ကျိုင်းတုံမြို့တွင် ပင်စင်ထုတ်ယူသူ များပြားသဖြင့် ပင်စင်ထုတ်ယူရန် နံနက်(၄)နာရီကတည်းက တန်းစီစောင့်ဆိုင်းနေရ၍ အဆင်မပြေမှုများ ဖြစ်နေ
ကျိုင်းတုံမြို့တွင် ပင်စင်ထုတ်ယူသူ များပြားသဖြင့် ပင်စင်ထုတ်ယူရန် နံနက်(၄)နာရီကတည်းက တန်းစီစောင့်ဆိုင်းနေရ၍ အဆင်မပြေမှုများ ဖြစ်နေ
ဒီဇငျဘာ 21, 2018
By Tachileik News Agency
ပင်စင်လစာများကို လစဉ် (၂၁)ရက်နေ့ နောက်ပိုင်းမှစ၍ ရုံးဖွင့်ရက်များအတွင်း မြန်မာ့စီးပွားရေး ဘဏ်များတွင် ထုတ်ယူနိုင်ကြောင်း ကြေငြာထားသော်လည်း ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ပင်စင်စား အများစုမှာ ပင်စင်စတင်ထုတ်ယူနိုင်သည့် (၂၁)ရက်နေ့တွင် ထုတ်ယူမှုများပြားပြီး အဆင်မပြေမှုများ ဖြစ်နေကြောင်း သိရသည်။
ကျိုင်းတုံမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၁)ရက်နေ့ နံနက် (၄)နာရီကတည်းက ပင်စင်ထုတ်ယူရန် စတင်တန်းစီ စောင့်ဆိုင်းနေခဲ့ကြခြင်းဖြစ်ပြီး ဘဏ်ဝန်ထမ်းများက နံနက် (၇)နာရီခွဲ ဝန်းကျင်တွင် ပင်စင်လစာများ စတင်ထုတ်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
ပင်စင်များကို လစဉ် (၂၁)ရက်နေ့မှစ၍ ဘဏ်ဖွင့်ရက်များတွင် ထုတ်ယူနိုင်ပြီး ကိုယ်စားထုတ်ယူနိုင်ရန်၊ အဆင်ပြေသည့်ဘဏ်ခွဲများသို့ ပြောင်းရွှေ့ထုတ်ယူနိုင်ရန်၊ ငွေစုဘဏ်စာရင်း/ စာရင်းရှင်စာရင်းသို့ လစဉ်ထည့် သွင်းပေးရန်၊ E-Pension စမတ်ကဒ် (Smart Card)များဖြင့် ထုတ်ယူနိုင်ရန် စီစဉ်ပေးထားသော်လည်း ပင်စင်စားအများစုမှာ ပင်စင်လစာထုတ်မည့်ရက်ကို စောင့်ဆိုင်း ထုတ်ယူရသူ အများစုဖြစ်သဖြင့် အဆင်မပြေဖြစ်နေခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency
ဓါတ်ပုံ - wunna soe(FB)
~~~~~~~~⊰❂ unicode ~~~~~~~~
ပင်စင်လစာများကို လစဉ် (၂၁)ရက်နေ့ နောက်ပိုင်းမှစ၍ ရုံးဖွင့်ရက်များအတွင်း မြန်မာ့စီးပွားရေး ဘဏ်များတွင် ထုတ်ယူနိုင်ကြောင်း ကြငြောထားသော်လည်း ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ပင်စင်စား အများစုမှာ ပင်စင်စတင်ထုတ်ယူနိုင်သည့် (၂၁)ရက်နေ့တွင် ထုတ်ယူမှုများပြားပြီး အဆင်မပြေမှုများ ဖြစ်နေကြောင်း သိရသည်။
"ကျွန်တော်လည်း ပင်စင်စားတွေ ဘယ်လောက် အခက်အခဲဖြစ်နေလဲ ကိုယ်တိုင်သိအောင် မနက်က ပင်စင်သွားထပ်တယ်။ မနက်(၄)နာရီခွဲကတည်းက ဘဏ်နောက်ဖေးပေါက်ကနေ ဝင်ရတယ်။ အဲဒီအချိန်မှာကို ရှေ့မှာ စာအုပ်က (၁၀)အုပ်ကျော်လောက်ရှိနပြေီ။ အဲဒီမှာ စာအုပ်ထပ်ပြီး လေးနာရီ၊ ငါးနာရီလောက် စောင့်တော့ မရသေးတာနဲ့ အပြင်ခဏထွက်တယ်။ ပြန်လာတော့ နံပါတ်ခေါ်တဲ့ အချိန်မရှိလို့ ခေါ်ပြီးသွားပြီလို့ပြောတယ်။ ဝန်ထမ်းက