွဲ တိုင်းတာရေးအဖွဲ့ Joint Working Group (JWG )လုပ်ငန်း ညှိနှိုင်းအစည်းအဝေးအား ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ မဲခေါင်ဒယ်တာဟိုတယ်တွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ(၁၈)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြီး နယ်နိမိတ်မှတ်တိုင်များ ကွင်းဆင်း စစ်ဆေးကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် မြန်မာနိုင်ငံမှ ကြေးတိုင်နှင့်မြေတိုင်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိန်မင်း၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် ၊ မြေတိုင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇေယျာထွေးနှင့် မြေတိုင်းအဖွဲ့ဝင်များ၊ ရေတပ်ပင်မ တိုင်းတာရေးတပ်မှ ဗိုလ်မှူးရဲထွန်းဦး၊ ကက ကြည်းမှ ဗိုလ်ကြီးအောင်ဝေလင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းအောင်နှင့် မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးမင်းအောင်တို့ တက်ရောက်ကြပြီး ထိုင်းနိုင်ငံဖက်မှ မယ်ဆိုင်- မယ်ဟောက်ချောင်း ပုံသေနယ်နိမိတ် တိုင်းတာရေးအဖွဲ့ဝင် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

Tachileik News Agency



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်အတွင်း မြန်မာ - ထိုင်းနယ်စပ်ရှိ မယ်ဆိုင် - မယ်ဟောက်ချောင်း ပုံသေနယ်နိမိတ်ပူးတွဲ တိုင်းတာရေးအဖွဲ့ Joint Working Group (JWG )လုပ်ငန်း ညှိနှိုင်းအစည်းအေဝးအား ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ မဲခေါင်ဒယ်တာဟိုတယ်တွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ(၁၈)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြီး နယ်နိမိတ်မှတ်တိုင်များ ကွင်းဆင်း စစ်ဆေးကြောင်း သိရသည်။

နှစ်နိုင်ငံတာဝန်ရှိသူများက မယ်ဆိုင် - မယ်ဟောက်ချောင်း ပုံသေနယ်နိမိတ်ရှိ နယ်နိမိတ်မှတ်တိုင်များအား တိုင်းတာပြုပြင်တည်ဆောက်ခြင်း လုပ်ငန်းများအတွက် အသေးစိတ် နည်းပညာဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး နယ်နိမိတ်မှတ်တိုင်များအား ကွင်းဆင်း ပူးတွဲစစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အစည်းအေဝးတွင် မြန်မာနိုင်ငံမှ ကြေးတိုင်နှင့်မြေတိုင်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိန်မင်း၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ မြေတိုင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇေယျာထွေးနှင့် မြေတိုင်းအဖွဲ့ဝင်များ၊ ရေတပ်ပင်မ တိုင်းတာရေးတပ်မှ ဗိုလ်မှူးရဲထွန်းဦး၊ ကက ကြည်းမှ ဗိုလ်ကြီးအောငေ်ဝလင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းအောင်နှင့် မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးမင်းအောင်တို့ တက်ရောက်ကြပြီး ထိုင်းနိုင်ငံဖက်မှ မယ်ဆိုင်- မယ်ဟောက်ချောင်း ပုံသေနယ်နိမိတ် တိုင်းတာရေးအဖွဲ့ဝင် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ဦးထွန်း(မယ်ဆိုင်)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~