တာခ်ီလိတ္ၿမိဳ႕တြင္ တစ္ေန႔အတြင္း ယာဥ္မေတာ္တဆမႈ (၃)မႈျဖစ္ပြားၿပီး လူငယ္ (၁)ဦးေသ၊ (၂)ဦး ဒဏ္ရာျပင္းထန္

တာခ်ီလိတ္ၿမိဳ႕တြင္ တစ္ေန႔အတြင္း ယာဥ္မေတာ္တဆမႈ (၃)မႈျဖစ္ပြားၿပီး လူငယ္ (၁)ဦးေသ၊ (၂)ဦး ဒဏ္ရာျပင္းထန္
ဒီဇင်ဘာ 22, 2018
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၂၂)ရက္ေန႔တြင္ တစ္ရက္တည္း ယာဥ္မေတာ္တဆမႈ(၃)ခု ျဖစ္ပြားၿပီး လူငယ္(၂)ဦး ဒဏ္ရာျပင္းထန္စြာရသြားကာ လူငယ္(၁)ဦး ေသဆံုးသြားေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းဖုန္း ( ခ )ေက်းရြာအုပ္စု၊ ပါခုတ္ေက်းရြာအဝင္တြင္ ကားႏွင့္ ဆိုင္ကယ္တိုက္မိၿပီး ဆုိင္ကယ္ေမာင္းႏွင္လာသည့္ အသက္(၁၆)ႏွစ္အရြယ္လူငယ္မွာ ဒဏ္ရာအျပင္းအထန္ရသြားကာ ေဆးရံုတင္ပို႔စဥ္ ေသဆံုးသြားျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ယာဥ္တုိက္မႈမွ ေမာ္ေတာ္ယာဥ္ေမာင္းႏွင္သူအား သက္ဆုိင္ရာရဲတပ္ဖြဲ႕က လိုအပ္သည့္ စံုစမ္းစစ္ေဆးမႈမ်ား ေဆာင္ရြက္ေနေၾကာင္း သိရသည္။

 ညေန ( ၄ ) နာရီဝန္းက်င္ကလည္း တာခ်ီလိတ္ၿမိဳ႕အထြက္ သစ္လြင္မိုးဆီပန္႔အနီးတြင္ ကားႏွင့္ ဆိုင္ကယ္ တိုက္မိသျဖင့္ ဆိုင္ကယ္ေမာင္းႏွင္သည့္ လူငယ္(၂)ဦးမွာ ေျခလက္မ်ားက်ိဳးသြားၿပီး ဒဏ္ရာ အျပင္းအထန္ရသြားကာ တာခ်ီလိတ္ျပည္သူ႔ေဆးရုံမွတစ္ဆင့္ မယ္ဆုိင္ၿမိဳ႕ဘက္တြင္ သြားေရာက္၍ ေဆးကုသမႈခံယူေနရေၾကာင္း သိရသည္။

အဆိုပါ ယာဥ္တုိက္မႈႏွင့္ပတ္သက္၍ ည(၉)နာရီအခ်ိန္ထိ အမႈဖြင့္လွစ္ျခင္း မရိွေသးေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕၊ ပါလွ်ံမီးပိြဳင့္အနီးတြင္ နံနက္(၄)နာရီခြဲဝန္းက်င္က ဆိုင္ကယ္တစ္စီးက ေခြးကို ေရွာင္လုိက္ရင္း လဲသြားသျဖင့္ ဆုိင္ကယ္ေမာင္းသူမွာ ဒဏ္ရာအနည္းငယ္ရသြားေၾကာင္း သိရသည္။

အဆိုပါယာဥ္တုိက္မႈမ်ားမွ ဒဏ္ရာရသူမ်ားကို တာခ်ီလိတ္နာေရးကူညီမႈအသင္းက ကူညီသယ္ေဆာင္ၿပီး ေဆးရံုပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၂)ရက်နေ့တွင် တစ်ရက်တည်း ယာဉ်မတော်တဆမှု(၃)ခု ဖြစ်ပွားပြီး လူငယ်(၂)ဦး ဒဏ်ရာပြင်းထန်စွာရသွားကာ လူငယ်(၁)ဦး သေဆုံးသွားကြောင်း သိရသည်။

တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း ( ခ )ကျေးရွာအုပ်စု၊ ပါခုတ်ကျေးရွာအဝင်တွင် ကားနှင့် ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်လာသည့် အသက်(၁၆)နှစ်အရွယ်လူငယ်မှာ ဒဏ်ရာအပြင်းအထန်ရသွားကာ ဆေးရုံတင်ပို့စဉ် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုမှ မော်တော်ယာဉ်မောင်းနှင်သူအား သက်ဆိုင်ရာရဲတပ်ဖွဲ့က လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရသည်။

 ညနေ ( ၄ ) နာရီဝန်းကျင်ကလည်း တာချီလိတ်မြို့အထွက် သစ်လွင်မိုးဆီပန့်အနီးတွင် ကားနှင့် ဆိုင်ကယ် တိုက်မိသဖြင့် ဆိုင်ကယ်မောင်းနှင်သည့် လူငယ်(၂)ဦးမှာ ခြေလက်များကျိုးသွားပြီး ဒဏ်ရာ အပြင်းအထန်ရသွားကာ တာချီလိတ်ပြည်သူ့ဆေးရုံမှတစ်ဆင့် မယ်ဆိုင်မြို့ဘက်တွင် သွားရောက်၍ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုနှင့်ပတ်သက်၍ ည(၉)နာရီအချိန်ထိ အမှုဖွင့်လှစ်ခြင်း မရှိသေးကြောင်း သိရသည်။

တာချီလိတ်မြို့၊ ပါလျှံမီးပွိုင့်အနီးတွင် နံနက်(၄)နာရီခွဲဝန်းကျင်က ဆိုင်ကယ်တစ်စီးက ခွေးကို ရှောင်လိုက်ရင်း လဲသွားသဖြင့် ဆိုင်ကယ်မောင်းသူမှာ ဒဏ်ရာအနည်းငယ်ရသွားကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုများမှ ဒဏ်ရာရသူများကို တာချီလိတ်နာရေးကူညီမှုအသင်းက ကူညီသယ်ဆောင်ပြီး ဆေးရုံပို့ဆောင်ပေးထားကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~