အဘိုးကြီးခင်ဗျား နောက်သွားတော့။ ခင်ဗျားခေါ်တုန်းက ဘယ်သွားနေလဲဆိုပြီး ဆောင့်ကြီးအောင့်ကြီး ပြောတယ်။ ကျွန်တော်တို့ နိုင်ငံ့ဝန်ထမ်း ပင်စင်စားဆိုတာ သူတို့ဝန်ထမ်းတွေလိုပဲ နှစ်ပေါင်း (၃၀)၊ (၄၀)လုပ်လာခဲ့ကြသူတွေပါ။ တနည်းအားဖြင့် နိုင်ငံ့ဝန်ထမ်းခဲ့ကြပြီး ဘဝနေဝင်ချိန်ရောက်နကြေသူတွေပါ။ နွေးနွေးထွေးထွေး ဆက်ဆံသင့်တာပေါ့”ဟု ကျိုင်းတုံမြန်မာ့စီးပွားရေးဘဏ်တွင် ဒီဇင်ဘာလ (၂၁)ရက်နေ့က ပင်စင်လစာသွားထုတ်ခဲ့သည့် ကျိုင်းတုံမြို့မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဝဏ္ဏစိုးက တာချီလိတ်သတင်း အေဂျင်စီသို့ ၂၀၁၈ခုနှစ် ဒီဇင်ဘာလ(၂၁)ရက်နေ့တွင် ပြောသည်။
ကျိုင်းတုံမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၁)ရက်နေ့ နံနက် (၄)နာရီကတည်းက ပင်စင်ထုတ်ယူရန် စတင်တန်းစီ စောင့်ဆိုင်းနေခဲ့ကြခြင်းဖြစ်ပြီး ဘဏ်ဝန်ထမ်းများက နံနက် (၇)နာရီခွဲ ဝန်းကျင်တွင် ပင်စင်လစာများ စတင်ထုတ်ပေးနခြေင်းဖြစ်ကြောင်း သိရသည်။
“ပင်စင်လစာကို (၂၁)ရက်နေ့ တစ်ရက်ထဲမဟုတ်ဘဲ နောက်နေ့တွေမှာလည်း ထုတ်လို့ရတယ်ဆိုတာ ပင်စင်လာထုတ်တဲ့ဝန်ထမ်းတွေကို မသိတာလည်းရှိတယ်။ တစ်ချို့လည်း အသုံးလိုတော့ ကြားထဲမှာ စနေ၊ တနင်္ဂေနွခံမှာနဲ့ လာထုတ်တာလို့ပြောတယ်။ နောက် ဟိုကဒ်တွေ ဒီကဒ်တွေထဲ ထည့်တယ်ဆိုတာ ဒီပင်စင်စားအဖိုးကြီး၊ အဖွားကြီးတွေက နည်းပညာနဲ့ မရင်းနှီးဘူး။ မသိကြဘူးလေ။ ဒီမနက်ဆို တော်တော်ချမ်းတယ်။ အကုန်လုံး မနက်စောစောကြီး ငုတ်တုတ်လေးတွေ ထိုင်စောင့်နေရတယ်။ လှေကားတွေမှာ ထိုင်သူကထိုင်၊ အခုနေ့လယ်အထိ လမ်းဘေးမှာ တန်းစီလို့ မြင်ရတာကို သနားစရာ ဖြစ်နေတယ်။ အနည်းဆုံးတော့ ဘဏ်မှာ အဆင်ပြေပြေ ထုတ်လို့ရအောင် စီစဉ်ပေးသင့်တယ်ဆိုတာ ဘဏ်က တာဝန်ရှိသူကိုလည်း ကျွန်တော် ပြောခဲ့ပါတယ်။ မနက်ကဆို ကျွန်တော်ပြန်လာတဲ့အထိ စာအုပ်ထပ်ထားတာ (၂၀၀)လောက်ရှိတယ်”ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဝဏ္ဏစိုးက ပြောသည်။
ပင်စင်များကို လစဉ် (၂၁)ရက်နေ့မှစ၍ ဘဏ်ဖွင့်ရက်များတွင် ထုတ်ယူနိုင်ပြီး ကိုယ်စားထုတ်ယူနိုင်ရန်၊ အဆင်ပြေသည့်ဘဏ်ခွဲများသို့ ပြောင်းရွှေ့ထုတ်ယူနိုင်ရန်၊ ငွေစုဘဏ်စာရင်း/ စာရင်းရှင်စာရင်းသို့ လစဉ်ထည့် သွင်းပေးရန်၊ E-Pension စမတ်ကဒ် (Smart Card)များဖြင့် ထုတ်ယူနိုင်ရန် စီစဉ်ပေးထားသော်လည်း ပင်စင်စားအများစုမှာ ပင်စင်လစာထုတ်မည့်ရက်ကို စောင့်ဆိုင်း ထုတ်ယူရသူ အများစုဖြစ်သဖြင့် အဆင်မပြဖြေစ်နခြေင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency
ဓာတ်ပုံ - wunna soe(FB)
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~